မႏၱေလး၊ မတ္လ 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်၌ မန္တလေး ကျုံးပတ်လည်တွင် ဖျော်ဖြေရေးမဏ္ဍပ် နှင့် ရေကစားမဏ္ဍပ်ကြီး (၂၇)ခု ထားရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။


'' ဒီနှစ် ကျုံးအနောက်ဘက်နဲ့ ကျုံးတောင်ဘက်မှပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ ရေကစားမဏ္ဍပ်ကြီးတွေကို ဆောက်လုပ်ခွင့်ပေးမှာပါ၊ သင်္ကြန်ကာလ ကျုံးပတ်လည် ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်စေဖို့ ရေကစားမဏ္ဍပ်ကြီးတွေကို အကန့်အသတ်နဲ့ ခွင့်ပြုသွားမှာပါ '' ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်နှစ်များက ကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်ကြီးများကို ချထားပေးခဲ့သည်။

ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်အပြင် ပြည်ထောင်စုသင်္ကြန်ကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်သာမက ကျုံးအရှေ့ဘက်တွင် တိုးချဲ့ကျင်းပမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျုံးအရှေ့ဘက် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်ကြီးများ ချထားပေးတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးမှ သိရသည်။

လက်ရှိ အစိုးရလက်ထက်တွင် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်တို့ကို ထည့်သွင်းကျင်းပခဲ့ပြီး ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန်အပြင် ပြည်ထောင်စုသင်္ကြန်ကို တိုးချဲ့ကျင်းပမည်ဖြစ်သည်။

ပြည်ထောင်စုသင်္ကြန်တွင် တိုင်းရင်းသားရိုးရာ ရေပတ်ကစားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာ အစားအသောက်များကို စတုဒီသာကျွေးခြင်း နှင့် ရောင်းချခြင်းတွေကို ထည့်သွင်းကျင်းပဖြစ်သည်။

၂၀၁၉ခုနှစ်၊ မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန် နှင့် ပြည်ထောင်စုသင်္ကြန်ကို မန္တလေး ကျုံးပတ်လည်တွင် ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာကပွဲများ၊ သံချပ်ပြိုင်ပွဲ နှင့် ယိမ်းအကအလှပြိုင်ပွဲများကိုလည်း မနော်ရမ္မံ လူထုနေရာတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: မိုးထက်မင်း

#Unicode Version# ဖြင့်ဖတ်ပါ ။

မန္တလေး၊ မတ်လ 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် မန္တလေးမြို့တော် မဟာသြင်္ကန်ပွဲတော်၌ မန္တလေး ကျုံးပတ်လည်တွင် ဖျော်ဖြေရေးမဏ္ဍပ် နှင့် ရေကစားမဏ္ဍပ်ကြီး (၂၇)ခု ထားရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျုံးအနောက်ဘက် (၈၀)လမ်း၊ (၁၂)လမ်း မှ (၂၆)လမ်းကြားတွင်  ဖျော်ဖြေရေးမဏ္ဍပ် နှင့် ရေကစားမဏ္ဍပ်ကြီး (၁၇)ခု၊ ကျုံးတောင်ဘက် (၁၂)လမ်း၊ (၆၆)လမ်း မှ လမ်း(၈၀)ကြားတွင်  ဖျော်ဖြေရေးမဏ္ဍပ် နှင့် ရေကစားမဏ္ဍပ်ကြီး (၁၀)ခု ထားရှိမည်ဖြစ်သည်။

'' ဒီနှစ် ကျုံးအနောက်ဘက်နဲ့ ကျုံးတောင်ဘက်မှပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ ရေကစားမဏ္ဍပ်ကြီးတွေကို ဆောက်လုပ်ခွင့်ပေးမှာပါ၊ သြင်္ကန်ကာလ ကျုံးပတ်လည် ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်စေဖို့ ရေကစားမဏ္ဍပ်ကြီးတွေကို အကန့်အသတ်နဲ့ ခွင့်ပြုသွားမှာပါ '' ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်နှစ်များက ကျုံးအေ့ရှဘက်၊ အနောက်ဘက်၊ မြောက်ဘက်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်ကြီးများကို ချထားပေးခဲ့သည်။

ယခုနှစ်တွင် လမ်းလျှောက်သြင်္ကန်အပြင် ပြည်ထောင်စုသြင်္ကန်ကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး လမ်းလျှောက်သြင်္ကန်ကို ကျုံးတောင်ဘက်သာမက ကျုံးအေ့ရှဘက်တွင် တိုးချဲ့ကျင်းပမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျုံးအေ့ရှဘက် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်ကြီးများ ချထားပေးတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးမှ သိရသည်။

လက်ရှိ အစိုးရလက်ထက်တွင် မန္တလေးမြို့တော် မဟာသြင်္ကန်ပွဲတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ လမ်းလျှောက်သြင်္ကန်၊ တောသြင်္ကန်တို့ကို ထည့်သွင်းကျင်းပခဲ့ပြီး ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသြင်္ကန်ပွဲတော်တွင် လမ်းလျှောက်သြင်္ကန်၊ တောသြင်္ကန်အပြင် ပြည်ထောင်စုသြင်္ကန်ကို တိုးချဲ့ကျင်းပမည်ဖြစ်သည်။

ပြည်ထောင်စုသြင်္ကန်တွင် တိုင်းရင်းသားရိုးရာ ရေပတ်ကစားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာ အစားအသောက်များကို စတုဒီသာကျွေးခြင်း နှင့် ရောင်းချခြင်းတွေကို ထည့်သွင်းကျင်းပဖြစ်သည်။

၂၀၁၉ခုနှစ်၊ မန္တလေးမြို့တော် မဟာသြင်္ကန်ပွဲတော်မှာ လမ်းလျှောက်သြင်္ကန်၊ တောသြင်္ကန် နှင့် ပြည်ထောင်စုသြင်္ကန်ကို မန္တလေး ကျုံးပတ်လည်တွင် ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာကပွဲများ၊ သံချပ်ပြိုင်ပွဲ နှင့် ယိမ်းအကအလှပြိုင်ပွဲများကိုလည်း မနော်ရမ္မံ လူထုနေရာတွင် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးထက်မင်း
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top