ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ဒီေန႔ ျဖစ္ပ်က္တာေတြက မနက္ျဖန္ေတြမွာ အမွတ္တရေတြအျဖစ္ ေျပာင္းသြားသလို အခ်ိန္တစ္ခု ျဖတ္သန္းလိုက္ရင္ေတာ့ သမိုင္းျဖစ္သြားမွာပါ
ဒီေန႔ ျဖစ္ပ်က္တာေတြက မနက္ျဖန္ေတြမွာ အမွတ္တရေတြအျဖစ္ ေျပာင္းသြားသလို အခ်ိန္တစ္ခု ျဖတ္သန္းလိုက္ရင္ေတာ့ သမိုင္းျဖစ္သြားမွာပါ

တစ္သက္မွာ တစ္ခါ ျပဳလုပ္က်တဲ့ လက္ထပ္မဂၤလာပြဲေလးကို အလွဆံုး အမွတ္တရေတြ အေနနဲ႔ ျပန္ၾကည့္တဲ့အခ်ိန္တိုင္း ၾကည္ႏူးျခင္းေတြကို ခံစားႏိုင္ဖို႔အတြက္ ေရွာင္ရွားရမယ့္ အခ်က္မ်ားကို ေျပာျပေပးခ်င္ပါတယ္။

ဒီေန႔ ျဖစ္ပ်က္တာေတြက မနက္ျဖန္ေတြမွာ အမွတ္တရေတြအျဖစ္ ေျပာင္းသြားသ လို အခ်ိန္တစ္ခု ျဖတ္သန္းလိုက္ရင္ေတာ့ သမိုင္းျဖစ္သြားမွာပါ။ မဂၤလာပြဲတုန္းက အမွတ္တရေလးေတြက သမိုင္းျဖစ္သြားတဲ့အထိ ၾကည္ႏူးႏုိင္ဖို႔အတြက္ကေတာ့ မဂၤလာပြဲပံုေတြမွာ အလွဆံုး ျဖစ္ေနေအာင္ ေရွာင္ရွားရမယ့္အရာမ်ားကို Marry ကေန ေဝမွ်ေပးလိုက္ရပါတယ္။

ကင္မရာသမားကို အေကာင္းဆံုး ေရြးခ်ယ္ပါ

ပံုေကာင္းတစ္ပံုထြက္ဖို႔အတြက္ကေတာ့ ကင္မရာသမားေကာင္းေကာင္းျဖစ္ဖို႔က လိုအပ္ပါတယ္။ ကင္မရာသမားရဲ႕ ရႈေဒါင့္ေရြးတတ္ရင္ ေရြးတတ္သေလာက္ ပံုေကာင္းေကာင္းကို ရရွိႏိုင္မွာပါ။

ကိုယ္နဲ႔သိတဲ့သူကိုပဲ ကင္မရာေပးၿပီး ရိုက္ခို္င္းလိုက္တာမ်ိဳး၊ ေစ်းေပါေပါ ကင္မရာသမားကို လက္ရာမၾကည့္ဘဲ ေရြးလိုက္တာမ်ိဳးကို လံုးဝ ေရွာင္ရမွာပါ။ ပံုေကာင္းထြက္တဲ့ကင္မရာသမားေတြကေတာ့ ေစ်းႀကီးတာမ်ားပါတယ္။ ပံုေကာင္းရဖို႔ အတြက္ကေတာ့ တန္ဖိုး သိပ္မတြက္ပါနဲ႔ေနာ္။ မဂၤလာပြဲပံုေလးေတြ က တစ္ခါသံုး မဟုတ္တဲ့အတြက္ ကင္မရာသမားကို အေကာင္းဆံုး ေရြးခ်ယ္လိုက္ပါေနာ္။

မဂၤလာပံုေတြကို အလွဆံုး ျဖစ္ေစဖို႔အတြက္ကေတာ့ ေနာက္ခံကိုလည္း ေသခ်ာေရြးခ်ယ္ေပးရမွာပါ။ အခ်ိန္ေတြကို ကြက္တိ စီစဥ္ထားတာမ်ိဳးကို ေရွာင္ပါေနာ္

မဂၤလာပြဲပံုေတြ အလွဆံုးရခ်င္တယ္ဆိုရင္ေတာ့ ကင္မရာသမားေကာင္းရံုနဲ႔ မရႏုိင္ပါဘူး။ ပံုရိုက္ဖို႔ အခ်ိန္လည္း လိုအပ္ပါေသးတယ္။ မဂၤလာပြဲအတြက္ ၾကာျမင့္မယ့္အခ်ိန္ေတြမွာမွ ၁ နာရီေလာက္ ပိုယူလိုက္ပါ။

