20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ” ေတာက္တီးေတာက္တဲ့ ”

မေန႔ ညပိုင္းက မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဦးပြားေစတီေတာ္မွ မ်က္ႏွာပံုေပၚတယ္ဆိုၿပီး ဘုရားအနီးတဝိုက္နဲ႔ ဦးပြားဂံုးတံေတားေပၚ ကားေတြ ဆိုင္ကယ္ေတြပိတ္ လူေတြ ႀကိတ္ႀကိတ္တိုးေနရပါသတဲ့-ဆိုတဲ့အေၾကာင္း ဖတ္လိုက္ရ ၾကည့္လိုက္ရပါ၏။

အေဝးက ၾကည့္လွ်င္ လူမ်က္ႏွာႏွင့္ တူရတယ္လို႔ ထင္မိေသာ္လည္း မိမိမွာ အစကတည္းက ယံုၾကည္ မရွိခဲ့တာေၾကာင့္ အရိပ္အေရာင္တခုခုေၾကာင့္ ျဖစ္ရမယ္လို႔ ေတြးထားမိပါတယ္။

မိလိႏၵပဥွာက်မ္းမွာ ေစတီပုထိုးေတာ္တို႔မွ ေရာင္ျခည္ေတာ္လႊတ္ျခင္းစတဲ့ ထူးျခားျဖစ္စဥ္ေတြဟာ

(၁) ရဟႏၲာ

(၂) နတ္

(၃) လူ-ဟူေသာ ဤသံုးေယာက္ေသာသူတို႔၏ အဓိ႒ာန္ျခင္းျခင္းေၾကာင့္ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

” ျဖစ္႐ိုးျဖစ္စဥ္မ်ား ”

အခ်ိဳ႕ရဟႏၲာအရွင္ျမတ္မ်ားဟာ ေစတီေတာ္အေၾကာင္းျပဳၿပီး လူပုဂၢိဳလ္မ်ား သဒၶါတရားတိုးပြားၾကပါေစ ရည္ရြယ္ခ်က္နဲ႔ ေစတီေတာ္မွ ထူးျခားအံ့ၾသဖြယ္ရာေတြ ျဖစ္ပါေစလို႔ အဓိ႒ာန္ေတာ္မူၾကသျဖင့္ ေရာင္ျခည္ေတာ္လႊတ္ျခင္းစတဲ့ ထူးျခားဖြယ္ရာေတြ ျဖစ္တတ္ပါတယ္။

အခ်ိဳ႕ေသာ နတ္တို႔ဟာ (အထူးသျဖင့္ ေစတီေတာ္ အေစာင့္နတ္ေတြ) ေစတီေတာ္မွ ထူးျခားဖြယ္ရာေတြကို လူေတြ ဖူးေတြ႕ၾကရလွ်င္ သဒၶါတရားေတြ တိုးပြားၾကပါေစ ရည္ရြယ္ခ်က္နဲ႔ အခ်ိဳ႕ အဓိ႒ာန္ခ်က္ ‘ အခ်ိဳ႕ဖန္ဆင္းခ်က္ေျကာင့္လည္း ေရာင္ျခည္ေတာ္လႊတ္ျခင္းစတဲ့ ထူးျခားတဲ့ ျပာဋိဟာေတြ ျဖစ္တတ္ၾကပါတယ္။

မွတ္ခ်က္။ ။ အခ်ိဳ႕အရာမ္တြင္းမွာ ရွိၾကတဲ့ နတ္ မျမင္ရတဲ့ ပုဂၢိဳလ္ေတြကလည္း ကန္ေတာ့ပြဲညႇိဳးလို႔ ထင္ပါရဲ႕၊ တခါတေလ အထူးအဆန္းမ်ား လုပ္ျပတတ္ၾကပါတယ္။

