တူတူထုိင္ေနၾကတာခ်င္း အတူတူ သူမ်ားကိုက် ျခင္မကိုက္ဘဲ ကိုယ့္ကိုမွ ျခင္က ေရြးျပီး မ်က္စိက်တဲ့ အျဖစ္အပ်က္မ်ိဳး လူတုိင္းစီမွာ ရွိခဲ့ဖူးမွာပါ။ ကိုယ့္ကုိေခ်ာလြန္းလို႕ဆုိျပီး ေရြးကိုက္တာမဟုတ္တာကေတာ့ ေသခ်ာတယ္ေလ။ ဒါဆို ဘာေၾကာင့္ကိုယ့္က်မွ ျခင္ကိုက္တာပိုခံရတာလဲ။

 ျခင္နဲ႔ ကိုယ္ၾကားမွာ သံလိုက္စက္ကြင္းမ်ားရွိေနျပီလား ။ ။
သင့္ကိုမွေရြးျပီး ျခင္ကိုက္တာ ဒါေတြ ေၾကာင့္ ျဖစ္ႏုိင္ပါတယ္ ။ ။
ပိုျပီးထင္သာျမင္သာရွိလိုပါ ။ ။

ျခင္ ေတြဟာ သူတုိ႔ရဲ႕ ေကာင္းလြန္းတဲ့ အျမင္အာရံုကို အသံုးခ်ျပီး သားေကာင္ကို ရွာေဖြၾကတာျဖစ္ပါတယ္။ အထူးသျဖင့္ မြန္းလြဲခ်ိန္ဆို သူတုိ႕ အျမင္အာရံုပိုစူးရွၾကပါတယ္။ အဲဒီအခ်ိန္မွာ ကိုယ္က အက်ီၤအနက္ေရာင္၊ အနီေရာင္ဝတ္ထားခဲ့မိလို႕ကေတာ့ အားလံုးထဲမွာ သင္ဟာ သူတို႕အတြက္ အထင္ေပၚဆံုး ျဖစ္ေနေတာ့မွာပါ။

ကိုယ္သင္းနံ႕။  ။

ျခင္ ေတြက ေသြးစုပ္ေပမယ့္ ငါးမန္းေတြလိုမ်ိဳး ေသြးကို အနံ႕ခံျပီး သားေကာင္ကိုရွာတာမဟုတ္ပါဘူး။ သူတို႕အတြက္ သားေကာင္ရွိရာကို ျပေပးတဲ့လမ္းေၾကာင္းကေတာ့ သင့္ကိုယ္ကေနထြက္တဲ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ပဲျဖစ္ပါတယ္။

ကာဘြန္ဒိုင္ေအာက္ဆိုဒ္ဆိုမွေတာ့ ေမြးပ်ံ႕တဲ့ရနံ႕ေတြ မဟုတ္တာေတာ့ ေသခ်ာတာေပါ့။ ဒီေတာ့ ေခၽြးအရမ္းထြက္တာေၾကာင့္ နံေနတဲ့ ကိုယ္နံ႕ေတြဟာ ျခင္ေတြအတြက္ေတာ့ ဆြဲေဆာင္မႈရွိတဲ့အရာေတြပါ။

ေသြးအမ်ိဳးအစား။ ။

ျခင္ေတြမွာလည္း သူတို႕ၾကိဳက္တဲ့ ေသြးအမ်ိဳးအစားရွိပါတယ္။ ေသြးထဲမွာရွိတဲ့ ပရိုတင္းကို ျခင္ဥဥရတဲ့ေနရာမွာ အသံုးခ်ရတာေၾကာင့္ ပရိုတင္းမ်ားတဲ့ ေသြးျဖစ္ေလျခင္ပိုၾကိဳက္ေလ ျဖစ္ပါတယ္။

