20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာ့ေဘာလုံးကုိ ကမၻာ့ဖလားျပဳိင္ပြဲအထိ ဝင္ျပဳိင္ခြင့္ရေအာင္ ၾကဳိးပမ္းေပးခဲ့ၿပီး ေဘာလုံးပရိသတ္ေတြရဲ႕ အားေပးခ်င္းကိုလည္း အျပည့္အဝ အားေပးေထာက္ခံကုိ ရ႐ွိထားခဲ့တဲ့ ျမန္မာ့လက္ေရြးစင္ ေဘာလုံးကစားသမားေဟာင္း ေက်ာ္မင္းဦးကေတာ့ လက္႐ွိအခ်ိန္မွာ ဒဏ္ရာေၾကာင့္ ေဘာလုံးကစားျခင္းကုိ ရပ္လုိက္ရၿပီျဖစ္ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာေတာ့ ေက်ာ္မင္းဦးက ေအာင္သူနဲ႔ပတ္သက္ၿပီး ႐ွိခဲ့တဲ့ အမွတ္တရေတြကုိ ေျပာျပခဲ့ပါတယ္။

ေက်ာ္မင္းဦးက “ေအာင္သူရဲ႕ မဂၤလာသတင္းက မသိဘူး အတူတူေနတဲ့ အခ်ိန္အတြင္းေတာ့။ သူကဒုိင္လွ်ိဳ သူက သိပ္စကားမေျပာေတာ့ ကြၽန္ေတာ္က ဘယ္ရိပ္မိမလဲ။ သူသေဘာက်လုိ႔ သူယူတာပဲ သေဘာတူတာေပါ့။ သူက လုံးဝမ႐ႈပ္ဘူး သူ႔ဘာသူပဲေနတာ တစ္ခါမွ ႐ႈပ္တယ္လုိ႔ မၾကားဖူးဘူး အခုတစ္ခါပဲ။ တစ္ခါမွ မေတြ႔ဖူးဘူး အျပင္မွာလည္း မေတြ႔ဖူးဘူး။ ရည္းစားလည္း မထားဖူးဘူး လုံးဝ ဘာမွကုိမေျပာတာ လူေအးႀကီးသူက သူ႔ကို ကြၽန္ေတာ္တုိ႔ စကားသြားေျပာမွ သူကျပန္ေျပာတာ။ သူက အရင္စၿပီးေတာ့ စကားေျပာခဲတယ္။ တစ္ခါတစ္ေလ ေဘာလုံးကန္တဲ့အခ်ိန္လုိမွပဲ ေျပာတယ္။ အဲ့ေလာက္ပဲ အျပင္မိန္းကေလး ကိစၥကေတာ့ ေတာ္ေတာ္႐ွင္းတယ္သူက။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေအာင္သူရဲ႕ မဂၤလာပြဲကုိေရာ တက္ျဖစ္မွာလားလုိ႔ ေမးျမန္းရာ”သူဖိတ္ရင္ေတာ့ သြားရမွာေပါ့ သူငယ္ခ်င္းအရင္းႀကီး။”လုိ႔ေျပာသြားခဲ့ပါတယ္။ ဆက္လက္ၿပီး ကုိယ္တုိင္ကေရာ တစ္ေယာက္ထဲပဲလား ရန္ကုန္မွာ ခ်စ္သူေတြ ဘာေတြ ႐ွိလားလုိ႔ ေမးျမန္းရာ “တစ္ေယာက္တည္းပဲဗ်။ ရန္ကုန္မွာမ႐ွိဘူး ၾကာၿပီမထားတာ ၃ႏွစ္ေလာက္႐ွိၿပီ။ ေျခေထာက္စျဖစ္ကတည္းက မထားတာ စိတ္ညစ္လုိ႔ဆုိၿပီးေတာ့ ႐ွိတဲ့ ေကာင္မေလးနဲ႔လည္း ျပတ္တယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ကုိယ့္ဇာတိက လူကုိပဲ ျပန္႐ွာမွာလားလုိ႔ ေမးျမန္းလုိက္ရာမွာ” မသိေသးဘူးေလ ဖူးစာက ဘယ္လုိလာမလဲဆုိတာ ကြၽန္ေတာ္က ဒီအလုပ္ထဲမွာပဲ ႐ွိတာဆုိေတာ့ ဒီလယ္ထဲက ေကာက္႐ုိးေတြနဲ႔ပဲ ရမလားမသိဘူး။ အျပင္ကုိမထြက္ရဘူး ဒီအထဲမွာပဲ ဒီစက္ကုိပဲ ၾကည့္လုိက္ ကားသမားေတြကုိ နည္းနည္းပါးပါး ေျပာလုိက္ အဲ့ေလာက္ပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေအာင္သူနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြကုိ ေက်ာ္မင္းဦးက “အမွတ္ရစရာက ေအာင္သူနဲ႔ကြၽန္ေတာ္နဲ႔က ဟုိးသုဝဏၰကြင္းမွာ ေနတုန္းက ေျပာမယ္ဆုိရင္ အိမ္သာေတာင္မွ တက္စရာမ႐ွိဘူး။ ဘုန္းႀကီးေက်ာင္းမွာ သြားတက္ရတယ္။ အဲ့လုိမ်ိဳးေတြမွာ Training ကျပန္လာတယ္ ေရခ်ဳိးခန္းထဲမွာေဆာ့ ေဆာ့ၿပီး ညခင္းေတြဆုိ သန္းေခါင္ေက်ာ္ေတြဘာေတြက်ရင္ ကုိယ္က ထမင္းဆာေတာ့ေလ ထမင္းထြက္စား သုဝဏၰလမ္းဆုံမွာေလ။ ေလွ်ာက္သြားတယ္ သူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားတယ္ အဲ့တုန္းကဆုိရင္။ ေပ်ာ္စရာေကာင္းပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
မြန်မာ့ဘောလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဝင်ပြိုင်ခွင့်ရအောင် ကြိုးပမ်းပေးခဲ့ပြီး ဘောလုံးပရိသတ်တွေရဲ့ အားပေးချင်းကိုလည်း အပြည့်အဝ အားပေးထောက်ခံကို ရရှိထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ကျော်မင်းဦးကတော့ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ဘောလုံးကစားခြင်းကို ရပ်လိုက်ရပြီဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ ကျော်မင်းဦးက အောင်သူနဲ့ပတ်သက်ပြီး ရှိခဲ့တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။

