ပခံုးႏွစ္ဘက္ၾကား ေခါင္းေပါက္ေသာ လူခ်င္းအတူတူ အသက္ရွဴပံုျခင္းလည္း မကြဲပါဘူးဟု ဆိုေလ့ရွိၾကသည္။

မွန္ပါသည္ အသက္ရွဴပံုျခင္း အတူတူျဖစ္လင့္ကစား လူတို႔၏အေသြးအဆင္ႏွင့္  အေတြးအျမင္မတူႏိုင္ၾကေပ။ ကမၻာ့ၿမိဳ႕ရပ္ေဒသဟု ေျပာႏိုင္မည့္ စက္မႈဖြံ႕ၿဖိဳးၿပီးႏိုင္ငံ မ်ား(ခ်မ္းသာေသာႏိုင္ငံမ်ား)မွ ေၾကးရတတ္ လူဂုဏ္တန္ မ်ားႏွင့္ ကမၻာ့ေတာအရပ္ေဒသဟု ေျပာႏိုင္ေသာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား(ဆင္းရဲႏိုင္ငံမ်ား)မွ လူဆင္းရဲ မ်က္ႏွာမြဲမ်ား ကို ယွဥ္ၾကည့္လွ်င္ ကြာျခားပံုမွာ သိသာေပသည္။

သဘာ၀တရားကပင္ မ်က္ႏွာလိုက္သည္ဟု ေျပာစရာျဖစ္ခဲ့ သည္မွာ ကမၻာ့ေတာင္ျခမ္းႏွင့္ ေျမာက္ျခမ္း ျခားနားမႈျဖစ္သည္။ ေျမာက္ျခမ္းႏိုင္ငံမ်ားက ခ်မ္းသာေနၿပီး ေတာင္ျခမ္းက ဆင္းရဲတြင္းထဲကထြက္ႏိုင္ရန္ ရုန္းကန္ေနၾကရဆဲျဖစ္သည္။

ဆင္းရဲေသာေတာင္ျခမ္းႏိုင္ငံမ်ားသည္ ေျမာက္ျခမ္းႏိုင္ငံမ်ာဆီမွ အကူအညီကို အစဥ္တစိုက္ ငံ့ေမွ်ာ္ေနခဲ့ၾက သည္။ မိမိတို႔သည္ ကိုလိုနီကြ်န္ျပဳခံခဲ့ၾကရ၍ ယခုလို ဆင္းရဲတြင္းမွ မ လြတ္ႏိုင္ၾကျခင္းျဖစ္သည္ဟု ကိုလိုနီ အရွင္သခင္ေဟာင္းမ်ားကို လက္ညွိဳးထိုး အျပစ္ဖို႔ခဲ့ၾက သည္မွာ ရာစုထက္၀က္မကၾကာၿပီျဖစ္သည္။



တိုက္ရိုက္ အကူအညီကိုေရာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွတစ္ဆင့္ အကူအညီမ်ားကိုပါ တေမွ်ာ္ေမွ်ာ္ ေနခဲ့ၾကသည္မွာ လည္းၾကာၿပီ။ ကမၻာ့ကုန္သြယ္ေရး စီးပြားေရးဖိုရမ္မ်ားတြင္ ဆင္းရဲႏိုင္ငံမ်ားအတြက္ အကူအညီေပးေရးသည္ အေရးတႀကီးေဆြးေႏြးရသည့္ ျပသနာ ျဖစ္ေနဆဲရွိသည္။

ယေန႔ကာလသည္ ဂလိုဘယ္လိုက္ေဇးရွင္းကာလျဖစ္သည္။ သတင္းျပန္ၾကားေရးႏွင့္နည္းပညာ သာလြန္မႈက အရာရာကိုအဆံုးအျဖတ္ေပးေသာ အခါသမယျဖစ္သည္။ ဤလိုအခ်ိန္မ်ိဳးတြင္ ရလိမ့္ႏိုးႏွင့္ ေမွ်ာ္ကိုးေနဖို႔ မသင့္ေတာ့ေပ။ မိမိျပသနာ မိမိေျဖရွင္းရမည့္ အေနအထားသို႔ေရာက္ေနေလၿပီ။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားသည္ ဤအဆင့္အတန္းကို မည္သို႔ရရွိခဲ့ၾကသနည္း။ ႏိုင္ငံတစ္ႏိုင္ငံတိုးတက္ႀကီးပြားျခင္းသည္ တစ္ခုတည္းေသာ ေဖၚနည္းကား တစ္လမ္းထဲေသာထြက္ေပါက္ေၾကာင့္မဟုတ္ေပ။