ဒီေတာ့ ဘယ္ေသြးအမိ်ဳးအစားကို ျခင္ေတြပိုၾကိဳက္ၾကလဲ။  ကံထူးသူေတြကေတာ့ အိုေသြးပိုင္ရွင္ ေတြပါ။ အိုေသြးပိုင္ရွင္ေတြဟာ အျခား အမ်ိဳးအစား ေသြး ပိုင္ရွင္ေတြထက္ ပိုျပီး ျခင္ကိုက္ခံရတတ္ပါတယ္။

အပူလိႈင္းနဲ႔ ေခၽြး ။ ။

ျခင္ေတြသားေကာင္ကိုလုိက္တဲေနရာမွာ ကာဘြန္ဒိုင္ေအာက္ဆုိဒ္အျပင္ အျခား ေခၽြးထဲမွာပါတဲ့ လက္တစ္အက္ဆစ္၊ ယူရစ္အက္ဆစ္နဲ႔ အမိုးနီးယားတို႕ကိုလည္း အသံုးခ်ပါေသးတယ္။

 ေလ့က်င့္ခန္းလုပ္ျပီး ေခၽြးထြက္မ်ား ေနတဲ့အခ်ိန္ဆို လက္တစ္အက္ဆစ္မ်ားေနတတ္ျပီး၊ တစ္ခ်ိဳ႕ မ်ိဳးရိုးဗီဇေၾကာင့္ ယူရစ္အက္ဆစ္မ်ားေနတတ္တဲ့သူေတြဟာ သူတုိ႕အတြက္ ဆြဲေဆာင္မႈ အရွိဆံုး သားေကာင္ေတြပါ။

အေရျပားေပၚက သက္ရွိမ်ား ။ ။

တစ္ခ်ိဳ႕ေလ့လာခ်က္ေတြအရေတာ့ အေရျပား ေပၚမွာရွိတဲ့ အျခားဘက္တီးရီး ယားေတြဟာ ျခင္ေတြကို ဖိတ္ေခၚသလိုျဖစ္ေနတယ္လို႕ ဆုိပါတယ္။ ဒါေၾကာင့္ ဘက္တီးရီးယားေတြ ေပါမ်ားတဲ့ ေျခေထာက္တုိ႕၊ ေျခသလံုးတုိ႕၊ ကို ျခင္ပိုကုိက္ တာ ျဖစ္ႏုိ္င္တယ္လို႕ဆိုပါတယ္။ အက်ီၤလက္ရွည္ ေဘာင္းဘီလက္ရွည္ ဝတ္မထား တာလည္း ပါမွာေပါ့။  ဘက္တီးရီးယားေတြကို သူတုိ႕ ပိုျမင္ရတယ္ေလ။

ကိုယ္ဝန္ ။ ။

ေလ့လာခ်က္ေတြအရ ကုိယ္ဝန္ရွိတဲ့ အမ်ိဳးသမီးေတြကို ငွက္ဖ်ားေရာဂါသယ္ေဆာင္ထားတဲ့ ျခင္မေတြက သေဘာက်ၾကတယ္လို႔ ဆုိပါတယ္။ ျခင္ထီးက လူေသြး မစုပ္ဘူးေလ။

ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ဝန္ရွိတဲ့ အမ်ိဳးသမီးေတြ ရဲ႕ႏွာေခါင္းကေန ကာဘြန္ဒိုင္ေအာက္ဆုိဒ္ အျခားလူေတြထြက္ပိုုထြက္တတ္တာနဲ႔ ကိုယ္ဝန္ေၾကာင့္ ကိုယ္အပူခ်ိန္ ျမင့္တက္ေနတာေတြဟာ ျခင္မေတြကို ဆြဲေဆာင္ေနတဲ့ အရာေတြ ပါ။

ဘီယာ ။ ။

လူေတြတင္မဟုတ္ပါဘူး။ ျခင္ေတြလည္း ဘီယာကို ၾကိဳက္ၾကတယ္ဆိုတာ သင္သိပါသလား။ ဘီယာကိုၾကိဳက္ရင္ ဘီယာကိုပဲေသာက္ေပါ့လုိ႔ ေျပာစရာရွိေပမယ္ သူတုိ႕ၾကိဳက္တာ ဘီယာေသာက္ထားတဲ့သူေတြကိုိပါ။ ဘီယာေသာက္ထားလို႕ ထြက္လာတဲ့ ကုိယ္နံ႕ရယ္၊ ဘီယာေၾကာင့္ ေႏြးလာတဲ့ ကိုယ္အပူခ်ိန္ရယ္က သူတုိ႕ ကိုက္ခ်င္ေအာင္ ဆြဲေဆာင္ေနလို႕ပါ။

