ပုဂၢလိကအငွားတကၠစီကို ငွားရမ္းစီးနင္းလာေသာ အမ်ိဳးသမီးတစ္ဦး အရက္မူးလြန္ကာ ေသဆုံးေနသည့္အတြက္ ယာဥ္ေမာင္းက အေရးေပၚနဲ႔ ရဲဌါနကို အေၾကာင္းၾကားခဲ့မွုတစ္ခု ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၂၄ ရက္ (တနဂၤေႏြေန႔) နံနက္ ၃ နာရီခြဲ အခ်ိန္ခန႔္တြင္ စင္ကာပူနိုင္ငံ ကြန္မန႔္ေဝါသ္ရပ္ကြက္ရွိ လူေနအိမ္တိုက္ခန္း ကားပါကင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အသက္ ၂၇ ႏွစ္အရြယ္ ခရီးသည္အမ်ိဳးသမီးဟာ တဲေလာ့ကူ႐ူး ရပ္ကြက္မွ ဒရီးဒယိုင္နဲ႔ အရက္မူးေနခဲ့ဟန္တူၿပီး ကြန္မန႔္ေဝါ့သ္ရပ္ကြက္သို႔ ကားငွားစီးလာခဲ့ေၾကာင္း ယာဥ္ေမာင္းက ေျပာၾကားခဲ့သည္။
 
ငွားထားတဲ့ေနရာေရာက္တဲ့အခါ အမ်ိဳးသမီးက မနိုးလို႔ ယာဥ္ေမာင္းက ႏွိုးၾကည့္တဲ့အခါမွာ ဘာတုံ႔ျပန္မွုမွမရခဲ့တဲ့အတြက္ သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ပါတယ္။
“ကားထဲမွာ ထီးတစ္ေခ်ာင္းေတြ႕တယ္၊ ယာဥ္ေမာင္းက ထီးနဲ႔အမ်ိဳးသမီးကို တို႔ၿပီး ႏွိုးၾကည့္ခဲ့ဟန္တူပါတယ္၊ ၁၅ မိနစ္ေလာက္ၾကာတဲ့ထိ ဘာမွ မထူးေတာ့ အေရးေပၚကို အေၾကာင္းၾကားခဲ့တာ” ဟု ရဲက ေျပာၾကားခဲ့ပါတယ္။

အေရးေပၚကယ္ဆယ္ေရးက လာေရာက္စစ္ေဆးတဲ့အခါ အမ်ိဳးသမီးမွာ အမူးလြန္သတိလစ္ၿပီး ေသဆုံးသြားခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ပုဂ္ဂလိကအငှားတက္ကစီကို ငှားရမ်းစီးနင်းလာသော အမျိုးသမီးတစ်ဦး အရက်မူးလွန်ကာ သေဆုံးနေသည့်အတွက် ယာဉ်မောင်းက အရေးပေါ်နဲ့ ရဲဌါနကို အကြောင်းကြားခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက် (တနင်္ဂနွေနေ့) နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် စင်ကာပူနိုင်ငံ ကွန်မန့်ဝေါသ်ရပ်ကွက်ရှိ လူနေအိမ်တိုက်ခန်း ကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၂၇ နှစ်အရွယ် ခရီးသည်အမျိုးသမီးဟာ တဲလော့ကူရူး ရပ်ကွက်မှ ဒရီးဒယိုင်နဲ့ အရက်မူးနေခဲ့ဟန်တူပြီး ကွန်မန့်ဝေါ့သ်ရပ်ကွက်သို့ ကားငှားစီးလာခဲ့ကြောင်း ယာဉ်မောင်းက ပြောကြားခဲ့သည်။

ငှားထားတဲ့နေရာရောက်တဲ့အခါ အမျိုးသမီးက မနိုးလို့ ယာဉ်မောင်းက နှိုးကြည့်တဲ့အခါမှာ ဘာတုံ့ပြန်မှုမှမရခဲ့တဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။
“ကားထဲမှာ ထီးတစ်ချောင်းတွေ့တယ်၊ ယာဉ်မောင်းက ထီးနဲ့အမျိုးသမီးကို တို့ပြီး နှိုးကြည့်ခဲ့ဟန်တူပါတယ်၊ ၁၅ မိနစ်လောက်ကြာတဲ့ထိ ဘာမှ မထူးတော့ အရေးပေါ်ကို အကြောင်းကြားခဲ့တာ” ဟု ရဲက ပြောကြားခဲ့ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးက လာရောက်စစ်ဆေးတဲ့အခါ အမျိုးသမီးမှာ အမူးလွန်သတိလစ်ပြီး သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top