မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×

အက်င့္ပ်က္ရဟန္းသာမေဏေတြကို  ျပဳျပင္ၾကပ္မတ္ေပးဖို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက  ႏိုင္ငံေတာ္ သံဃမဟာနာယက ဆရာေတာ္ႀကီးေတြကို ေလ်ာက္ထားလိုက္ပါတယ္။

မတ္လ ၁၁ ရက္က  ရန္ကုန္ၿမိဳ႕၊ သီရိမဂၤလာ ကမၻာေအးကုန္းေျမရွိ ဝိဇယမဂၤလာ ဓမၼသဘင္မွာ က်င္းပတဲ့  သတၱမအႀကိမ္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ (၄၇) ပါးစုံညီ ဧကူနဝီသတိမ အစည္းအေဝး ပထမေန႔မွာ ပန္ၾကားလိုက္တာပါ။

ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက “ခုအခါ ရဟန္းသာမေဏတခ်ိဳ႕ဟာ ဘုရားရွင္ ပညတ္ထားတဲ့ ဝိနည္းေတာ္နဲ႔ ဆန္႔က်င္တဲ့ ေလာင္းကစားမႈေတြကိုျပဳလုပ္တာ၊ လူစည္ကားရာ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္ေတြမွာ ေန႔လြဲညစာသုံးေဆာင္တာ၊ မူးယစ္ေဆးဝါးသုံးစြဲ တာ၊ လက္ခံတာစတဲ့ သမဏသာ႐ုပၸမျဖစ္တဲ့ ကိစၥရပ္ေတြကို ျပဳလုပ္ေနတာကို ၾကားသိေနရလို႔ ေတြ႕ျမင္ရသူ ဗုဒၶဘာသာဝင္ ဒါယကာ၊ ဒါယိကာမေတြအေနနဲ႔ လြန္စြာစိတ္မခ်မ္းမသာ ျဖစ္ေနၾကရတယ္”လို႔ ေျပာပါတယ္။

ဒ့ါအျပင္ ”ငါးခုံးမတေကာင္ေၾကာင့္ တစ္ေလွလုံးပုပ္” ဆိုသကဲ့သို႔ အက်င့္ပ်က္ ရဟန္း သာမေဏအနည္းစုကို အေၾကာင္းျပဳၿပီး သီလဝန္ဂုဏဝန္ျဖစ္ေတာ္မူၾကတဲ့ သာသနာ႔ဝန္ထမ္း ရဟန္းသာမေဏအမ်ားစုရဲ႕ ဂုဏ္သိကၡာ မ်ားစြာက်ဆင္းသြားေစႏိုင္လို႔ ဆရာေတာ္ႀကီးေတြအေနနဲ႔ အက်င့္ပ်က္ရဟန္းသာမေဏေတြကို ျပဳျပင္ၾကပ္မတ္ေပးမွသာ သာသနာေတာ္ႀကီးရဲ႕ ဂုဏ္သိကၡာ ကို ျမႇင့္တင္ႏိုင္မယ္လုိ႔လည္း  ေျပာပါတယ္။

ဒီအစည္းအေဝးသို႔ ႏိုင္ငံေတာ္ သံဃမဟာ နာယကအဖြဲ႕ဥကၠ႒ မႏၱေလးၿမိဳ႕ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ အမႉးျပဳသည့္ ႏိုင္ငံေတ ာ္သံဃမဟာနာယက အဖြဲ႕ဝင္ ဆရာေတာ္ႀကီးေတြ တက္ေရာက္ၾကပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: DVB
#Unicode Version#
အကျင့်ပျက်ရဟန်းသာမဏေတွေကို  ပြုပြင်ကြပ်မတ်ပေးဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက  နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေကို လျောက်ထားလိုက်ပါတယ်။

မတ်လ ၁၁ ရက်က  ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်မှာ ကျင်းပတဲ့  သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ပထမနေ့မှာ ပန်ကြားလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ခုအခါ ရဟန်းသာမဏေတချို့ဟာ ဘုရားရှင် ပညတ်ထားတဲ့ ဝိနည်းတော်နဲ့ ဆန့်ကျင်တဲ့ လောင်းကစားမှုတွေကိုပြုလုပ်တာ၊ လူစည်ကားရာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ နေ့လွဲညစာသုံးဆောင်တာ၊ မူးယစ်ဆေးဝါးသုံးစွဲ တာ၊ လက်ခံတာစတဲ့ သမဏသာရုပ္ပမဖြစ်တဲ့ ကိစ္စရပ်တွေကို ပြုလုပ်နေတာကို ကြားသိနေရလို့ တွေ့မြင်ရသူ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမတွေအနေနဲ့ လွန်စွာစိတ်မချမ်းမသာ ဖြစ်နေကြရတယ်”လို့ ပြောပါတယ်။

ဒ့ါအပြင် ”ငါးခုံးမတကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုသကဲ့သို့ အကျင့်ပျက် ရဟန်း သာမဏေအနည်းစုကို အကြောင်းပြုပြီး သီလဝန်ဂုဏဝန်ဖြစ်တော်မူကြတဲ့ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေအများစုရဲ့ ဂုဏ်သိက္ခာ များစွာကျဆင်းသွားစေနိုင်လို့ ဆရာတော်ကြီးတွေအနေနဲ့ အကျင့်ပျက်ရဟန်းသာမဏေတွေကို ပြုပြင်ကြပ်မတ်ပေးမှသာ သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ကို မြှင့်တင်နိုင်မယ်လို့လည်း  ပြောပါတယ်။

ဒီအစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတေ ာ်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးတွေ တက်ရောက်ကြပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top