အလွမယ္သင္းသင္းကေတာ့သရုပ္ေဆာင္ေ၀ဠဳေက်ာ္ကုိကာမလိမ္လည္မွုနဲ႔တရားစြဲဆိုေတာ့မယ့္အေၾကာင္းကိုမီဒီယာေတြကေနတဆင့္ေျဖၾကားလိုက္ၿပီးေနာက္မွာေတာ့ လက္႐ွိအခ်ိန္မွာ အမွန္တကယ္တရားဆြဲဆုိထားၿပီး အမႈရင္ဆုိင္ေနရပါတယ္။ ဒီလုိရင္ဆုိင္ အခ်ိန္ကာလဟာ အရင္ကထက္ ပုိၿပီးခက္ခဲေနပါတယ္။ သူ႔အေနနဲ႔ ငုိျပတဲ့ ေယာက္်ားေလးေတြကုိ ပုိေၾကာက္တယ္လုိ႔လည္း အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

အလွမယ္သင္းသင္းက “အမွန္ေျပာရရင္ေတာ့ မိသားစုမွာ အတုိက္အခုိက္ေလးေတြနဲ႔ နည္းနည္း အဆင္မေျပတာေလးေတြ ႐ွိေနပါတယ္။ တစ္ခ်ိဳ႕အရာေလးေတြ စိတ္ဆင္းရဲတာေလးေတြ႐ွိတယ္။ အမွန္တုိင္းေျပာရရင္ အသက္ေမြးဝမ္းေက်ာင္းေတာ့ အခုရက္ပုိင္းေတာ့ အေမ့ဆီက ပုိက္ဆံျပန္ေတာင္းေနရတယ္။ နယ္မွာ႐ွိတဲ့ဟာေလးေတြ ျပဳတ္ေတာ့မွာေပါ့။ ေလာေလာဆယ္ေတာ့ ၃လပုိင္းေတာ့ ပြဲလုပ္ဖုိ႔ေပါ့ ဒီဘက္ေလးကုိ ေျခလွမ္းျပန္ၿပီးေတာ့ လုပ္မယ္ေပါ့ေနာ္။ အဲ့လုိေတာ့ အစ္မ စိတ္ကူးထားပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့လည္း “ဒီကိစၥနဲ႔ ပတ္သက္လုိ႔ကေတာ့ ေနာင္တ မရပါဘူး တစ္ခုပဲ ႐ွိတယ္ေပါ့ေနာ္။ အႏုပညာလမ္းေၾကာင္းမွာေတာ့ နည္းနည္း အထစ္အေငါေလးေတြ႐ွိတယ္ေပါ့ေနာ္။ ဒါေပမဲ့ ဒီကိစၥနဲ႔ မဆုိင္ဘူးလုိ႔ေတာ့ ကုိယ္ကေတာ့ ထင္တယ္ေပါ့ေနာ္။ ဒါေပမဲ့လည္း ဒါလူအမ်ားက စိတ္မတူၾကဘူးေလ အဲ့တာေလး တစ္ခုပါပဲ က်န္တာေတာ့ ေနာင္တမရပါဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အခုလက္႐ွိအခ်ိန္မွာ မိန္းကေလး အခ်င္းခ်င္းကုိပင္ ေဝဖန္ေနၾကတာနဲ႔ ပတ္သက္ၿပီး “ညီမတုိ႔က မိန္းကေလးဘက္က ဒါက သူတုိ႔ ေျပာသြားတဲ့ စကားေပါ့။ အဲ့လုိမ်ိဳးလူေတြလည္း အမ်ားႀကီး႐ွိပါတယ္။ အဲ့လုိေျပာတဲ့သူက်ေတာ့ တစ္ခ်ိဳ႕ေတြက ကုိယ့္ဘက္က မိန္းကေလးမွန္း မိန္းကေလးမွန္းမသိတဲ့ သူဆုိေတာ့ အဲ့လုိမ်ိဳးေျပာေနသူေတြကုိပဲ အစ္မကေတာ့ အၾကံျပဳခ်င္ပါတယ္ ဘာျဖစ္လုိ႔လဲဆုိေတာ့ မိန္းမေတြသည္ အဲ့လုိမ်ိဳး ေယာက္်ားေတြ႐ွိလုိ႔ ေစာ္ကားခ်င္တုိင္း ေစာ္ကားတဲ့ေယာက္်ားေလးေတြ စိတ္ဓာတ္ေပါ့ မိန္းမေတြကုိ တန္ဖုိးမထားတာ ကုိယ္ေမြးထားတဲ့ အေမေတာင္မွ အလကားျဖစ္ေအာင္ လုပ္တဲ့ေယာက္်ားေတြတစ္ပုံႀကီးပါလုိ႔ အဲ့တာပဲ အၾကံျပဳခ်င္တာပါ အဲ့ေတာ့ သူတုိ႔စိတ္နဲ႔ သူတုိ႔ကုိယ္ဆုိေတာ့ ေျပာပါေစ ဒါပဲေျပာေတာ့မယ္ အစ္မကေတာ့။ တစ္ခ်ိဳ႕ေတြဆုိရင္ ႐ွိတယ္ေလ ႐ွက္တာေတြ႐ွိတယ္ သိကၡာေတြ႐ွိတယ္။ အစ္မကေတာ့ အစ္မလက္ေတြ႕ေပါ့ ကံတရားနဲ႔လည္း ဆုိင္တယ္ေလ။ ဘာလုိ႔လဲဆုိေတာ့ တစ္ခ်ိဳ႕အမ်ိဳးသမီးထုေတြ ႐ွိပါတယ္။ ဒါအခု အစ္မနဲ႔သူနဲ႔ ၾကားမွာဆုိရင္ ဘာေတြ ျဖစ္သြားလဲ အရမ္းကြာဟမႈ အပုိင္းတစ္ခုမွာ အေစာ္ကားခံလုိက္ရတယ္ေပါ့ေနာ္ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဆင့္အတန္းေတြ ပါလာခဲ့တယ္။ ဒါေတာင္မွပဲေပါ့ေနာ္ လိမ္ညာဖုံးကြယ္တဲ့သူမဟုတ္ဘူး။

ကုိယ့္ရဲ႕လက္႐ွ္ိလူတစ္ေယာက္က ဘယ္လုိမ်ိဳး အေနအထားလည္း သိတာေတာင္မွ အခ်ိန္တန္ေတာ့ သူတုိ႔မလုိခ်င္ေတာ့ ဘာျဖစ္လဲ မိသားစုနဲ႔ ျပန္တုိက္ေပးတယ္။ သူတုိ႔ရက္ရက္စက္စက္ေပါ့ေနာ္ အဲ့လုိမ်ိဳးေတြ ျဖစ္လာေတာ့။ ေနာက္ပုိင္းဘာျဖစ္လာလဲ လူကေလ အဓိက ခ်မ္းသာဖုိ႔မလုိပါဘူး စိတ္ဓာတ္ေပါ့ေနာ္။ အစ္မကေတာ့ အဲလုိပဲ ခံယူထားတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးထုေတြလည္း ဒါ႐ွိေကာင္းလည္း ႐ွိမယ္ေလ ဒါကံတရားခ်င္လည္းမတူပါဘူး ကုိယ့္ကံသူ႔ကံ လည္းမတူၾကဘူးေလ။ ေျပာခ်င္တာက ဘာလဲဆုိေတာ့ အခုမွာ ဥပမေဒနဲ႔ ပတ္သက္လုိ႔ မိန္းကေလးေတြအတြက္ကြာ အခြင့္အေရးေတြ အမ်ားႀကီး႐ွိလာတယ္။

မတရားဘူးထင္ရင္ သတၱိ႐ွိေစခ်င္တယ္ အစ္မကေတာ့ ဒါေျပာျပတာေပါ့ေနာ္ မတရားတဲ့ အရာဆုိရင္ သတၱိ႐ွိေစခ်င္တယ္ ဘယ္အရာျဖစ္ျဖစ္ေပါ့ေနာ္ ရဲရဲဝံ့ဝံ့ ရင္ဆုိင္ေစခ်င္တယ္။ ကုိယ္တကယ္ခ်စ္ၿပီဆုိရင္ ဘာကုိ အဓိကက်လည္း လုပ္ေစခ်င္တယ္ ဆုိေတာ့ အဲ့တာေလးေတြ႐ွိတယ္ေလ ၿပီးေတာ့ အစ္မနဲ႔သူၾကားမွာက ခုဏကေျပာသလုိေပါ့။ သူဆုိလုိ႐ွိရင္ တကယ့္ကမၻာေက်ာ္ ႏုိင္ငံေက်ာ္ေပါ့ေနာ္။ အေနအထားတစ္ခု ဒါေပမဲ့ အစ္မယုံၾကည္အားထားတာက ဘာလဲဆုိေတာ့ ဘယ္လုိေျပာရမလဲ ေယာက္်ားတစ္ေယာက္မွာ ႐ွိသင့္႐ွိထုိက္တဲ့ စိတ္ဓာတ္ေပါ့ေနာ္။ ကုိယ့္ထက္လည္း အသက္ႀကီးေတာ့ ယုံၾကည္လုိက္တာေပါ့ေနာ္။ အခုေလ ဘာျဖစ္လာလဲသိလား ခ်မ္းသာတဲ့သူလည္း မယုံရဲေတာ့ဘူး အေျပာေတြလည္း မယုံရဲေတာ့ဘူး ငုိတဲ့ေယာက္်ားေတြကုိလည္း အရမ္းေၾကာက္ေနၿပီ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
အလှမယ်သင်းသင်းကတော့သရုပ်ဆောင်ဝေဠုကျော်ကိုကာမလိမ်လည်မှုနဲ့တရားစွဲဆိုတော့မယ့်အကြောင်းကိုမီဒီယာတွေကနေတဆင့်ဖြေကြားလိုက်ပြီးနောက်မှာတော့ လက်ရှိအချိန်မှာ အမှန်တကယ်တရားဆွဲဆိုထားပြီး အမှုရင်ဆိုင်နေရပါတယ်။ ဒီလိုရင်ဆိုင် အချိန်ကာလဟာ အရင်ကထက် ပိုပြီးခက်ခဲနေပါတယ်။ သူ့အနေနဲ့ ငိုပြတဲ့ ယောက်ျားလေးတွေကို ပိုကြောက်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

အလှမယ်သင်းသင်းက “အမှန်ပြောရရင်တော့ မိသားစုမှာ အတိုက်အခိုက်လေးတွေနဲ့ နည်းနည်း အဆင်မပြေတာလေးတွေ ရှိနေပါတယ်။ တစ်ချို့အရာလေးတွေ စိတ်ဆင်းရဲတာလေးတွေရှိတယ်။ အမှန်တိုင်းပြောရရင် အသက်မွေးဝမ်းကျောင်းတော့ အခုရက်ပိုင်းတော့ အမေ့ဆီက ပိုက်ဆံပြန်တောင်းနေရတယ်။ နယ်မှာရှိတဲ့ဟာလေးတွေ ပြုတ်တော့မှာပေါ့။ လောလောဆယ်တော့ ၃လပိုင်းတော့ ပွဲလုပ်ဖို့ပေါ့ ဒီဘက်လေးကို ခြေလှမ်းပြန်ပြီးတော့ လုပ်မယ်ပေါ့နော်။ အဲ့လိုတော့ အစ်မ စိတ်ကူးထားပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း “ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ နောင်တ မရပါဘူး တစ်ခုပဲ ရှိတယ်ပေါ့နော်။ အနုပညာလမ်းကြောင်းမှာတော့ နည်းနည်း အထစ်အငေါလေးတွေရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒီကိစ္စနဲ့ မဆိုင်ဘူးလို့တော့ ကိုယ်ကတော့ ထင်တယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒါလူအများက စိတ်မတူကြဘူးလေ အဲ့တာလေး တစ်ခုပါပဲ ကျန်တာတော့ နောင်တမရပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာ မိန်းကလေး အချင်းချင်းကိုပင် ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး “ညီမတို့က မိန်းကလေးဘက်က