ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ငယ္စဥ္ကတည္းက အားလံုးဟာ ခ်ိဳခ်ဥ္တစ္လံုးကအစ မုန့္တစ္ဖဲ့ေလးကအစ ခံစား ခ်က္ေတြ၊ေၾကာက္ရြံ့မွဳေတြကို သူတစ္ပါးနွင့္အတတ္နိုင္ဆံုးမ်ွေဝခံယူခံစားသင့္တယ္လို့ မိဘေတြရ ဲ့သင္ၾကားျခင္းခံခဲ့ၾကပါတယ္။

မ်ွေဝျခင္းဟာ ေကာင္းမြန္တဲ့အလုပ္တစ္ခုပါ။ဒါေပမယ့္ တခ်ိဳ့အရာေတြက မိမိက်န္းမာေရး ကိုထိခိုက္ေစတာေၾကာင့္ မ်ွေဝဖို့မသင့္တဲ့အရာေတြအမ်ားၾကီးရွိပါတယ္။ဒီတစ္ခါမွာေတာ့ ကိုယ့္အရင္းနွီးဆံုး၊အခ်စ္ဆံုးပင္ျဖစ္လင့္ကစား သူတစ္ပါးနွင့္မ်ွမသံုးသင့္တဲ့အရာအခ်ိဳ့ကို ေဖာ္ျပေပးလိုက္ပါတယ္။ ။

1.ဦးထုပ္



ဦးထုပ္(သို့)သင့္ေခါင္းကိုထိေတ၊ြ့ဖံုးအုပ္ဖို့သံုးတဲ့ ေခါင္းအံုးစြပ္၊ဘီးေတြကို သူတစ္ပါးနဲ့မ်ွမ သံုးသင့္ပါဘူး။ဘီးေတြမၽွသံုးျခင္းအားျဖင့္ အထူးသျဖင့္ေက်ာင္းေတြမွာ တစ္ေယာက္နဲ့ တစ္ေယာက္သန္းကူးနိုင္သလို သူမ်ားေခါင္းအံုးမွာအိပ္ျခင္း(သို့)ဦးထုပ္ ငွားေဆာင္းျခင္းေၾကာင့္ ဦးေရယားယံေစပါတယ္။

ဒါေၾကာင့္ သင္ေနေရာင္ျခည္ဒဏ္ကာကြယ္ဖို့ ဦးထုပ္အသံုးျပဳခဲ့တယ္ဆိုရင္ေတာင္ သင့္ဦးထုပ္ျဖစ္ေနဖို့ေတာ့လိုပါတယ္။

2.Cream



mask,မ်က္နွာလိမ္းခရင္မ္ေတြဟာ တစ္ကိုယ္ေရသံုးအလွကုန္မ်ားျဖစ္တာေၾကာင့္ မ်ွမသံုး သင့္ပါဘူး။သင့္မ်က္နွာကိုလိမ္းတဲ့အခါတိုင္း ဘူးထဲကိုလက္နွစ္ျပီးေကာ္ေလေလ ပိုးမြွားပ်ံ့ဖို့အ ခြင့္အေရးရွိေလေလျဖစ္ျပီး သူတစ္ပါးနွင့္မ်ွသံုးရင္ပိုဆိုးနိုင္ပါတယ္။ဒါေၾကာင့္ အျခားမွဳိေရာဂါ နဲ့အသားအေရျပသနာမ်ားမျဖစ္ေစဖို့အတြက္ သူတစ္ပါးနဲ့မ်ွ သံုးျခင္းကိုေရွာင္သင့္သလို ဘူး အဖံုးလံုတဲ့ပစၥည္းမ်ားကိုပဲ ေရြးဝယ္သင့္ပါတယ္။

3.အတြင္းခံ/ေျခအိတ္



လူတစ္ေယာက္နဲ့တစ္ေယာက္ အခ်ိဳ့ခႏၶာကိုယ္အစိတ္အပိုင္းတည္ေဆာက္ပံုခ်င္းမတူ တာေၾကာင့္ အတြင္ခံေပါင္းဝတ္ျခင္းအားျဖင့္ ကိုယ္အဂါၤယားယံမွဳေတြ၊မွဳိေရာဂါေတြျဖစ္နိုင္သ လို ေျခအိတ္ကိုလည္း သူတစ္ပါးနဲ့ေပါင္းစြပ္ျခင္းျဖင့္ ေျခေထာက္ယားယံျခင္း၊ေျခဖေနာင့္ နာက်င္ျခင္းမ်ားျဖစ္ေစပါတယ္။