ဒါေတြကေတာ့ ဘာေၾကာင့္ ကိုယ့္က်မွ ျခင္ပိုကိုက္ရတာလဲဆိုတဲ့ အေၾကာင္းအရင္းေတြ ျဖစ္ပါတယ္ ။ ဒါေလးေတြ သိထားျပီဆိုေတာ့ ျခင္ကိုက္တာခံရတာ မၾကိဳက္ရင္ ေရွာင္ၾကတာေပါ့ ။  ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


တူတူထိုင်နေကြတာချင်း အတူတူ သူများကိုကျ ခြင်မကိုက်ဘဲ ကိုယ့်ကိုမှ ခြင်က ရွေးပြီး မျက်စိကျတဲ့ အဖြစ်အပျက်မျိုး လူတိုင်းစီမှာ ရှိခဲ့ဖူးမှာပါ။ ကိုယ့်ကိုချောလွန်းလို့ဆိုပြီး ရွေးကိုက်တာမဟုတ်တာကတော့ သေချာတယ်လေ။ ဒါဆို ဘာကြောင့်ကိုယ့်ကျမှ ခြင်ကိုက်တာပိုခံရတာလဲ။

 ခြင်နဲ့ ကိုယ်ကြားမှာ သံလိုက်စက်ကွင်းများရှိနေပြီလား ။ ။
သင့်ကိုမှရွေးပြီး ခြင်ကိုက်တာ ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ။
ပိုပြီးထင်သာမြင်သာရှိလိုပါ ။ ။

ခြင် တွေဟာ သူတို့ရဲ့ ကောင်းလွန်းတဲ့ အမြင်အာရုံကို အသုံးချပြီး သားကောင်ကို ရှာဖွေကြတာဖြစ်ပါတယ်။ အထူးသဖြင့် မွန်းလွဲချိန်ဆို သူတို့ အမြင်အာရုံပိုစူးရှကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က အကျီၤအနက်ရောင်၊ အနီရောင်ဝတ်ထားခဲ့မိလို့ကတော့ အားလုံးထဲမှာ သင်ဟာ သူတို့အတွက် အထင်ပေါ်ဆုံး ဖြစ်နေတော့မှာပါ။

ကိုယ်သင်းနံ့။  ။

ခြင် တွေက သွေးစုပ်ပေမယ့် ငါးမန်းတွေလိုမျိုး သွေးကို အနံ့ခံပြီး သားကောင်ကိုရှာတာမဟုတ်ပါဘူး။ သူတို့အတွက် သားကောင်ရှိရာကို ပြပေးတဲ့လမ်းကြောင်းကတော့ သင့်ကိုယ်ကနေထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ပဲဖြစ်ပါတယ်။

ကာဘွန်ဒိုင်အောက်ဆိုဒ်ဆိုမှတော့ မွေးပျံ့တဲ့ရနံ့တွေ မဟုတ်တာတော့ သေချာတာပေါ့။ ဒီတော့ ချွေးအရမ်းထွက်တာကြောင့် နံနေတဲ့ ကိုယ်နံ့တွေဟာ ခြင်တွေအတွက်တော့ ဆွဲဆောင်မှုရှိတဲ့အရာတွေပါ။

သွေးအမျိုးအစား။ ။

ခြင်တွေမှာလည်း သူတို့ကြိုက်တဲ့ သွေးအမျိုးအစားရှိပါတယ်။ သွေးထဲမှာရှိတဲ့ ပရိုတင်းကို ခြင်ဥဥရတဲ့နေရာမှာ အသုံးချရတာကြောင့် ပရိုတင်းများတဲ့ သွေးဖြစ်လေခြင်ပိုကြိုက်လေ ဖြစ်ပါတယ်။

