iMyanmarHouse.com - Best Property Website for Myanmar
×

၁၂.၃.၂၀၁၉ရက္ေန႔ ယေန႔ ေကာင္းမႈေတာ္ေစတီေတာ္ႀကီးကို သီတဂူဆရာေတာ္ဘုရားႀကီး၏ ညႊန္ၾကားမႈျဖင့္ အီတလီႏုုိင္ငံလုပ္ အျဖဴေရာင္ေဆးသကၤန္း ကပ္လွဴပူေဇာ္ေနျခင္း လုပ္ငန္းၿပီးစီးမႈ အေျခအေနကို အင္တာေနရွင္နယ္ရွိ သီတဂူကို ခ်စ္ၾကည္ညိဳသူမ်ားအတြက္ ၀မ္းေျမာက္စြာ သာဓုေခၚရန္ ရည္ရြယ္ကာ ႐ိုက္ကူး မွတ္တမ္းတင္လုုိက္ပါသည္ ခင္ဗ်ာ….

(၂၀.၃.၂၀၁၉)ရက္ေန႔ တေပါင္းလျပည့္ေန႔ သီတဂူဆရာေတာ္ဘုရားႀကီး၏ သက္ေတာ္(၈၂)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔နံနက္ (၅း၀၀)နာရီအခ်ိန္တြင္ အျဖဴေရာင္ေဆးသကၤန္းကပ္လွဴၿပီးေသာ ရာဇမဏိစူ႒ာေကာင္းမႈေတာ္ဘုရားႀကီးကို ပင့္သံဃာ အပါး(၁၀၀၀)တုိ႔က ဗုဒၶါဘိေသက အေနကဇာတင္မည္။

သံဃာအပါး(၁၀၀၀)ဆြမ္းေလာင္းမည္။ ကမၻာ့အႀကီးဆုံး စည္ေတာ္ႀကီးကိုလည္း ဖြင့္လွစ္တီးခတ္ပါမည္။ ဆြမ္းေလာင္းလွဴေနစဥ္ ႏိုင္ငံေက်ာ္ အဆုိေတာ္ေဒၚရီရီသန္႔က ရတုပုိဒ္စုံရြတ္ဆုိပူေဇာ္ျခင္း၊ မုိးဇာေဗ်ာအဖြဲ႔က ဓမၼေတးမ်ား ပူေဇာ္သီဆုိျခင္း၊ နံနက္(၁၀း၀၀)အခ်ိန္တြင္ ဘုရားႀကီး အရပ္(၄)မ်က္ႏွာတုိ႔တြင္ စတုဒိသာ ထမင္းမ်ား ေကြ်းေမြးဧည့္ခံျခင္း၊

ေန႔လယ္ (၁၁း၀၀)နာရီတြင္ “ျမတရာ” အၿငိမ့္ျဖင့္ ဧည့္ခံေဖ်ာ္ေျဖမည္ျဖစ္ပါသည္။ ထုိ႔အျပင္ (၂၁.၃.၂၀၁၉)ရက္ တေပါင္းလျပည့္ေက်ာ္(၁)ရက္ေန႔ နံနက္(၆း၀၀)နာရီအခ်ိန္တြင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးႏွင့္ တပည့္မ်ားက သီလရွင္အပါး(၁၀၀၀)တုုိ႔ကို ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း အခမ္းအနားမ်ားရွိေၾကာင္းကုိ ႀကိဳတင္ကာ သတင္းေကာင္းပါးလုိက္ရပါသည္ ခင္ဗ်ာ။ တျပည္လုံး ဖိတ္ေခၚပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သီတဂူဓမၼသဘင္​ liv
#Unicode Version#
၁၂.၃.၂၀၁၉ရက်နေ့ ယနေ့ ကောင်းမှုတော်စေတီတော်ကြီးကို သီတဂူဆရာတော်ဘုရားကြီး၏ ညွှန်ကြားမှုဖြင့် အီတလီနိုင်ငံလုပ် အဖြူရောင်ဆေးသင်္ကန်း ကပ်လှူပူဇော်နေခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကို အင်တာနေရှင်နယ်ရှိ သီတဂူကို ချစ်ကြည်ညိုသူများအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ရန် ရည်ရွယ်ကာ ရိုက်ကူး မှတ်တမ်းတင်လိုက်ပါသည် ခင်ဗျာ….

(၂၀.၃.၂၀၁၉)ရက်နေ့ တပေါင်းလပြည့်နေ့ သီတဂူဆရာတော်ဘုရားကြီး၏ သက်တော်(၈၂)နှစ်ပြည့် ဝိဇာတမွေးနေ့နံနက် (၅း၀၀)နာရီအချိန်တွင် အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးသော ရာဇမဏိစူဋ္ဌာကောင်းမှုတော်ဘုရားကြီးကို ပင့်သံဃာ အပါး(၁၀၀၀)တို့က ဗုဒ္ဓါဘိသေက အနေကဇာတင်မည်။

သံဃာအပါး(၁၀၀၀)ဆွမ်းလောင်းမည်။ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကိုလည်း ဖွင့်လှစ်တီးခတ်ပါမည်။ ဆွမ်းလောင်းလှူနေစဉ် နိုင်ငံကျော် အဆိုတော်ဒေါ်ရီရီသန့်က ရတုပိုဒ်စုံရွတ်ဆိုပူဇော်ခြင်း၊ မိုးဇာဗျောအဖွဲ့က ဓမ္မတေးများ ပူဇော်သီဆိုခြင်း၊ နံနက်(၁၀း၀၀)အချိန်တွင် ဘုရားကြီး အရပ်(၄)မျက်နှာတို့တွင် စတုဒိသာ ထမင်းများ ကျွေးမွေးဧည့်ခံခြင်း၊

နေ့လယ် (၁၁း၀၀)နာရီတွင် “မြတရာ” အငြိမ့်ဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ပါသည်။ ထို့အပြင် (၂၁.၃.၂၀၁၉)ရက် တပေါင်းလပြည့်ကျော်(၁)ရက်နေ့ နံနက်(၆း၀၀)နာရီအချိန်တွင် ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် တပည့်များက သီလရှင်အပါး(၁၀၀၀)တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားများရှိကြောင်းကို ကြိုတင်ကာ သတင်းကောင်းပါးလိုက်ရပါသည် ခင်ဗျာ။ တပြည်လုံး ဖိတ်ခေါ်ပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:သီတဂူဓမ္မသဘင် liv
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top