ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ကိုယ္ဝန္ဆိပ္တစ္ခါ တက္တယ္ဆိုတဲ့ ျပႆနာဟာ ကိုယ္ဝန္ေဆာင္ေတာ္ေတာ္မ်ားမ်ား ၾကံဳေတြ႕ရတတ္တဲ့ ျပႆနာတစ္ခုပါ။ တစ္ခါကိုယ္ဝန္ဆိပ္တက္ဖူးျပီး ကိုယ္ဝန္ တစ္ခုခု ခၽြတ္ေခ်ာ္သြားျပီဆုိတာနဲ႕ ေခါင္းထဲေရာက္လာတဲ့ ေမးခြန္းကေတာ့ ေနာက္ကိုယ္ဝန္ထပ္ ယူသင့္လား ယူရင္ဒါမ်ိဳး ထပ္ျဖစ္မွာလားဆုိတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။

ဘယ္သူကေတာ့ ကိုယ္ဝန္ရျပီးကာမွ ျပန္ျပီး ပ်က္က်သြားတာမ်ိဳး လိုခ်င္မလဲေနာ္။ ကိုယ္ဝန္ေဆာင္ရတာ လြယ္တဲ့ အလုပ္မွ မဟုတ္တာ။ ဒီေတာ့ ကိုယ္ဝန္ဆိပ္တစ္ခါတက္ ဖူးရင္ ေနာက္ကိုယ္ဝန္ကို ထိခိုက္ႏုိ္င္လား၊ ဘယ္လိုေတြ ျဖစ္ႏုိင္လဲဆိုတဲ့ အေၾကာင္းေလးေတြ ေျပာျပေပးခ်င္ပါတယ္။ ခ်ိန္ဆလုိ႕ရတာေပါ့။ ။

အရင္ကိုယ္ဝန္တုန္းက ကိုယ္ဝန္ဆိပ္တက္ဖူးခဲ့ရင္

ေလ့လာခ်က္ေတြအရ အရင္တုန္းက ကိုယ္ဝန္ဆိပ္တစ္ခါ တက္ဖူးခဲ့ရင္ ေနာက္ကိုယ္ဝန္မွာ ကိုယ္ဝန္ဆိပ္တက္ႏုိင္ေခ် ၂၀ ရာခုိင္ႏႈန္းရွိတယ္လို႔ဆိုပါတယ္။ ေနာက္ကိုယ္ဝန္မွာ ကိုယ္ဝန္ဆိပ္တက္ႏိုင္ေခ် အနည္းအမ်ားကေတာ့ အရင္က ျဖစ္ဖူးတဲ့ ကိုယ္ဝန္ဆိပ္တက္ျခင္း ဘယ္ေလာက္ျပင္းထန္လဲဆိုတာနဲ႔ ကိုယ္ဝန္သည္ေတြရဲ႕ ေနထိုင္စားေသာက္မႈ ပံုစံေပၚ မူတည္ျပီး ကြဲျပားသြားပါတယ္။

ဒါေၾကာင့္ အရင္ကိုယ္ဝန္မွာ ကိုယ္ဝန္ဆိပ္တက္ဖူးခဲ့ရင္ ေနာက္တစ္ေခါက္ေဆာင္တဲ့ ကိုယ္ဝန္ကို ဆရာဝန္နဲ႔ ေသခ်ာအပ္ထားျပီး ကိုယ္ဝန္ဆိပ္တက္ႏုိ္င္ျခင္း ရွိမရွိကို အျမဲေစာင့္ၾကည့္ေနသင့္ပါတယ္။ ပထမကိုယ္ဝန္တုန္းက ကိုယ္ဝန္ဆိပ္တက္၊ ဒုတိယ ကိုယ္ဝန္က် ကိုယ္ဝန္ဆိပ္တက္တာမ်ိဳး မျဖစ္ရင္ ေနာက္ကိုယ္ဝန္ေတြဆို စိတ္ခ်ရျပီလား။  ။