တကယ္လို႔ ဧည့္ခံခ်ိန္က ၃ နာရီၾကာမယ္ဆိုရင္ ခန္းမဌါးတာကို ၄ နာရီစာ ဌါးလိုက္ပါ။ ဒါမွ မဂၤလာပြဲ အျပင္အဆင္ေတြၾကားမွာ အလွဆံုး လွေနမယ့္ မဂၤလာေမာင္ႏွံေတြရဲ႕ မဂၤလာပံုေလးေတြကို အခ်ိန္ေပး ရိုက္ယူထားႏုိင္မွာပါ။

ေလာေလာျပာျပာနဲ႔ ရိုက္လိုက္ရတဲ့ပံုကေတာ့ အေကာင္းဆံုး ျဖစ္မွာ မဟုတ္ႏိုင္လို႔ပါ။ အခ်ိန္ကို ပိုယူထားဖို႔ အေရးႀကီးပါတယ္။ အခ်ိန္ေတြကို ကြက္တိ စီစဥ္ထားတာမ်ိဳးကို ေရွာင္ပါေနာ္။

ၾကံဳတဲ့ေနရာမွာ ရိုက္ကူးတာမ်ိဳးကို ေရွာင္ပါ

ေနာက္ခံအလွဆိုတာကလည္း အေရးႀကီးတဲ့အထဲ ပါဝင္ပါတယ္။ ၾကံဳတဲ့ေနရာမွာ ရိုက္ကူးလိုက္တာမ်ိဳးကိုေတာ့ Snapshot ေတြအတြက္ပဲ ေကာင္းပါတယ္။ အမွတ္တရ ျဖစ္ေစတယ္ဆိုေပမယ့္ မဂၤလာပံုေတြကို အလွဆံုး ျဖစ္ေစဖို႔အတြက္ကေတာ့ ေနာက္ခံကိုလည္း ေသခ်ာေရြးခ်ယ္ေပးရမွာပါ။

အဖက္ဖက္က အေကာင္းဆံုးေတြ ျပင္ဆင္ၿပီး ရိုက္ကူးမွသာ ျပန္ၾကည့္တဲ့အခ်ိန္တိုင္း ျပံဳးေပ်ာ္ေစႏိုင္မယ့္မဂၤလာပြဲပံုေလးေတြကို ဖန္တီးႏိုင္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #


ဒီနေ့ ဖြစ်ပျက်တာတွေက မနက်ဖြန်တွေမှာ အမှတ်တရတွေအဖြစ် ပြောင်းသွားသလို အချိန်တစ်ခု ဖြတ်သန်းလိုက်ရင်တော့ သမိုင်းဖြစ်သွားမှာပါ
ဒီနေ့ ဖြစ်ပျက်တာတွေက မနက်ဖြန်တွေမှာ အမှတ်တရတွေအဖြစ် ပြောင်းသွားသလို အချိန်တစ်ခု ဖြတ်သန်းလိုက်ရင်တော့ သမိုင်းဖြစ်သွားမှာပါ

တစ်သက်မှာ တစ်ခါ ပြုလုပ်ကျတဲ့ လက်ထပ်မင်္ဂလာပွဲလေးကို အလှဆုံး အမှတ်တရတွေ အနေနဲ့ ပြန်ကြည့်တဲ့အချိန်တိုင်း ကြည်နူးခြင်းတွေကို ခံစားနိုင်ဖို့အတွက် ရှောင်ရှားရမယ့် အချက်များကို ပြောပြပေးချင်ပါတယ်။

ဒီနေ့ ဖြစ်ပျက်တာတွေက မနက်ဖြန်တွေမှာ အမှတ်တရတွေအဖြစ် ပြောင်းသွားသ လို အချိန်တစ်ခု ဖြတ်သန်းလိုက်ရင်တော့ သမိုင်းဖြစ်သွားမှာပါ။ မင်္ဂလာပွဲတုန်းက အမှတ်တရလေးတွေက သမိုင်းဖြစ်သွားတဲ့အထိ ကြည်နူးနိုင်ဖို့အတွက်ကတော့ မင်္ဂလာပွဲပုံတွေမှာ အလှဆုံး ဖြစ်နေအောင် ရှောင်ရှားရမယ့်အရာများကို Marry ကနေ ဝေမျှပေးလိုက်ရပါတယ်။