4.သြားတိုက္တံ



သြားတိုက္တံကေတာ့ တစ္ကိုယ္ေရတကာယအတြက္ပဲသံုးဖို့ ဆရာဝန္ေတြျပင္းထန္စြာ တားျမစ္ထားတဲ့အရာတစ္ခုျဖစ္ပါတယ္။အေၾကာင္းက သြားတိုက္တံဟာပိုးမြွားပ်ံ့နွံ့လြယ္ တာေၾကာင့္ တစ္ေယာက္တည္းပဲသံုးမယ္ဆိုရင္ေတာင္ မၾကာမၾကာလဲေပးရပါတယ္။

5.အေမြွးရိတ္ဓား



မုတ္ဆိတ္ရိတ္ဓားဟာလည္း သင့္တစ္ကိုယ္ေရသန့္ရွင္းက်န္းမာေရးအတြက္ သီးသန့္အ သံုးျပဳသင့္ေသာအရာျဖစ္ပါတယ္။မ်ွသံုးျခင္းအားျဖင့္ အေရျပားျပသနာအမ်ိဳးမ်ိဳး၊မွဳိေရာဂါ ကူးစက္ေစနိုင္တဲ့အျပင္ HVထိပါျဖစ္ပြားနိုင္ပါတယ္။သင့္ရဲ့မုတ္ဆိတ္ရိတ္ဓားကိုလည္း ပံုမွန္လဲလွယ္ေပးဖို့မေမ့ပါနဲ့။

6.ဂ်ီးသြန္းေက်ာက္



ဂ်ီးသြန္းေက်ာက္ေတြလည္း အျခားမွဳိေရာဂါအျပင္ ဖယ္ရခက္တဲ့ငါးမ်က္စိမ်ားျဖစ္ေပၚေစ နိုင္တာေၾကာင့္ မ်ွေဝမသံုးစဲြသင့္တဲ့အထဲမွာ ပါပါတယ္။

7.နားက်ပ္



ဂီတခ်စ္ျမတ္နိုးတဲ့သူေတြရဲ့ လက္စဲြေတာ္ျဖစ္တဲ့နားက်ပ္ကလည္း မ်ွေဝမသံုးစဲြသင့္တဲ့ အရာျဖစ္ပါတယ္။သာမန္အားျဖင့္ ဖံုးအုပ္ထားတာေၾကာင့္ မကူးစက္နိုင္ဘူးလို့ထင္ေကာင္း ထင္နိုင္ေပမယ့္ ပိုးမြွားေတြအလြယ္တကူပ်ံ့နွံပြားနိုင္ပါတယ္။

တကယ္လို့ သင့္နားက်ပ္ကို သူတစ္ပါးကိုငွားေပမယ္ဆိုရင္လည္း ဂြမ္းစနဲ့စပေရးယူျပီး ေသခ်ာစြာသန့္ရွင္းသုတ္သင္ေပးပါ။သင့္ရဲ့က်န္းမာေရးအတြက္ အေရးၾကီးတာေၾကာင့္ အခ်ိန္ယူဖို့ ပ်င္းရိျငီးေငြ့မေနပါနဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ငယ်စဉ်ကတည်းက အားလုံးဟာ ချိုချဉ်တစ်လုံးကအစ မုန့်တစ်ဖဲ့လေးကအစ ခံစား ချက်တွေ၊ကြောက်ရွံ့မှုတွေကို သူတစ်ပါးနှင့်အတတ်နိုင်ဆုံးမျှဝေခံယူခံစားသင့်တယ်လို့ မိဘတွေရ ဲ့သင်ကြားခြင်းခံခဲ့ကြပါတယ်။

မျှဝေခြင်းဟာ ကောင်းမွန်တဲ့အလုပ်တစ်ခုပါ။ဒါပေမယ့် တချို့အရာတွေက မိမိကျန်းမာရေး ကိုထိခိုက်စေတာကြောင့် မျှဝေဖို့မသင့်တဲ့အရာတွေအများကြီးရှိပါတယ်။ဒီတစ်ခါမှာတော့ ကိုယ့်အရင်းနှီးဆုံး၊အချစ်ဆုံးပင်ဖြစ်လင့်ကစား သူတစ်ပါးနှင့်မျှမသုံးသင့်တဲ့အရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.ဦးထုပ်

ဦးထုပ်(သို့)သင့်ခေါင်းကိုထိတေ၊ွ့ဖုံးအုပ်ဖို့သုံးတဲ့ ခေါင်းအုံးစွပ်၊ဘီးတွေကို သူတစ်ပါးနဲ့မျှမ သုံးသင့်ပါဘူး။ဘီးတွေမျှသုံးခြင်းအားဖြင့် အထူးသဖြင့်ကျောင်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက်သန်းကူးနိုင်သလို သူများခေါင်းအုံးမှာအိပ်ခြင်း(သို့)ဦးထုပ် ငှားဆောင်းခြင်းကြောင့် ဦးရေယားယံစေပါတယ်။

