iMyanmarHouse.com - Best Property Website for Myanmar
×


အခ်ိန္ပိုဆင္းတယ္ဆိုတာ ၾကားတိုင္းေကာင္းတဲ့ စကားတစ္ခြန္း မဟုတ္ေတာ့ပါဘူး။ အခ်ိန္ပိုဆင္းတာက သင့္ရဲ႕ ပိုက္ဆံအိတ္ကို ေဖာင္းေကာင္းေဖာင္းေစပါမယ္။ လုပ္ငန္းခြင္မွာ လည္း တိုးတက္ေကာင္းတိုးတက္ေစပါလိမ့္မယ္။ ဒါေပမဲ့ အသစ္ေတြ႕ရွိလိုက္တဲ့ သူ ေတသ န တစ္ရပ္မွာေတာ့အလုပ္ခ်ိန္အမ်ားႀကီးပိုလုပ္တဲ့အမ်ိဳးသမီး ေတြဟာ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္မႈ တိုးပြားေစတယ္လို႔ ဆိုလိုက္ပါတယ္။

ကေနဒါႏိုင္ငံကသုေတသီေတြရဲ႕ ေတြ႔ရွိခ်က္မွာေတာ့ အလုပ္ပိုလုပ္တဲ့သူေတြ (အခ်ိန္ပိုဆင္းၿပီး အလုပ္လုပ္သူေတြ)မွာ တျခားသူေတြထက္ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားၿပီး အထူးသျဖင့္ အမ်ိဳးသမီးေတြမွာလို႔ ဆိုထားပါတယ္။ သုေတသီေတြဟာ အသက္ ၃၅ ႏွစ္ကေန ၇၄ ႏွစ္အတြင္းရွိတဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဦးေရ ၇၀၀၀ ေက်ာ္တို႔ရဲ႕ ေဆးမွတ္တမ္းေတြကို အသံုးျပဳၿပီး သုေတသနလုပ္ခဲ့ရာမွာ အလုပ္ခ်ိန္အလိုက္ ကြဲလြဲတဲ့အခ်က္ေတြကုိ ရွာေဖြႏိုင္ခဲ့ၾကပါတယ္။

သူတို႔ေတြဟာ လူ၁၀ေယာက္မွာ ၁ ေယာက္ဟာဆီးခ်ိဳေရာဂါတိုးႏိုင္ၿပီး အထူးသျဖင့္ အသက္ႀကီးၿပီး အဝလြန္ေနတဲ့ အမ်ိဳးသားေတြမွာ ဒီအခ်က္ကို ေတြ႔ခဲ့ရပါတယ္။ ဒါေပမဲ့ လည္း အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေျခ နဂိုတည္းကမ်ားၿပီးသား ဆိုတဲ့အတိုင္းပဲ တစ္ပတ္ကို ၄၅ နာရီထက္ပိုလုပ္တဲ့ အမ်ိဳးသမီးေတြဟာ ပံုမွန္အခ်ိန္အတိုင္း အလုပ္လုပ္တဲ့ အမ်ိဳးသမီးေတြထက္ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္မႈ ၆၂ ရာခိုင္ႏႈန္း ပိုေနတာ ေတြ႔ခဲ့ ရပါတယ္။

ဒီအခ်က္နဲ႔ပတ္သက္ၿပီး “ အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ပိုက္ဆံရတဲ့အခ်ိန္နဲ႔ ပိုက္ဆံမရတဲ့အလုပ္ခ်ိန္ ကြာေကာင္းကြာလိမ့္မယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြက်ေတာ့ ပိုက္ဆံမရတဲ့ အိမ္အလုပ္လို၊ မိသားစုတာဝန္ေတြမွာ ႏွစ္ဆလုပ္ေနရသလို ျဖစ္ေနတာေပါ့" လို႔ ဒီသုေတသနရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ေဒါက္တာ Mahée Gilbert-Ouimet က ဆိုလိုက္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ အဲဒီအလုပ္ေတြေၾကာင့္ စိတ္ဖိစိမႈကိုတိုးပြားေစတဲ့ ေဟာ္မုန္းေတြျဖစ္ေပၚလာႏိုင္သလိုေသြးတြင္းသၾကားဓာတ္ကိုလည္း သြားၿပီး အက်ိဳးသက္ေရာက္မႈ ျဖစ္ေစလို႔လို႔ ဆိုပါတယ္။

တကယ္လို႔ ပံုမွန္အလုပ္ခ်ိန္ျဖစ္တဲ့ တစ္ပတ္ကို နာရီ ၄၀ ထက္ပိုၿပီး အလုပ္မလုပ္လို႔ မျဖစ္ဘူး ဆိုရင္လည္း အမ်ိဳးသမီးေတြအေနနဲ႔ ဆရာဝန္နဲ႔ ပံုမွန္တိုင္ပင္ေဆြး ေႏြးၿပီး ဆီး ခ်ိဳနဲ႔ပတ္သက္တဲ့ စစ္ေဆးမႈေတြခံယူတာမ်ိဳး၊ က်န္းမာေရးကို အေထာက္အကူျဖစ္ေစမယ့္ ကိုယ္လက္လႈပ္ရွား အားကစားလုပ္တာတို႔၊ ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္ၾကဉ္တာတို႔ အရက္ေသစာေသာက္စား တာကို ေလွ်ာ့ခ်တာတို႔၊ ေကာင္းစြာနားေန အိပ္စက္တာတို႔၊ အာဟာရျပည့္ဝစြာ စားသံုးတာတို႔ အစရွိတဲ့ တျခားနည္းလမ္းေတြနဲ႔ ဆီးခ်ိဳေရာဂါျဖစ္ပြားႏိုင္မႈကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သုေတသနကေဖာ္ျပလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