ဒီတော့ ဘယ်သွေးအမျိုးအစားကို ခြင်တွေပိုကြိုက်ကြလဲ။  ကံထူးသူတွေကတော့ အိုသွေးပိုင်ရှင် တွေပါ။ အိုသွေးပိုင်ရှင်တွေဟာ အခြား အမျိုးအစား သွေး ပိုင်ရှင်တွေထက် ပိုပြီး ခြင်ကိုက်ခံရတတ်ပါတယ်။

အပူလှိုင်းနဲ့ ချွေး ။ ။

ခြင်တွေသားကောင်ကိုလိုက်တဲနေရာမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်အပြင် အခြား ချွေးထဲမှာပါတဲ့ လက်တစ်အက်ဆစ်၊ ယူရစ်အက်ဆစ်နဲ့ အမိုးနီးယားတို့ကိုလည်း အသုံးချပါသေးတယ်။

 လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်များ နေတဲ့အချိန်ဆို လက်တစ်အက်ဆစ်များနေတတ်ပြီး၊ တစ်ချို့ မျိုးရိုးဗီဇကြောင့် ယူရစ်အက်ဆစ်များနေတတ်တဲ့သူတွေဟာ သူတို့အတွက် ဆွဲဆောင်မှု အရှိဆုံး သားကောင်တွေပါ။

အရေပြားပေါ်က သက်ရှိများ ။ ။

တစ်ချို့လေ့လာချက်တွေအရတော့ အရေပြား ပေါ်မှာရှိတဲ့ အခြားဘက်တီးရီး ယားတွေဟာ ခြင်တွေကို ဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေ ပေါများတဲ့ ခြေထောက်တို့၊ ခြေသလုံးတို့၊ ကို ခြင်ပိုကိုက် တာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အကျီၤလက်ရှည် ဘောင်းဘီလက်ရှည် ဝတ်မထား တာလည်း ပါမှာပေါ့။  ဘက်တီးရီးယားတွေကို သူတို့ ပိုမြင်ရတယ်လေ။

ကိုယ်ဝန် ။ ။

လေ့လာချက်တွေအရ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ငှက်ဖျားရောဂါသယ်ဆောင်ထားတဲ့ ခြင်မတွေက သဘောကျကြတယ်လို့ ဆိုပါတယ်။ ခြင်ထီးက လူသွေး မစုပ်ဘူးလေ။

ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ ရဲ့နှာခေါင်းကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် အခြားလူတွေထွက်ပိုထွက်တတ်တာနဲ့ ကိုယ်ဝန်ကြောင့် ကိုယ်အပူချိန် မြင့်တက်နေတာတွေဟာ ခြင်မတွေကို ဆွဲဆောင်နေတဲ့ အရာတွေ ပါ။

ဘီယာ ။ ။

လူတွေတင်မဟုတ်ပါဘူး။ ခြင်တွေလည်း ဘီယာကို ကြိုက်ကြတယ်ဆိုတာ သင်သိပါသလား။ ဘီယာကိုကြိုက်ရင် ဘီယာကိုပဲသောက်ပေါ့လို့ ပြောစရာရှိပေမယ် သူတို့ကြိုက်တာ ဘီယာသောက်ထားတဲ့သူတွေကိုပါ။ ဘီယာသောက်ထားလို့ ထွက်လာတဲ့ ကိုယ်နံ့ရယ်၊ ဘီယာကြောင့် နွေးလာတဲ့ ကိုယ်အပူချိန်ရယ်က သူတို့ ကိုက်ချင်အောင် ဆွဲဆောင်နေလို့ပါ။

ဒါတွေကတော့ ဘာကြောင့် ကိုယ့်ကျမှ ခြင်ပိုကိုက်ရတာလဲဆိုတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ် ။ ဒါလေးတွေ သိထားပြီဆိုတော့ ခြင်ကိုက်တာခံရတာ မကြိုက်ရင် ရှောင်ကြတာပေါ့ ။  ။


ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top