ပထမကိုယ္ဝန္တုန္းက ကိုယ္ဝန္ဆိပ္တက္ျပီး ဒုတိယကိုယ္ဝန္က် ကိုယ္ဝန္ဆိပ္မ တက္ဖူးေပမယ့္ ေနာက္ကိုုယ္ဝန္ေတြမွာ ကို္ယ္ဝန္ဆိပ္တက္ႏုိ္င္ေခ်ရွိပါေသးတယ္။ ဒါေၾကာင့္ ကိုယ္ဝန္တုိင္းကို ဆရာဝန္နဲ႔ ေသခ်ာအပ္သင့္ပါတယ္။ ဒါမွ ကိုယ္ဝန္ဆိပ္တက္တဲ့ လကၡဏာေတြျပလာရင္ အျမန္ဆံုး ကုသမႈခံယူႏိုင္မွာပါ။

ကိုယ္ဝန္ဆိပ္တက္ဖူးျပီး ေနာက္ကိုယ္ဝန္ထပ္ယူမယ္လို႕ ဆံုးျဖတ္ထားရင္ ဘာေတြ သိထားရမလဲ ။ ။

ယံုၾကည္စိတ္ခ်ရတဲ့ သားဖြားမီးယပ္ဆရာဝန္တစ္ေယာက္ဆီမွာ ကိုယ္ဝန္ကို ေတာက္ေလွ်ာက္အပ္ထားသ့င္ပါတယ္။ ေနာက္ကိုယ္ဝန္မေဆာင္ခင္တည္းက ကိုယ့္ဆီမွာ ကိုယ္ဝန္ဆိပ္တက္ျခင္းကို ထပ္ျဖစ္ေစႏုိင္တဲ့ အေၾကာင္းအရာေတြ ရွိလားမရွိ္ဘူးလား ဆိုတာကို ေသခ်ာစစ္ေဆးထားသင့္ပါတယ္။ ကေလးလိုခ်င္တာကိုပဲ မၾကည့္ပါနဲ႔။

ကိုယ့္က်န္းမာေရးအတြက္လည္း ကိုယ္ဂရုစိုက္ေစခ်င္ပါတယ္။ ကေလးထပ္ယူေတာ့မယ္ လုိ႕ဆံုးျဖတ္လိုက္တဲ့အခါ ကိုယ့္ေဘးမွာ ကိုယ္႕ကို အစစအရာရာ ပံ့ပိုးေပးႏုိင္တဲ့ မိသား စုေတြ ရွိေနဖို႕လိုအပ္ပါတယ္။ ဒါမွသင့္ရဲ႕ စုိးရိမ္ပူပန္မႈေတြကုိ သူတို႕က ေျပေလ်ာ့ေပးႏိုင္မွာပါ။

ကိုယ္ဝန္ထပ္မယူသင့့္ေတာ့ဘူးလို႕ အၾကံေပးခံရတဲ့အခါ

ကိုယ္က ကေလးထပ္လိုခ်င္ေပမယ့္ ခုျပေနတဲ့ ဆရာဝန္က ကေလးထပ္မယူသင့္ေတာ့ ဘူးလို႕ ေျပာတဲ့အခါအရမ္းၾကီး စိတ္မပ်က္သြားပါနဲ႔ဦး။ ဆရာဝန္ဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ အယူအဆခ်င္း မတူတဲ့အတြက္ အျခားဆရာဝန္ေတြနဲ႔လည္း သြားျပျပီး ျဖစ္လာႏုိင္တဲ့ ေကာင္းက်ိဳးဆိုးက်ိဳးမ်ားကို ေသခ်ာခ်ိန္ဆျပီးမွ ဆံုးျဖတ္ပါ။