#Unicode Version#

အချိန်ပိုဆင်းတယ်ဆိုတာ ကြားတိုင်းကောင်းတဲ့ စကားတစ်ခွန်း မဟုတ်တော့ပါဘူး။ အချိန်ပိုဆင်းတာက သင့်ရဲ့ ပိုက်ဆံအိတ်ကို ဖောင်းကောင်းဖောင်းစေပါမယ်။ လုပ်ငန်းခွင်မှာ လည်း တိုးတက်ကောင်းတိုးတက်စေပါလိမ့်မယ်။ ဒါပေမဲ့ အသစ်တွေ့ရှိလိုက်တဲ့ သူ တေသ န တစ်ရပ်မှာတော့အလုပ်ချိန်အများကြီးပိုလုပ်တဲ့အမျိုးသမီး တွေဟာ ဆီးချိုရောဂါဖြစ်နိုင်မှု တိုးပွားစေတယ်လို့ ဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံကသုတေသီတွေရဲ့ တွေ့ရှိချက်မှာတော့ အလုပ်ပိုလုပ်တဲ့သူတွေ (အချိန်ပိုဆင်းပြီး အလုပ်လုပ်သူတွေ)မှာ တခြားသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုများပြီး အထူးသဖြင့် အမျိုးသမီးတွေမှာလို့ ဆိုထားပါတယ်။ သုတေသီတွေဟာ အသက် ၃၅ နှစ်ကနေ ၇၄ နှစ်အတွင်းရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးဦးရေ ၇၀၀၀ ကျော်တို့ရဲ့ ဆေးမှတ်တမ်းတွေကို အသုံးပြုပြီး သုတေသနလုပ်ခဲ့ရာမှာ အလုပ်ချိန်အလိုက် ကွဲလွဲတဲ့အချက်တွေကို ရှာဖွေနိုင်ခဲ့ကြပါတယ်။

သူတို့တွေဟာ လူ၁၀ယောက်မှာ ၁ ယောက်ဟာဆီးချိုရောဂါတိုးနိုင်ပြီး အထူးသဖြင့် အသက်ကြီးပြီး အဝလွန်နေတဲ့ အမျိုးသားတွေမှာ ဒီအချက်ကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးချိုရောဂါဖြစ်နိုင်ခြေ နဂိုတည်းကများပြီးသား ဆိုတဲ့အတိုင်းပဲ တစ်ပတ်ကို ၄၅ နာရီထက်ပိုလုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်အချိန်အတိုင်း အလုပ်လုပ်တဲ့ အမျိုးသမီးတွေထက် ဆီးချိုရောဂါဖြစ်နိုင်မှု ၆၂ ရာခိုင်နှုန်း ပိုနေတာ တွေ့ခဲ့ ရပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး “ အမျိုးသားရော အမျိုးသမီးမှာပါ ပိုက်ဆံရတဲ့အချိန်နဲ့ ပိုက်ဆံမရတဲ့အလုပ်ချိန် ကွာကောင်းကွာလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေကျတော့ ပိုက်ဆံမရတဲ့ အိမ်အလုပ်လို၊ မိသားစုတာဝန်တွေမှာ နှစ်ဆလုပ်နေရသလို ဖြစ်နေတာပေါ့" လို့ ဒီသုတေသနရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ Mahée Gilbert-Ouimet က ဆိုလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ အဲဒီအလုပ်တွေကြောင့် စိတ်ဖိစိမှုကိုတိုးပွားစေတဲ့ ဟော်မုန်းတွေဖြစ်ပေါ်လာနိုင်သလိုသွေးတွင်းသကြားဓာတ်ကိုလည်း သွားပြီး အကျိုးသက်ရောက်မှု ဖြစ်စေလို့လို့ ဆိုပါတယ်။

တကယ်လို့ ပုံမှန်အလုပ်ချိန်ဖြစ်တဲ့ တစ်ပတ်ကို နာရီ ၄၀ ထက်ပိုပြီး အလုပ်မလုပ်လို့ မဖြစ်ဘူး ဆိုရင်လည်း အမျိုးသမီးတွေအနေနဲ့ ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ဆွေး နွေးပြီး ဆီး ချိုနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေခံယူတာမျိုး၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတို့၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်တာတို့ အရက်သေစာသောက်စား တာကို လျှော့ချတာတို့၊ ကောင်းစွာနားနေ အိပ်စက်တာတို့၊ အာဟာရပြည့်ဝစွာ စားသုံးတာတို့ အစရှိတဲ့ တခြားနည်းလမ်းတွေနဲ့ ဆီးချိုရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ သုတေသနကဖော်ပြလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top