ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×





Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

ပေါက်တဲ့အိုး အယ်လ်ဘမ်နဲ့ ပရိသတ်တွေ တခဲနက်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် အေသင်ချိုဆွေကတော့ လက်ရှိမှာ Single Mother တယောက်အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေရဲ့ သီချင်းတွေကတော့ အရမ်းကို အောင်မြင်ခဲ့ပြီး လက်ရှိချိန်ထိလည်း ပရိသတ်တွေ ပါးစပ်ထဲမှာ ဆွဲနေတုန်းပါပဲ။ ဒါပေမယ့်လည်း အနုပညာလောကကနေ ခဏတာပျောက်သွားခဲ့ပြီး လက်ရှိချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ ပရိသတ်တွေအချစ်ကိုရထားပေမယ့်လည်း သူမရဲ့ အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း သူမကတော့ Single Mother တယောက် အနေနဲ့ သူမရဲ့ဘဝကိုလက်ရှိအချိန်မှာ ရဲရဲဝံ့ဝံ့ ဖြတ်သန်းနေပြီး သူမရဲ့ တဦးထဲသော သမီးလေး Ivy ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတာ ဖြစ်ပါတယ်။ သမီးလေး Ivy ကိုတော့ အေသင်ချိုဆွေက ယခုနောက်ပိုင်းမှာအမြဲတမ်းလိုလို သူမရဲ့ လှုပ်ရှားမှုတွေထဲမှာ အမြဲတမ်းပါဝင်စေခဲ့ပါတယ်။ သမီးလေးကလည်း အေသင်ချိုဆွေလိုမျိုးပဲ အနုပညာပိုး ပါပြီးသား ဖြစ်ပါတယ်။

လက်ရှိမှာလည်းသမီးလေး Ivy လေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကိုတော့ အေသင်ချိုဆွေကတော့ ဗီဒီယိုလေး ရိုက်ပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။ ဗီဒီယိုလေးကိုတော့ “The Beauty Blogger Ivy” ကဲ အားပေးလိုက်ကြပါဦးဆိုပြီးတော့ သူမရဲ့ သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

ဗီဒီယိုလေးက တိုတိုလေးဖြစ်ပေမယ့်လည်း Ivy လေးကိုတော့ ပရိသတ်တွေ တော်တော်လေး ချစ်သွားကြမယ် ထင်ပါတယ်။ သူရဲ့ လက်သေးသေးလေးတွေနဲ့ အမေရဲ့ အလှပြင်ပစ္စည်းတွေကို ယူပြီးတော့ အလှပြင်နေတာ ဖြစ်ပါတယ်။ ပြင်ထားတာကလည်း ကလေးလေးဆိုတော့ မျက်နှာတခုလုံး ပေပွနေတာပါ။ ဒါကြောင့်လည်း ပိုပြီးတော့ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေသမီးလေး Ivy ရဲ့ချစ်စရာဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top