ဖြံ႕ၿဖိဳးတိုးတက္ျခင္းသည္ “အက်ိဳး” ျဖစ္ရကား ယင္းအက်ိဳးျဖစ္ထြန္းေစရန္ “အေၾကာင္းတရား” မ်ားစြာရွိရေပမည္။ ႏိုင္ငံတစ္ႏိုင္ငံၾကြယ္၀ခ်မ္းသာမႈ(ဥစၥာဓနအင္အား)ကို ထိုႏိုင္ငံ၏ တစ္မ်ိဳးသားလံုးအသားတင္ထုတ္ကုန္ စုစုေပါင္းတန္ဖိုး ႏွင့္ တိုင္းတာေလ့ရွိၾကသည္။

တစ္မ်ိဳးသားလံုးအသားတင္ထုတ္ကုန္စုစုေပါင္းတန္ဖိုးကို သတ္မွတ္ထားေသာ ေငြေၾကးျဖင့္ေဖာ္ျပၾကသည္။ ေငြေၾကးသည္ တန္ဖိုး၏အတိုင္းအတာကိုေဖာ္ညႊန္းသည္။ တန္ဖိုးကို လုပ္အားက သတ္မွတ္ျပဌာန္းေပးသည္။

လုပ္အားသည္ “အလုပ္” လုပ္ေဆာင္ႏိုင္ေသာ စြမ္းရည္ ျဖစ္သည္။ ဤသို႔ဆိုလွ်င္ ႏိုင္ငံ၏ ဥစၥာဓနအင္အားကို“အလုပ္”ကျပဌာန္းေပးသည္မွာထင္ရွားသည္။ဖြံ႕ၿဖိဳးတိုးတက္ျခင္းႏွင့္ဥစၥာဓနသည္ တစ္ဆက္တစ္စပ္တည္းျဖစ္သည္။

ထို႔ေၾကာင့္ အလုပ္သည္ ႏိုင္ငံႏွင့္ လူမ်ိဳး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဆံုးအျဖတ္ေပးေသာ အေၾကာင္းတရားတစ္ရပ္ျဖစ္သည္ ဆိုျခင္းကို အျငင္းပြား စရာမလိုေတာ့ေပ။

ဆိုလိုသည္မွာ အလုပ္မလုပ္ဘဲႏွင့္ ႀကီးပြားတိုးတက္ဖို႔ မေမွ်ာ္လင့္ပါႏွင့္ဟူ၍ျဖစ္သည္။ ေတာင္းစားျခင္းသည္ နာမည္သာဆိုးတာ လူေတာ့ အေတာ္သက္သာတယ္ ဟူေသာ အေခ်ာင္သမားလက္သံုးစကားကို ၾကားဖူးၾက ေပလိမ့္မည္။

လူတစ္ဦးခ်င္းသာမက ႏိုင္ငံအေနျဖင့္လည္း ဤသေဘာထားမ်ိဳးရွိတတ္ေပသည္။ အာ ဖရိကႏွင့္ လက္တင္အေမရိက ႏိုင္ငံအခ်ိဳ႕သည္ လက္ျဖန္႔ခံေတာင္းလြန္း၍ နာမည္ပ်က္လ်က္ရွိသည္။

သို႔ေသာ္ တစ္ဖက္ကၾကည့္ျပန္လွ်င္လည္း အလုပ္လုပ္ခ်င္ပါသည္ အလုပ္လုပ္ဖို႔ အခြင့္အလန္းမရွသည့္ အေနအထားကို မည္သို႔ေျပာမည္နည္း ဟုေမးစရာရွိိသည္။ လုပ္အားရွိသည္ အတတ္ပညာရွိသည္ သို႔ေသာ္ အရင္းအႏွီးမရွိလွ်င္ ဘာမွမလုပ္ႏိုင္ဟု ဆိုသည္မွာမွန္ပါသည္။

