ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×



ေရႊအိမ္စည္ဟာ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ကေလးဘဝကုိ ပုိင္ဆုိင္ခြင့္မရခဲ့တဲ့ အေၾကာင္းေျပာျပလာပါတယ္။ လက္ရွိမွာလည္း သူမနဲ႔ မိသားစုဝင္ေတြရဲ႕ ဆက္ဆံေရး အေၾကာင္းေတြကုိပါ ဆက္လက္ေျဖဆုိထားပါေသးတယ္။

ေရႊအိမ္စည္ရဲ႕ ငယ္ဘဝအေၾကာင္းေလးကုိ မီဒီယာေတြအင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။ သူမဟာ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ကေလးဘဝကုိ မျဖတ္သန္းခဲ့ရဘူးလုိ႔ ပြင့္ပြင့္လင္းလင္း ေျပာျပထားပါတယ္။

‘’သူမ်ားေတြ ကေလးဘဝမွာ အရမ္းေပ်ာ္ခဲ့ရသလုိ ကုိယ္ေတြက မေပ်ာ္ခဲ့ရဘူး။ ကေလးဘဝ ဆုိတာေတာ့ရွိခဲ့တယ္။ အရမ္းအၾကာႀကီး မဟုတ္ခဲ့ဘူးေပါ့။ အဲဒါေကာင္းတာလုိ႔လည္း ေျပာ လုိ႔ရတယ္။ ဆိုးတာလုိ႔လည္း ေျပာလုိ႔ရတယ္။

အိမ္စည့္အတြက္ကေတာ့ ဒီအသက္အရြယ္မွာ ဒီအလုပ္လုပ္ေနတယ္၊ ကုိယ့္ဘာကုိယ္ ရပ္တည္ေနတယ္ အဲဒီလုိအရာေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ေကာင္းတဲ့ဘက္က ေတြးရင္ေတာ့ ေကာင္းတာေပါ့’’လုိ႔ သူကဆုိပါတယ္။



လက္ရွိမွာေတာ့ ေရႊအိမ္စည္နဲ႔ သူမရဲ႕ မိသားစုဝင္ေတြရဲ႕ ဆက္ဆံေရးအေၾကာင္းကုိလည္း ေျပာလာပါေသးတယ္။ သူမရဲ႕ ဘဝျဖတ္သန္းမႈမွာ ကုိယ့္ကုိယ္ကုိ ဂရုတစုိက္ျဖတ္သန္းခဲ့ရ တာေတြ မ်ားတယ္လုိ႔ ဆုိပါတယ္။

‘’ စိတ္ကေတာ့ ထားတတ္ပါတယ္။ အသက္ႀကီးသြားေတာ့မွ တစ္ေယာက္နဲ႔ တစ္ေယာက္ Independence ျဖစ္သြားတာထက္စာလုိ႔ရွိရင္ ကိုယ့္စိတ္က ငယ္ငယ္ေလးကတည္းက မိဘေတြအေပၚ တြယ္ကပ္ၿပီး ခၽြဲတတ္တဲ့ ကေလးေတြထဲမွာ မပါေတာ့ေလ၊ ေနာက္ပုိင္းမွာ ကုိယ့္ဘာသာ ဂရုစုိက္ၿပီးေနလာတဲ့အခါမွာေတာ့ သိပ္အခက္အခဲမရွိပါဘူး။

တခ်ဳိ႕က်ေတာ့ အသက္ႀကီးမွ မိဘနဲ႔ခြဲရလုိ႔ ခံစားရတာေတြရွိတယ္၊ အိမ္စည္တုိ႔က်ေတာ့ ဘာမွမျဖစ္ဘူး’’ လုိ႔ ဆုိပါတယ္။  ေရႊအိမ္စည္ဟာ Miss Supranational 2018 ၿပိဳင္ပြဲႀကီးမွာလည္း ျမန္မာႏုိင္ငံက ပရိသတ္ေတြရဲ႕အားေပးမႈ သူမရဲ႕ ႀကိဳးစားမႈေတြေၾကာင့္ အျခားေသာ အလွမယ္ေတြၾကားထဲမွာ မ်က္ႏွာပြင့္လန္းခဲ့ပါတယ္။