ဒါကြောင့် သင်နေရောင်ခြည်ဒဏ်ကာကွယ်ဖို့ ဦးထုပ်အသုံးပြုခဲ့တယ်ဆိုရင်တောင် သင့်ဦးထုပ်ဖြစ်နေဖို့တော့လိုပါတယ်။

2.Cream

mask,မျက်နှာလိမ်းခရင်မ်တွေဟာ တစ်ကိုယ်ရေသုံးအလှကုန်များဖြစ်တာကြောင့် မျှမသုံး သင့်ပါဘူး။သင့်မျက်နှာကိုလိမ်းတဲ့အခါတိုင်း ဘူးထဲကိုလက်နှစ်ပြီးကော်လေလေ ပိုးမွှားပျံ့ဖို့အ ခွင့်အရေးရှိလေလေဖြစ်ပြီး သူတစ်ပါးနှင့်မျှသုံးရင်ပိုဆိုးနိုင်ပါတယ်။ဒါကြောင့် အခြားမှိုရောဂါ နဲ့အသားအရေပြသနာများမဖြစ်စေဖို့အတွက် သူတစ်ပါးနဲ့မျှ သုံးခြင်းကိုရှောင်သင့်သလို ဘူး အဖုံးလုံတဲ့ပစ္စည်းများကိုပဲ ရွေးဝယ်သင့်ပါတယ်။

3.အတွင်းခံ/ခြေအိတ်

လူတစ်ယောက်နဲ့တစ်ယောက် အချို့ခန္ဓာကိုယ်အစိတ်အပိုင်းတည်ဆောက်ပုံချင်းမတူ တာကြောင့် အတွင်ခံပေါင်းဝတ်ခြင်းအားဖြင့် ကိုယ်အဂါၤယားယံမှုတွေ၊မှိုရောဂါတွေဖြစ်နိုင်သ လို ခြေအိတ်ကိုလည်း သူတစ်ပါးနဲ့ပေါင်းစွပ်ခြင်းဖြင့် ခြေထောက်ယားယံခြင်း၊ခြေဖနောင့် နာကျင်ခြင်းများဖြစ်စေပါတယ်။

4.သွားတိုက်တံ

သွားတိုက်တံကတော့ တစ်ကိုယ်ရေတကာယအတွက်ပဲသုံးဖို့ ဆရာဝန်တွေပြင်းထန်စွာ တားမြစ်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။အကြောင်းက သွားတိုက်တံဟာပိုးမွှားပျံ့နှံ့လွယ် တာကြောင့် တစ်ယောက်တည်းပဲသုံးမယ်ဆိုရင်တောင် မကြာမကြာလဲပေးရပါတယ်။

5.အမွှေးရိတ်ဓား

မုတ်ဆိတ်ရိတ်ဓားဟာလည်း သင့်တစ်ကိုယ်ရေသန့်ရှင်းကျန်းမာရေးအတွက် သီးသန့်အ သုံးပြုသင့်သောအရာဖြစ်ပါတယ်။မျှသုံးခြင်းအားဖြင့် အရေပြားပြသနာအမျိုးမျိုး၊မှိုရောဂါ ကူးစက်စေနိုင်တဲ့အပြင် HVထိပါဖြစ်ပွားနိုင်ပါတယ်။သင့်ရဲ့မုတ်ဆိတ်ရိတ်ဓားကိုလည်း ပုံမှန်လဲလှယ်ပေးဖို့မမေ့ပါနဲ့။

6.ဂျီးသွန်းကျောက်

ဂျီးသွန်းကျောက်တွေလည်း အခြားမှိုရောဂါအပြင် ဖယ်ရခက်တဲ့ငါးမျက်စိများဖြစ်ပေါ်စေ နိုင်တာကြောင့် မျှဝေမသုံးစွဲသင့်တဲ့အထဲမှာ ပါပါတယ်။

7.နားကျပ်

ဂီတချစ်မြတ်နိုးတဲ့သူတွေရဲ့ လက်စွဲတော်ဖြစ်တဲ့နားကျပ်ကလည်း မျှဝေမသုံးစွဲသင့်တဲ့ အရာဖြစ်ပါတယ်။သာမန်အားဖြင့် ဖုံးအုပ်ထားတာကြောင့် မကူးစက်နိုင်ဘူးလို့ထင်ကောင်း ထင်နိုင်ပေမယ့် ပိုးမွှားတွေအလွယ်တကူပျံ့နှံပွားနိုင်ပါတယ်။

တကယ်လို့ သင့်နားကျပ်ကို သူတစ်ပါးကိုငှားပေမယ်ဆိုရင်လည်း ဂွမ်းစနဲ့စပရေးယူပြီး သေချာစွာသန့်ရှင်းသုတ်သင်ပေးပါ။သင့်ရဲ့ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် အချိန်ယူဖို့ ပျင်းရိငြီးငွေ့မနေပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top