အခ်ိဳ႕သဒၶါ သီလ ပညာတရား အားေကာင္းတဲ့ အခ်ိဳ႕ လူပုဂၢိဳလ္ေတြဟာ ဘုရားေစတီေတာ္ကို တခုခု လွဴဒါန္းၿပီး ဆုေတာင္း အဓိ႒ာန္ခ်က္ေၾကာင့္လည္း ေရာင္ျခည္ေတာ္လႊတ္ခ်င္းစတဲ့ ထူးျခား အံ့ၾသဘြယ္ရာေတြ ျဖစ္တတ္ၾကပါတယ္။

မွတ္ခ်က္။ ။ ယေန႔ေခတ္မွာ အခ်ိဳ႕ ဘုရားႏွင့္ ပတ္သက္ေနၾကတဲ့ ဘုန္းႀကီးတခ်ိဳ႕၊ ဘုရားလူႀကီးအခ်ိဳ႕ကလည္း ဘုရား လူစည္ကားၿပီး အလွဴေငြမ်ားမ်ားရေအာင္ ရည္ရြယ္ခ်က္နဲ႔လုပ္ၾကံဖန္တီးတတ္ၾကပါေသးတယ္။

“ ဦးပြားေစတီေတာ္ အျဖစ္အမွန္”

မေန႔ညက ဦးပြားေစတီေတာ္မွ မ်က္ႏွာပံုေပၚတယ္ဆိုတာ မဟုတ္ပါဘူး၊ ထီးေတာ္ေအာက္ ငွက္ေပ်ာဖူးေတာ္ေဘးက ခ်ိပ္ဆြဲထားၾကတဲ့ ေခါင္းေလာင္း ေညာင္ရြက္ေတြကို ေအာက္က ပူေဇာ္ထားတဲ့ မီးအေရာင္အရွိန္ေၾကာင့္ ျဖစ္တာပါ။

” ငယ္ကျဖစ္စဥ္ ”

လြန္ခဲ့တဲ့ ႏွစိေပါင္းသံုးဆယ္ခန္႔က ရြာမွာ လေပၚမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း မ်က္ႏွာေပၚေနတယ္လို႔ ေကာလာဟဠတစ္ခု ျဖစ္ပြားဘူးပါတယ္။

လထြက္ခ်ိန္မွာ ေသခ်ာၾကည့္လိုက္ေတာ့ ေငြဆယ္ျပားေစေခါင္းဘက္ ပါတဲ့ ဗိုလ္ခ်ဳပ္ပံုနဲ႔ တူသလိုပါပဲ။

ဒါကို ၾကည့္ၿပီး ကိုရင္ ေက်ာင္းသားေတြ ဝိုင္းေအာ္သံ ဆရာေတာ္ႀကီးၾကားေတာ့ ”

ဘာၾကည့္ၿပီး ဘာေတြ ေအာ္ေနၾကတာလဲေဟ့” ေမးေတာ္မူေတာ့ ” ဘုန္းႀကီး လေပၚမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အ႐ုပ္ေပၚလို႔တဲ့ဘုရား”လို႔ ေလွ်က္႔ၾကေတာ့ ဆရာေတာ္ႀကီးက-
“ေအာင္မာ! ေတာက္တီးေတာက္တဲ့ ေပါက္ေပါက္ရွာရွာ၊ လေပၚမွာ နင္တို႔အေမ့လင္ ဗိုလ္ခ်ဳပ္ပံု ေပၚရတယ္လို႔ ၊ လေပၚမွာ ယုန္ဝပ္တယ္ဘဲလို႔ ၾကားဘူးတယ္လို႔” မိန္႔ေတာ္မူၿပီး ေက်ာင္းထဲသို႔ ဝင္သြားေတာ္မူပါတယ္။

