iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Wai Yan

#Unicode Version# ဖြင့်ဖတ်ပါ ။

ချစ်ပရိတ်သတ်ကြီးရေ ဒိတ်ဒိတ်ကြဲ ရုပ်ရှင်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးဟာ ဘယ်လောက်ချစ်ဖို့ကောင်းပြီး ဘယ်လောက်တောင်အောင်မြင်နေလဲဆိုတာကို အထွေအထူးပြောနေစရာမလိုပါဘူးနော်။ သူမဟာပရိတ်သတ်တွေရဲ့ အချစ်တော်လေး တစ်ယောက်လည်းဖြစ်ပြီး အကယ်ဒမီဆုတွေကို လည်းထိုက်ထိုက်တန်တန်ပိုင်ဆိုင်ထားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

အချစ်အမုန်း အလွမ်း ဘယ်လို ဇာတ်ရုပ်မျိုးကိုမဆို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းဆကင်တိုက်ရိုက်ကူးနေရသူလေးလည်းဖြစ်ပါတယ်နော်။ မကြာခင်ကမှ ရုံတင်ရက်တွေဆက်နေခဲ့ပြီး သူမပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးဟာ ဝင်ငွေစံချိန်ချိုးခဲ့တဲ့အပြင် အကယ်ဒမီ ဇကာတင်စာရင်းမှာလည်းပါဝင်နေခဲ့ပါတယ်နော်။

သူမဟာ လတ်တလောမှာလည်း အနုပညာအလုပ်တွေနဲ့ မအားမလပ် ဖြစ်နေရတဲ့ ကြားထဲကနေ ပွဲလေးတွေတက်ဖြစ်နေပါတယ်နော်။ အခုတစ်ခါမှာလည်း SAMSUNG New Galaxy S10 S10plusမိတ်ဆက်ပွဲနဲ့ Galaxy seriesဆယ်နှစ်ပြည့်ပွဲမှာ အမိုက်စားဖက်ရှင်နဲ့ ပွတြက်လာခဲ့ပါတယ်နော်။ ဆန်းသစ်တဲ့ ဖက်ရှင်နဲပ ပွဲတက်လာခဲ့တဲ့ သူမကြောင့် အခြားတက်ရောက်လာခဲ့တဲ့ ပွဲတက်ပရိတ်သတ်တွေလည်း လည်ပြန်ငေးခဲ့ကြရပါတယ်နော်။ကဲ… သူမ အမိုက်စားဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Wai Yan
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top