ကင်မရာသမားကို အကောင်းဆုံး ရွေးချယ်ပါ

ပုံကောင်းတစ်ပုံထွက်ဖို့အတွက်ကတော့ ကင်မရာသမားကောင်းကောင်းဖြစ်ဖို့က လိုအပ်ပါတယ်။ ကင်မရာသမားရဲ့ ရှုဒေါင့်ရွေးတတ်ရင် ရွေးတတ်သလောက် ပုံကောင်းကောင်းကို ရရှိနိုင်မှာပါ။

ကိုယ်နဲ့သိတဲ့သူကိုပဲ ကင်မရာပေးပြီး ရိုက်ခိုင်းလိုက်တာမျိုး၊ ဈေးပေါပေါ ကင်မရာသမားကို လက်ရာမကြည့်ဘဲ ရွေးလိုက်တာမျိုးကို လုံးဝ ရှောင်ရမှာပါ။ ပုံကောင်းထွက်တဲ့ကင်မရာသမားတွေကတော့ ဈေးကြီးတာများပါတယ်။ ပုံကောင်းရဖို့ အတွက်ကတော့ တန်ဖိုး သိပ်မတွက်ပါနဲ့နော်။ မင်္ဂလာပွဲပုံလေးတွေ က တစ်ခါသုံး မဟုတ်တဲ့အတွက် ကင်မရာသမားကို အကောင်းဆုံး ရွေးချယ်လိုက်ပါနော်။

မင်္ဂလာပုံတွေကို အလှဆုံး ဖြစ်စေဖို့အတွက်ကတော့ နောက်ခံကိုလည်း သေချာရွေးချယ်ပေးရမှာပါ။ အချိန်တွေကို ကွက်တိ စီစဉ်ထားတာမျိုးကို ရှောင်ပါနော်

မင်္ဂလာပွဲပုံတွေ အလှဆုံးရချင်တယ်ဆိုရင်တော့ ကင်မရာသမားကောင်းရုံနဲ့ မရနိုင်ပါဘူး။ ပုံရိုက်ဖို့ အချိန်လည်း လိုအပ်ပါသေးတယ်။ မင်္ဂလာပွဲအတွက် ကြာမြင့်မယ့်အချိန်တွေမှာမှ ၁ နာရီလောက် ပိုယူလိုက်ပါ။

တကယ်လို့ ဧည့်ခံချိန်က ၃ နာရီကြာမယ်ဆိုရင် ခန်းမဌါးတာကို ၄ နာရီစာ ဌါးလိုက်ပါ။ ဒါမှ မင်္ဂလာပွဲ အပြင်အဆင်တွေကြားမှာ အလှဆုံး လှနေမယ့် မင်္ဂလာမောင်နှံတွေရဲ့ မင်္ဂလာပုံလေးတွေကို အချိန်ပေး ရိုက်ယူထားနိုင်မှာပါ။

လောလောပြာပြာနဲ့ ရိုက်လိုက်ရတဲ့ပုံကတော့ အကောင်းဆုံး ဖြစ်မှာ မဟုတ်နိုင်လို့ပါ။ အချိန်ကို ပိုယူထားဖို့ အရေးကြီးပါတယ်။ အချိန်တွေကို ကွက်တိ စီစဉ်ထားတာမျိုးကို ရှောင်ပါနော်။

ကြုံတဲ့နေရာမှာ ရိုက်ကူးတာမျိုးကို ရှောင်ပါ

နောက်ခံအလှဆိုတာကလည်း အရေးကြီးတဲ့အထဲ ပါဝင်ပါတယ်။ ကြုံတဲ့နေရာမှာ ရိုက်ကူးလိုက်တာမျိုးကိုတော့ Snapshot တွေအတွက်ပဲ ကောင်းပါတယ်။ အမှတ်တရ ဖြစ်စေတယ်ဆိုပေမယ့် မင်္ဂလာပုံတွေကို အလှဆုံး ဖြစ်စေဖို့အတွက်ကတော့ နောက်ခံကိုလည်း သေချာရွေးချယ်ပေးရမှာပါ။

အဖက်ဖက်က အကောင်းဆုံးတွေ ပြင်ဆင်ပြီး ရိုက်ကူးမှသာ ပြန်ကြည့်တဲ့အချိန်တိုင်း ပြုံးပျော်စေနိုင်မယ့်မင်္ဂလာပွဲပုံလေးတွေကို ဖန်တီးနိုင်မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top