ကေလးလိုခ်င္တာနဲ႔ပဲ ကိုယ္ဝန္ဆိပ္တက္ျခင္းက မိခင္ရဲ႕ အသက္အႏၱရာယ္ကို ျခိမ္းေျခာက္ႏုိ္င္တဲ့ ျပႆနာတစ္ခုဆိုတာ မေမ့သင့္ပါဘူး။ ကိုယ့္ရဲ႕ က်န္းမာေရး အေျခအေနကို တစ္ခါ ျပန္ခ်ိန္ဆျပီး ေနာက္ကိုယ္ဝန္ေဆာင့္သင့္ မေဆာင့္သင့္ အၾကံေပး စစ္ေဆးႏုိင္တာ ဆရာဝန္ေတြပါပဲ။ အားလံုး စစ္ေဆးျပီးလို႕ ဆရာဝန္က မိခင္မွာ အသက္အႏၱရာယ္ရွိႏိုင္တယ္။

ကေလးထပ္မယူသင့္ေတာ့ဘူးလို႕ ေျပာခဲ့ရင္ အဲဒီ အၾကံေပးခ်က္ကို လိုက္နာပါ ။ တစ္္ခါကိုယ္ဝန္ဆိပ္တက္ဖူးလုိ႕ မိခင္ကို ထိခိုက္ႏုိင္တာေၾကာင့္ ေနာက္ကိုယ္ဝန္ ထပ္မယူေတာ့ဘူး ဆံုးျဖတ္ထားတဲ့ အမ်ိဳးသမီးေတြ ကမၻာမွာ ဒုနဲေဒးပါ။ သင့္က်မွ ကံဆိုးလိုက္တာဆိုးျပီး ေတြးမေနပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ်ဝန်ဆိပ်တစ်ခါ တက်တယ်ဆိုတဲ့ ပြဿနာဟာ ကိုယ်ဝန်ဆောင်တော်တော်များများ ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ တစ်ခါကိုယ်ဝန်ဆိပ်တက်ဖူးပြီး ကိုယ်ဝန် တစ်ခုခု ချွတ်ချော်သွားပြီဆိုတာနဲ့ ခေါင်းထဲရောက်လာတဲ့ မေးခွန်းကတော့ နောက်ကိုယ်ဝန်ထပ် ယူသင့်လား ယူရင်ဒါမျိုး ထပ်ဖြစ်မှာလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဘယ်သူကတော့ ကိုယ်ဝန်ရပြီးကာမှ ပြန်ပြီး ပျက်ကျသွားတာမျိုး လိုချင်မလဲနော်။ ကိုယ်ဝန်ဆောင်ရတာ လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဒီတော့ ကိုယ်ဝန်ဆိပ်တစ်ခါတက် ဖူးရင် နောက်ကိုယ်ဝန်ကို ထိခိုက်နိုင်လား၊ ဘယ်လိုတွေ ဖြစ်နိုင်လဲဆိုတဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ချိန်ဆလို့ရတာပေါ့။ ။

အရင်ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်ဖူးခဲ့ရင်

လေ့လာချက်တွေအရ အရင်တုန်းက ကိုယ်ဝန်ဆိပ်တစ်ခါ တက်ဖူးခဲ့ရင် နောက်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေ ၂၀ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ နောက်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေ အနည်းအများကတော့ အရင်က ဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဘယ်လောက်ပြင်းထန်လဲဆိုတာနဲ့ ကိုယ်ဝန်သည်တွေရဲ့ နေထိုင်စားသောက်မှု ပုံစံပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။

ဒါကြောင့် အရင်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်ဖူးခဲ့ရင် နောက်တစ်ခေါက်ဆောင်တဲ့ ကိုယ်ဝန်ကို ဆရာဝန်နဲ့ သေချာအပ်ထားပြီး ကိုယ်ဝန်ဆိပ်တက်နိုင်ခြင်း ရှိမရှိကို အမြဲစောင့်ကြည့်နေသင့်ပါတယ်။ ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်၊ ဒုတိယ ကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်တက်တာမျိုး မဖြစ်ရင် နောက်ကိုယ်ဝန်တွေဆို စိတ်ချရပြီလား။  ။

ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်ပြီး ဒုတိယကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်မ တက်ဖူးပေမယ့် နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေရှိပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်တိုင်းကို ဆရာဝန်နဲ့ သေချာအပ်သင့်ပါတယ်။ ဒါမှ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေပြလာရင် အမြန်ဆုံး ကုသမှုခံယူနိုင်မှာပါ။

ကိုယ်ဝန်ဆိပ်တက်ဖူးပြီး နောက်ကိုယ်ဝန်ထပ်ယူမယ်လို့ ဆုံးဖြတ်ထားရင် ဘာတွေ သိထားရမလဲ ။ ။

ယုံကြည်စိတ်ချရတဲ့ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဆီမှာ ကိုယ်ဝန်ကို တောက်လျှောက်အပ်ထားသ့င်ပါတယ်။ နောက်ကိုယ်ဝန်မဆောင်ခင်တည်းက ကိုယ့်ဆီမှာ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ထပ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ရှိလားမရှိဘူးလား ဆိုတာကို သေချာစစ်ဆေးထားသင့်ပါတယ်။ ကလေးလိုချင်တာကိုပဲ မကြည့်ပါနဲ့။

ကိုယ့်ကျန်းမာရေးအတွက်လည်း ကိုယ်ဂရုစိုက်စေချင်ပါတယ်။ ကလေးထပ်ယူတော့မယ် လို့ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ့်ဘေးမှာ ကိုယ့်ကို အစစအရာရာ ပံ့ပိုးပေးနိုင်တဲ့ မိသား စုတွေ ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှသင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို သူတို့က ပြေလျော့ပေးနိုင်မှာပါ။

ကိုယ်ဝန်ထပ်မယူသင့်တော့ဘူးလို့ အကြံပေးခံရတဲ့အခါ

ကိုယ်က ကလေးထပ်လိုချင်ပေမယ့် ခုပြနေတဲ့ ဆရာဝန်က ကလေးထပ်မယူသင့်တော့ ဘူးလို့ ပြောတဲ့အခါအရမ်းကြီး စိတ်မပျက်သွားပါနဲ့ဦး။ ဆရာဝန်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အယူအဆချင်း မတူတဲ့အတွက် အခြားဆရာဝန်တွေနဲ့လည်း သွားပြပြီး ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများကို သေချာချိန်ဆပြီးမှ ဆုံးဖြတ်ပါ။

ကလေးလိုချင်တာနဲ့ပဲ ကိုယ်ဝန်ဆိပ်တက်ခြင်းက မိခင်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာတစ်ခုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို တစ်ခါ ပြန်ချိန်ဆပြီး နောက်ကိုယ်ဝန်ဆောင့်သင့် မဆောင့်သင့် အကြံပေး စစ်ဆေးနိုင်တာ ဆရာဝန်တွေပါပဲ။ အားလုံး စစ်ဆေးပြီးလို့ ဆရာဝန်က မိခင်မှာ အသက်အန္တရာယ်ရှိနိုင်တယ်။

ကလေးထပ်မယူသင့်တော့ဘူးလို့ ပြောခဲ့ရင် အဲဒီ အကြံပေးချက်ကို လိုက်နာပါ ။ တစ်ခါကိုယ်ဝန်ဆိပ်တက်ဖူးလို့ မိခင်ကို ထိခိုက်နိုင်တာကြောင့် နောက်ကိုယ်ဝန် ထပ်မယူတော့ဘူး ဆုံးဖြတ်ထားတဲ့ အမျိုးသမီးတွေ ကမ္ဘာမှာ ဒုနဲဒေးပါ။ သင့်ကျမှ ကံဆိုးလိုက်တာဆိုးပြီး တွေးမနေပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top