ယခုလည္း ဒီအတိုင္းပါပဲ၊ အက်ိဳးအေၾကာင္း မဆင္ျခင္ၾကပဲ မ်က္ႏွာေပၚတယ္ဆိုၿပီး ႔ေကာ္မန္႔ေတြမွာ အခ်ိဳ႕ သာဓုေခၚၾက၊ လက္အုပ္ခ်ီၾကနဲ႔၊ ေပၚတယ္ဆိုတဲ့ ႐ုပ္ပံုကလည္း ေျပာင္ေခ်ာ္ေခ်ာ္နဲ႔။
ဪ လူေတြ လူေတြလို႔ သက္ျပင္းခ်မိရင္း

အသိညဏပညာမ်ား သက္ဝင္ႏိုင္ၾကၿပီးအမွားအမွန္ကို ခြဲျခားႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေမတၱာျဖင့္ ( အရွင္ကဝိန္)

#Unicode Version# ျဖင့္ဖတ္ပါ ။

” တောက်တီးတောက်တဲ့ ”

မနေ့ ညပိုင်းက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားစေတီတော်မှ မျက်နှာပုံပေါ်တယ်ဆိုပြီး ဘုရားအနီးတဝိုက်နဲ့ ဦးပွားဂုံးတံတေားပေါ် ကားတွေ ဆိုင်ကယ်တွေပိတ် လူတွေ ကြိတ်ကြိတ်တိုးနေရပါသတဲ့-ဆိုတဲ့အကြောင်း ဖတ်လိုက်ရ ကြည့်လိုက်ရပါ၏။

အဝေးက ကြည့်လျှင် လူမျက်နှာနှင့် တူရတယ်လို့ ထင်မိသော်လည်း မိမိမှာ အစကတည်းက ယုံကြည် မရှိခဲ့တာကြောင့် အရိပ်အရောင်တခုခုကြောင့် ဖြစ်ရမယ်လို့ တွေးထားမိပါတယ်။

မိလိန္ဒပဥှာကျမ်းမှာ စေတီပုထိုးတော်တို့မှ ရောင်ခြည်တော်လွှတ်ခြင်းစတဲ့ ထူးခြားဖြစ်စဉ်တွေဟာ

(၁) ရဟန္တာ

(၂) နတ်

(၃) လူ-ဟူသော ဤသုံးယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းခြင်းကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

” ဖြစ်ရိုးဖြစ်စဉ်များ ”

အချို့ရဟန္တာအရှင်မြတ်များဟာ စေတီတော်အကြောင်းပြုပြီး လူပုဂ္ဂိုလ်များ သဒ္ဓါတရားတိုးပွားကြပါစေ ရည်ရွယ်ချက်နဲ့ စေတီတော်မှ ထူးခြားအံ့သြဖွယ်ရာတွေ ဖြစ်ပါစေလို့ အဓိဋ္ဌာန်တော်မူကြသဖြင့် ရောင်ခြည်တော်လွှတ်ခြင်းစတဲ့ ထူးခြားဖွယ်ရာတွေ ဖြစ်တတ်ပါတယ်။

အချို့သော နတ်တို့ဟာ (အထူးသဖြင့် စေတီတော် အစောင့်နတ်တွေ) စေတီတော်မှ ထူးခြားဖွယ်ရာတွေကို လူတွေ ဖူးတွေ့ကြရလျှင် သဒ္ဓါတရားတွေ တိုးပွားကြပါစေ ရည်ရွယ်ချက်နဲ့ အချို့ အဓိဋ္ဌာန်ချက် ‘ အချို့ဖန်ဆင်းချက်ကြောင့်လည်း ရောင်ခြည်တော်လွှတ်ခြင်းစတဲ့ ထူးခြားတဲ့ ပြာဋိဟာတွေ ဖြစ်တတ်ကြပါတယ်။

မှတ်ချက်။ ။ အချို့အရာမ်တွင်းမှာ ရှိကြတဲ့ နတ် မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကလည်း ကန်တော့ပွဲညှိုးလို့ ထင်ပါရဲ့၊ တခါတလေ အထူးအဆန်းများ လုပ်ပြတတ်ကြပါတယ်။

