ေဒၚေအာင္ဆန္းစုၾကည္ ကားယာဥ္တန္း ကိစၥ စိတ္မပူၾကပါနဲ႔ ကားတစ္စီးက ယာဥ္တန္းကို ေဘးကေန အရွိန္နဲ႕ ျဖတ္ေက်ာ္ရာမွာ ေနာက္ကပါလာတဲ့ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ကားကိုေက်ာ္တက္ၿပီးခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ ကားနားမေရာက္ခင္ လံုျခံဳေရး ယာဥ္တန္းကပါလာတဲ့ ဆိုင္ကယ္နဲ႔ ရဲကားတစ္စီးက ျဖတ္တားၿပီး ဖမ္းဆီး စစ္ေဆးေနပါတယ္။ အေမ ဘာမွ မျဖစ္ပါဘူး ….

လံုျခံဳေရးစည္းကို ေက်ာ္လာတဲ့ တရားခံ အမည္က ေအာင္ျငိမ္းခ်မ္း၊ အသက္ ၃၉ ႏွစ္ ပါ။ ဆန္ကုန္သည္ အလုပ္ကို လုပ္ပါတယ္။ ယခင္ က နတၱလင္း မွာေနခဲ့ျပီး လြန္ခဲ့ေသာ ၂လခန္႔က သူ႕ဦးေလး ျဖစ္သူ ဦးေဇာ္မင္းဦး ရွိရာအမွတ္ (128) ေတာင္ထိပ္ပန္းလမ္း ၂၉ ရပ္ကြက္ သဃၤန္းကၽြန္းၿမိဳနယ္ မွာေျပာင္းေရြ႕ေနထိုင္ေနပါတယ္

ယေန႔ ညမွာ အကယ္ဒမီေပးပြဲကို လာေရာက္ၾကည့္ရႈ ေနၿပီး သူငယ္ခ်င္းျဖစ္သူနဲ႔ ဘီယာ ၇ ခြက္ေလာက္ ေသာက္ထား ပါတယ္။ မူးလဲမူးေနပံုရပါတယ္။ သူ႔ဆီမွာ သူ႔သူငယ္ခ်င္းရဲ႕ ကားေသာ့ ပါသြားလို႔ဆိုၿပီး သူ႔ကို ဖံုးဆက္လာတဲ့အတြက္ သြားျပန္ေပးဖို႔ အေမစု ယာဥ္တန္းကို ေက်ာ္တက္ရျခင္းျဖစ္ေၾကာင္း အစစ္ခံထားပါတယ္။

ႏိုင္ငံေခါင္းေဆာင္ ယာဥ္တန္းကို ေဘးကေန ျဖတ္ေက်ာ္ဖို႔ ႀကိဳးစားတဲ့အတြက္ လံုျခံဳေရး စည္းမ်ဥ္းစည္းကမ္းအရ ဖမ္းဆီး စစ္ေဆးေနရျခင္း ျဖစ္ပါတယ္။ ယခင္ေခတ္ကဆို အဘေတြရဲ႕ ယာဥ္တန္းကို ခုလိုအရက္မူးၿပီး ေက်ာ္တက္တဲ့ သူတစ္ေယာက္ ဘယ္လိုျဖစ္သြားမယ္ဆိုတာ စဥ္းစားၾကည့္ရင္ သိႏိုင္ပါတယ္။

ခုခ်ိန္ေလာက္ဆို သြားေတာင္တစ္ေခ်ာင္းမွ က်န္မွာ မဟုတ္ပါဘူး။ ခုလို နာမည္ေနရပ္ သိခြင့္ရဖို႔ မဆိုထားနဲ႔ လူမသိသူမသိ ေပ်ာက္သြားပါလိမ့္မယ္ … ျပည္သူ႔အစိုးရဆိုတာ အဲ့ဒါပါပဲ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ZN.H အမွန္တရားဘက္ေတာ္သားကြန္ယက္

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒေါ်အောင်ဆန်းစုကြည် ကားယာဉ်တန်း ကိစ္စ စိတ်မပူကြပါနဲ့ ကားတစ်စီးက ယာဉ်တန်းကို ဘေးကနေ အရှိန်နဲ့ ဖြတ်ကျော်ရာမှာ နောက်ကပါလာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကားကိုကျော်တက်ပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကားနားမရောက်ခင် လုံခြုံရေး ယာဉ်တန်းကပါလာတဲ့ ဆိုင်ကယ်နဲ့ ရဲကားတစ်စီးက ဖြတ်တားပြီး ဖမ်းဆီး စစ်ဆေးနေပါတယ်။ အမေ ဘာမှ မဖြစ်ပါဘူး ….

လုံခြုံရေးစည်းကို ကျော်လာတဲ့ တရားခံ အမည်က အောင်ငြိမ်းချမ်း၊ အသက် ၃၉ နှစ် ပါ။ ဆန်ကုန်သည် အလုပ်ကို လုပ်ပါတယ်။ ယခင် က နတ္တလင်း မှာနေခဲ့ပြီး လွန်ခဲ့သော ၂လခန့်က သူ့ဦးလေး ဖြစ်သူ ဦးဇော်မင်းဦး ရှိရာအမှတ် (128) တောင်ထိပ်ပန်းလမ်း ၂၉ ရပ်ကွက် သင်္ဃန်းကျွန်းမြိုနယ် မှာပြောင်းရွေ့နေထိုင်နေပါတယ်

ယနေ့ ညမှာ အကယ်ဒမီပေးပွဲကို လာရောက်ကြည့်ရှု နေပြီး သူငယ်ချင်းဖြစ်သူနဲ့ ဘီယာ ၇ ခွက်လောက် သောက်ထား ပါတယ်။ မူးလဲမူးနေပုံရပါတယ်။ သူ့ဆီမှာ သူ့သူငယ်ချင်းရဲ့ ကားသော့ ပါသွားလို့ဆိုပြီး သူ့ကို ဖုံးဆက်လာတဲ့အတွက် သွားပြန်ပေးဖို့ အမေစု ယာဉ်တန်းကို ကျော်တက်ရခြင်းဖြစ်ကြောင်း အစစ်ခံထားပါတယ်။

နိုင်ငံခေါင်းဆောင် ယာဉ်တန်းကို ဘေးကနေ ဖြတ်ကျော်ဖို့ ကြိုးစားတဲ့အတွက် လုံခြုံရေး စည်းမျဉ်းစည်းကမ်းအရ ဖမ်းဆီး စစ်ဆေးနေရခြင်း ဖြစ်ပါတယ်။ ယခင်ခေတ်ကဆို အဘတွေရဲ့ ယာဉ်တန်းကို ခုလိုအရက်မူးပြီး ကျော်တက်တဲ့ သူတစ်ယောက် ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ခုချိန်လောက်ဆို သွားတောင်တစ်ချောင်းမှ ကျန်မှာ မဟုတ်ပါဘူး။ ခုလို နာမည်နေရပ် သိခွင့်ရဖို့ မဆိုထားနဲ့ လူမသိသူမသိ ပျောက်သွားပါလိမ့်မယ် … ပြည်သူ့အစိုးရဆိုတာ အဲ့ဒါပါပဲ

ဖိုးသူတော် (www.phothutaw.com)
Credit:ZN.H အမှန်တရားဘက်တော်သားကွန်ယက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top