ကျော်မင်းဦးက “အောင်သူရဲ့ မင်္ဂလာသတင်းက မသိဘူး အတူတူနေတဲ့ အချိန်အတွင်းတော့။ သူကဒိုင်လျှို သူက သိပ်စကားမပြောတော့ ကျွန်တော်က ဘယ်ရိပ်မိမလဲ။ သူသဘောကျလို့ သူယူတာပဲ သဘောတူတာပေါ့။ သူက လုံးဝမရှုပ်ဘူး သူ့ဘာသူပဲနေတာ တစ်ခါမှ ရှုပ်တယ်လို့ မကြားဖူးဘူး အခုတစ်ခါပဲ။ တစ်ခါမှ မတွေ့ဖူးဘူး အပြင်မှာလည်း မတွေ့ဖူးဘူး။ ရည်းစားလည်း မထားဖူးဘူး လုံးဝ ဘာမှကိုမပြောတာ လူအေးကြီးသူက သူ့ကို ကျွန်တော်တို့ စကားသွားပြောမှ သူကပြန်ပြောတာ။ သူက အရင်စပြီးတော့ စကားပြောခဲတယ်။ တစ်ခါတစ်လေ ဘောလုံးကန်တဲ့အချိန်လိုမှပဲ ပြောတယ်။ အဲ့လောက်ပဲ အပြင်မိန်းကလေး ကိစ္စကတော့ တော်တော်ရှင်းတယ်သူက။”လို့ ပြောသွားခဲ့ပါတယ်။

အောင်သူရဲ့ မင်္ဂလာပွဲကိုရော တက်ဖြစ်မှာလားလို့ မေးမြန်းရာ”သူဖိတ်ရင်တော့ သွားရမှာပေါ့ သူငယ်ချင်းအရင်းကြီး။”လို့ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီး ကိုယ်တိုင်ကရော တစ်ယောက်ထဲပဲလား ရန်ကုန်မှာ ချစ်သူတွေ ဘာတွေ ရှိလားလို့ မေးမြန်းရာ “တစ်ယောက်တည်းပဲဗျ။ ရန်ကုန်မှာမရှိဘူး ကြာပြီမထားတာ ၃နှစ်လောက်ရှိပြီ။ ခြေထောက်စဖြစ်ကတည်းက မထားတာ စိတ်ညစ်လို့ဆိုပြီးတော့ ရှိတဲ့ ကောင်မလေးနဲ့လည်း ပြတ်တယ်။”လို့ပြောသွားခဲ့ပါတယ်။

ကိုယ့်ဇာတိက လူကိုပဲ ပြန်ရှာမှာလားလို့ မေးမြန်းလိုက်ရာမှာ” မသိသေးဘူးလေ ဖူးစာက ဘယ်လိုလာမလဲဆိုတာ ကျွန်တော်က ဒီအလုပ်ထဲမှာပဲ ရှိတာဆိုတော့ ဒီလယ်ထဲက ကောက်ရိုးတွေနဲ့ပဲ ရမလားမသိဘူး။ အပြင်ကိုမထွက်ရဘူး ဒီအထဲမှာပဲ ဒီစက်ကိုပဲ ကြည့်လိုက် ကားသမားတွေကို နည်းနည်းပါးပါး ပြောလိုက် အဲ့လောက်ပဲ။”လို့ ပြောသွားခဲ့ပါတယ်။

အောင်သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ကျော်မင်းဦးက “အမှတ်ရစရာက အောင်သူနဲ့ကျွန်တော်နဲ့က ဟိုးသုဝဏ္ဏကွင်းမှာ နေတုန်းက ပြောမယ်ဆိုရင် အိမ်သာတောင်မှ တက်စရာမရှိဘူး။ ဘုန်းကြီးကျောင်းမှာ သွားတက်ရတယ်။ အဲ့လိုမျိုးတွေမှာ Training ကပြန်လာတယ် ရေချိုးခန်းထဲမှာဆော့ ဆော့ပြီး ညခင်းတွေဆို သန်းခေါင်ကျော်တွေဘာတွေကျရင် ကိုယ်က ထမင်းဆာတော့လေ ထမင်းထွက်စား သုဝဏ္ဏလမ်းဆုံမှာလေ။ လျှောက်သွားတယ် သူငယ်ချင်းတွေ တော်တော်များတယ် အဲ့တုန်းကဆိုရင်။ ပျော်စရာကောင်းပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top