အရင္းအႏွီးကိုအကူအညီေပးသူထံမွ လက္ခံျခင္းသည္ လက္ျဖန္႔ခံေတာင္းျခင္းမဟုတ္ဟု ေစာဒကတက္ႏိုင္သည္။ ဤအခ်က္မွာ အျငင္းပြားစရာ မဟုတ္ေခ်။ အေရးအႀကီးဆံုး အခ်က္မွာ ဂ်ပန္လူမ်ိဳးမ်ား နာမည္ေကာင္းထြက္သကဲ့သုိ႔ အလုပ္ကိုတကယ္တမ္း က်ားကုတ္ က်ားခဲ လုပ္ရန္အသင့္ရွိေနသည့္ လူမ်ိဳးျဖစ္ဖို႔ေပတည္း။

ဖိုးသူေတာ္ (www.phothutaw.com)

Credit: mmcelesmedia

# Unicode Version # ျဖင့္ ဖတ္ပါ #


ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်သော လူချင်းအတူတူ အသက်ရှူပုံခြင်းလည်း မကွဲပါဘူးဟု ဆိုလေ့ရှိကြသည်။

မှန်ပါသည် အသက်ရှူပုံခြင်း အတူတူဖြစ်လင့်ကစား လူတို့၏အသွေးအဆင်နှင့်  အတွေးအမြင်မတူနိုင်ကြပေ။ ကမ္ဘာ့မြို့ရပ်ဒေသဟု ပြောနိုင်မည့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ များ(ချမ်းသာသောနိုင်ငံများ)မှ ကြေးရတတ် လူဂုဏ်တန် များနှင့် ကမ္ဘာ့တောအရပ်ဒေသဟု ပြောနိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများ(ဆင်းရဲနိုင်ငံများ)မှ လူဆင်းရဲ မျက်နှာမွဲများ ကို ယှဉ်ကြည့်လျှင် ကွာခြားပုံမှာ သိသာပေသည်။

သဘာဝတရားကပင် မျက်နှာလိုက်သည်ဟု ပြောစရာဖြစ်ခဲ့ သည်မှာ ကမ္ဘာ့တောင်ခြမ်းနှင့် မြောက်ခြမ်း ခြားနားမှုဖြစ်သည်။ မြောက်ခြမ်းနိုင်ငံများက ချမ်းသာနေပြီး တောင်ခြမ်းက ဆင်းရဲတွင်းထဲကထွက်နိုင်ရန် ရုန်းကန်နေကြရဆဲဖြစ်သည်။

ဆင်းရဲသောတောင်ခြမ်းနိုင်ငံများသည် မြောက်ခြမ်းနိုင်ငံမျာဆီမှ အကူအညီကို အစဉ်တစိုက် ငံ့မျှော်နေခဲ့ကြ သည်။ မိမိတို့သည် ကိုလိုနီကျွန်ပြုခံခဲ့ကြရ၍ ယခုလို ဆင်းရဲတွင်းမှ မ လွတ်နိုင်ကြခြင်းဖြစ်သည်ဟု ကိုလိုနီ အရှင်သခင်ဟောင်းများကို လက်ညှိုးထိုး အပြစ်ဖို့ခဲ့ကြ သည်မှာ ရာစုထက်ဝက်မကကြာပြီဖြစ်သည်။

တိုက်ရိုက် အကူအညီကိုရော နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီများကိုပါ တမျှော်မျှော် နေခဲ့ကြသည်မှာ လည်းကြာပြီ။ ကမ္ဘာ့ကုန်သွယ်ရေး စီးပွားရေးဖိုရမ်များတွင် ဆင်းရဲနိုင်ငံများအတွက် အကူအညီပေးရေးသည် အရေးတကြီးဆွေးနွေးရသည့် ပြသနာ ဖြစ်နေဆဲရှိသည်။

ယနေ့ကာလသည် ဂလိုဘယ်လိုက်ဇေးရှင်းကာလဖြစ်သည်။ သတင်းပြန်ကြားရေးနှင့်နည်းပညာ သာလွန်မှုက အရာရာကိုအဆုံးအဖြတ်ပေးသော အခါသမယဖြစ်သည်။ ဤလိုအချိန်မျိုးတွင် ရလိမ့်နိုးနှင့် မျှော်ကိုးနေဖို့ မသင့်တော့ပေ။ မိမိပြသနာ မိမိဖြေရှင်းရမည့် အနေအထားသို့ရောက်နေလေပြီ။

ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဤအဆင့်အတန်းကို မည်သို့ရရှိခဲ့ကြသနည်း။ နိုင်ငံတစ်နိုင်ငံတိုးတက်ကြီးပွားခြင်းသည် တစ်ခုတည်းသော ဖေါ်နည်းကား တစ်လမ်းထဲသောထွက်ပေါက်ကြောင့်မဟုတ်ပေ။

ဖွံ့ဖြိုးတိုးတက်ခြင်းသည် “အကျိုး” ဖြစ်ရကား ယင်းအကျိုးဖြစ်ထွန်းစေရန် “အကြောင်းတရား” များစွာရှိရပေမည်။ နိုင်ငံတစ်နိုင်ငံကြွယ်ဝချမ်းသာမှု(ဥစ္စာဓနအင်အား)ကို ထိုနိုင်ငံ၏ တစ်မျိုးသားလုံးအသားတင်ထုတ်ကုန် စုစုပေါင်းတန်ဖိုး နှင့် တိုင်းတာလေ့ရှိကြသည်။

တစ်မျိုးသားလုံးအသားတင်ထုတ်ကုန်စုစုပေါင်းတန်ဖိုးကို သတ်မှတ်ထားသော ငွေကြေးဖြင့်ဖော်ပြကြသည်။ ငွေကြေးသည် တန်ဖိုး၏အတိုင်းအတာကိုဖော်ညွှန်းသည်။ တန်ဖိုးကို လုပ်အားက သတ်မှတ်ပြဌာန်းပေးသည်။

လုပ်အားသည် “အလုပ်” လုပ်ဆောင်နိုင်သော စွမ်းရည် ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံ၏ ဥစ္စာဓနအင်အားကို“အလုပ်”ကပြဌာန်းပေးသည်မှာထင်ရှားသည်။ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်ဥစ္စာဓနသည် တစ်ဆက်တစ်စပ်တည်းဖြစ်သည်။

ထို့ကြောင့် အလုပ်သည် နိုင်ငံနှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆုံးအဖြတ်ပေးသော အကြောင်းတရားတစ်ရပ်ဖြစ်သည် ဆိုခြင်းကို အငြင်းပွား စရာမလိုတော့ပေ။

ဆိုလိုသည်မှာ အလုပ်မလုပ်ဘဲနှင့် ကြီးပွားတိုးတက်ဖို့ မမျှော်လင့်ပါနှင့်ဟူ၍ဖြစ်သည်။ တောင်းစားခြင်းသည် နာမည်သာဆိုးတာ လူတော့ အတော်သက်သာတယ် ဟူသော အချောင်သမားလက်သုံးစကားကို ကြားဖူးကြ ပေလိမ့်မည်။

လူတစ်ဦးချင်းသာမက နိုင်ငံအနေဖြင့်လည်း ဤသဘောထားမျိုးရှိတတ်ပေသည်။ အာ ဖရိကနှင့် လက်တင်အမေရိက နိုင်ငံအချို့သည် လက်ဖြန့်ခံတောင်းလွန်း၍ နာမည်ပျက်လျက်ရှိသည်။

သို့သော် တစ်ဖက်ကကြည့်ပြန်လျှင်လည်း အလုပ်လုပ်ချင်ပါသည် အလုပ်လုပ်ဖို့ အခွင့်အလန်းမရှသည့် အနေအထားကို မည်သို့ပြောမည်နည်း ဟုမေးစရာရှိသည်။ လုပ်အားရှိသည် အတတ်ပညာရှိသည် သို့သော် အရင်းအနှီးမရှိလျှင် ဘာမှမလုပ်နိုင်ဟု ဆိုသည်မှာမှန်ပါသည်။

အရင်းအနှီးကိုအကူအညီပေးသူထံမှ လက်ခံခြင်းသည် လက်ဖြန့်ခံတောင်းခြင်းမဟုတ်ဟု စောဒကတက်နိုင်သည်။ ဤအချက်မှာ အငြင်းပွားစရာ မဟုတ်ချေ။ အရေးအကြီးဆုံး အချက်မှာ ဂျပန်လူမျိုးများ နာမည်ကောင်းထွက်သကဲ့သို့ အလုပ်ကိုတကယ်တမ်း ကျားကုတ် ကျားခဲ လုပ်ရန်အသင့်ရှိနေသည့် လူမျိုးဖြစ်ဖို့ပေတည်း။

ဖိုးသူတော် (www.phothutaw.com)

Credit: mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top