အဲ့ဒီေနာက္ ၂၀၁၈ ခုႏွစ္ဒီဇင္ဘာလ ၂ ရက္ေန႔ညက ယွဥ္ၿပိဳင္ခဲ့တဲ့ Preliminary Evening Gown ရဲ႕ Winner ဆုကုိလည္းရရွိပုိင္ဆုိင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို မသိတဲ့ ႏုိင္ငံတကာ အလွမယ္ေတြ ၾကားထဲမွာ ျမန္မာႏိုင္ငံကိုေကာင္းေကာင္းႀကီး Promote လုပ္ႏိုင္ခဲ့တယ္လုိ႕ ဆုိရမွာပါ။



ေရႊအိမ္စည္(Shwe Eain Si)ဟာ သရုပ္ေဆာင္အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ရုပ္ရွင္ ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ရုိက္ကူးေနရၿပီျဖစ္ပါတယ္။ လက္ရွိမွာေတာ့ The Naked Ghost ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားကုိ သရုပ္ေဆာင္ ထြန္းထြန္း၊ ခ်မ္းၿငိမ္းေက်ာ္တုိ႔နဲ႔အတူ ပါဝင္ရုိက္ကူးေနတာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ရွှေအိမ်စည်ဟာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ အကြောင်းပြောပြလာပါတယ်။ လက်ရှိမှာလည်း သူမနဲ့ မိသားစုဝင်တွေရဲ့ ဆက်ဆံရေး အကြောင်းတွေကိုပါ ဆက်လက်ဖြေဆိုထားပါသေးတယ်။

ရွှေအိမ်စည်ရဲ့ ငယ်ဘဝအကြောင်းလေးကို မီဒီယာတွေအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကို မဖြတ်သန်းခဲ့ရဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြထားပါတယ်။

‘’သူများတွေ ကလေးဘဝမှာ အရမ်းပျော်ခဲ့ရသလို ကိုယ်တွေက မပျော်ခဲ့ရဘူး။ ကလေးဘဝ ဆိုတာတော့ရှိခဲ့တယ်။ အရမ်းအကြာကြီး မဟုတ်ခဲ့ဘူးပေါ့။ အဲဒါကောင်းတာလို့လည်း ပြော လို့ရတယ်။ ဆိုးတာလို့လည်း ပြောလို့ရတယ်။

အိမ်စည့်အတွက်ကတော့ ဒီအသက်အရွယ်မှာ ဒီအလုပ်လုပ်နေတယ်၊ ကိုယ့်ဘာကိုယ် ရပ်တည်နေတယ် အဲဒီလိုအရာတွေ ဖြစ်တဲ့အတွက်ကြောင့် ကောင်းတဲ့ဘက်က တွေးရင်တော့ ကောင်းတာပေါ့’’လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ရွှေအိမ်စည်နဲ့ သူမရဲ့ မိသားစုဝင်တွေရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ပြောလာပါသေးတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှုမှာ ကိုယ့်ကိုယ်ကို ဂရုတစိုက်ဖြတ်သန်းခဲ့ရ တာတွေ များတယ်လို့ ဆိုပါတယ်။

‘’ စိတ်ကတော့ ထားတတ်ပါတယ်။ အသက်ကြီးသွားတော့မှ တစ်ယောက်နဲ့ တစ်ယောက် Independence ဖြစ်သွားတာထက်စာလို့ရှိရင် ကိုယ့်စိတ်က ငယ်ငယ်လေးကတည်းက မိဘတွေအပေါ် တွယ်ကပ်ပြီး ချွဲတတ်တဲ့ ကလေးတွေထဲမှာ မပါတော့လေ၊ နောက်ပိုင်းမှာ ကိုယ့်ဘာသာ ဂရုစိုက်ပြီးနေလာတဲ့အခါမှာတော့ သိပ်အခက်အခဲမရှိပါဘူး။

တချို့ကျတော့ အသက်ကြီးမှ မိဘနဲ့ခွဲရလို့ ခံစားရတာတွေရှိတယ်၊ အိမ်စည်တို့ကျတော့ ဘာမှမဖြစ်ဘူး’’ လို့ ဆိုပါတယ်။  ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်းရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကိုကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ရွှေအိမ်စည်(Shwe Eain Si)ဟာ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင် ဇာတ်ကား တော်တော်များများမှာ ပါဝင်ရိုက်ကူးနေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ The Naked Ghost ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် ထွန်းထွန်း၊ ချမ်းငြိမ်းကျော်တို့နဲ့အတူ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top