အချို့သဒ္ဓါ သီလ ပညာတရား အားကောင်းတဲ့ အချို့ လူပုဂ္ဂိုလ်တွေဟာ ဘုရားစေတီတော်ကို တခုခု လှူဒါန်းပြီး ဆုတောင်း အဓိဋ္ဌာန်ချက်ကြောင့်လည်း ရောင်ခြည်တော်လွှတ်ချင်းစတဲ့ ထူးခြား အံ့သြဘွယ်ရာတွေ ဖြစ်တတ်ကြပါတယ်။

မှတ်ချက်။ ။ ယနေ့ခေတ်မှာ အချို့ ဘုရားနှင့် ပတ်သက်နေကြတဲ့ ဘုန်းကြီးတချို့၊ ဘုရားလူကြီးအချို့ကလည်း ဘုရား လူစည်ကားပြီး အလှူငွေများများရအောင် ရည်ရွယ်ချက်နဲ့လုပ်ကြံဖန်တီးတတ်ကြပါသေးတယ်။

“ ဦးပွားစေတီတော် အဖြစ်အမှန်”

မနေ့ညက ဦးပွားစေတီတော်မှ မျက်နှာပုံပေါ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ထီးတော်အောက် ငှက်ပျောဖူးတော်ဘေးက ချိပ်ဆွဲထားကြတဲ့ ခေါင်းလောင်း ညောင်ရွက်တွေကို အောက်က ပူဇော်ထားတဲ့ မီးအရောင်အရှိန်ကြောင့် ဖြစ်တာပါ။

” ငယ်ကဖြစ်စဉ် ”

လွန်ခဲ့တဲ့ နှစိပေါင်းသုံးဆယ်ခန့်က ရွာမှာ လပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာပေါ်နေတယ်လို့ ကောလာဟဠတစ်ခု ဖြစ်ပွားဘူးပါတယ်။

လထွက်ချိန်မှာ သေချာကြည့်လိုက်တော့ ငွေဆယ်ပြားစေခေါင်းဘက် ပါတဲ့ ဗိုလ်ချုပ်ပုံနဲ့ တူသလိုပါပဲ။

ဒါကို ကြည့်ပြီး ကိုရင် ကျောင်းသားတွေ ဝိုင်းအော်သံ ဆရာတော်ကြီးကြားတော့ ”

ဘာကြည့်ပြီး ဘာတွေ အော်နေကြတာလဲဟေ့” မေးတော်မူတော့ ” ဘုန်းကြီး လပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း အရုပ်ပေါ်လို့တဲ့ဘုရား”လို့ လျှေက့်ကြတော့ ဆရာတော်ကြီးက-
“အောင်မာ! တောက်တီးတောက်တဲ့ ပေါက်ပေါက်ရှာရှာ၊ လပေါ်မှာ နင်တို့အမေ့လင် ဗိုလ်ချုပ်ပုံ ပေါ်ရတယ်လို့ ၊ လပေါ်မှာ ယုန်ဝပ်တယ်ဘဲလို့ ကြားဘူးတယ်လို့” မိန့်တော်မူပြီး ကျောင်းထဲသို့ ဝင်သွားတော်မူပါတယ်။

ယခုလည်း ဒီအတိုင်းပါပဲ၊ အကျိုးအကြောင်း မဆင်ခြင်ကြပဲ မျက်နှာပေါ်တယ်ဆိုပြီး့ကော်မန့်တွေမှာ အချို့ သာဓုခေါ်ကြ၊ လက်အုပ်ချီကြနဲ့၊ ပေါ်တယ်ဆိုတဲ့ ရုပ်ပုံကလည်း ပြောင်ချော်ချော်နဲ့။
ဪ လူတွေ လူတွေလို့ သက်ပြင်းချမိရင်း

အသိညဏပညာများ သက်ဝင်နိုင်ကြပြီးအမှားအမှန်ကို ခွဲခြားနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:မေတ္တာဖြင့် ( အရှင်ကဝိန်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top