ဒါက သူတို့ ပြောသွားတဲ့ စကားပေါ့။ အဲ့လိုမျိုးလူတွေလည်း အများကြီးရှိပါတယ်။ အဲ့လိုပြောတဲ့သူကျတော့ တစ်ချို့တွေက ကိုယ့်ဘက်က မိန်းကလေးမှန်း မိန်းကလေးမှန်းမသိတဲ့ သူဆိုတော့ အဲ့လိုမျိုးပြောနေသူတွေကိုပဲ အစ်မကတော့ အကြံပြုချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေသည် အဲ့လိုမျိုး ယောက်ျားတွေရှိလို့ စော်ကားချင်တိုင်း စော်ကားတဲ့ယောက်ျားလေးတွေ စိတ်ဓာတ်ပေါ့ မိန်းမတွေကို တန်ဖိုးမထားတာ ကိုယ်မွေးထားတဲ့ အမေတောင်မှ အလကားဖြစ်အောင် လုပ်တဲ့ယောက်ျားတွေတစ်ပုံကြီးပါလို့ အဲ့တာပဲ အကြံပြုချင်တာပါ အဲ့တော့ သူတို့စိတ်နဲ့ သူတို့ကိုယ်ဆိုတော့ ပြောပါစေ ဒါပဲပြောတော့မယ် အစ်မကတော့။ တစ်ချို့တွေဆိုရင် ရှိတယ်လေ ရှက်တာတွေရှိတယ် သိက္ခာတွေရှိတယ်။ အစ်မကတော့ အစ်မလက်တွေ့ပေါ့ ကံတရားနဲ့လည်း ဆိုင်တယ်လေ။ ဘာလို့လဲဆိုတော့ တစ်ချို့အမျိုးသမီးထုတွေ ရှိပါတယ်။ ဒါအခု အစ်မနဲ့သူနဲ့ ကြားမှာဆိုရင် ဘာတွေ ဖြစ်သွားလဲ အရမ်းကွာဟမှု အပိုင်းတစ်ခုမှာ အစော်ကားခံလိုက်ရတယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ အဆင့်အတန်းတွေ ပါလာခဲ့တယ်။ ဒါတောင်မှပဲပေါ့နော် လိမ်ညာဖုံးကွယ်တဲ့သူမဟုတ်ဘူး။

ကိုယ့်ရဲ့လက်ရှိလူတစ်ယောက်က ဘယ်လိုမျိုး အနေအထားလည်း သိတာတောင်မှ အချိန်တန်တော့ သူတို့မလိုချင်တော့ ဘာဖြစ်လဲ မိသားစုနဲ့ ပြန်တိုက်ပေးတယ်။ သူတို့ရက်ရက်စက်စက်ပေါ့နော် အဲ့လိုမျိုးတွေ ဖြစ်လာတော့။ နောက်ပိုင်းဘာဖြစ်လာလဲ လူကလေ အဓိက ချမ်းသာဖို့မလိုပါဘူး စိတ်ဓာတ်ပေါ့နော်။ အစ်မကတော့ အဲလိုပဲ ခံယူထားတယ်။ တစ်ချို့အမျိုးသမီးထုတွေလည်း ဒါရှိကောင်းလည်း ရှိမယ်လေ ဒါကံတရားချင်လည်းမတူပါဘူး ကိုယ့်ကံသူ့ကံ လည်းမတူကြဘူးလေ။ ပြောချင်တာက ဘာလဲဆိုတော့ အခုမှာ ဥပမဒေနဲ့ ပတ်သက်လို့ မိန်းကလေးတွေအတွက်ကွာ အခွင့်အရေးတွေ အများကြီးရှိလာတယ်။

မတရားဘူးထင်ရင် သတ္တိရှိစေချင်တယ် အစ်မကတော့ ဒါပြောပြတာပေါ့နော် မတရားတဲ့ အရာဆိုရင် သတ္တိရှိစေချင်တယ် ဘယ်အရာဖြစ်ဖြစ်ပေါ့နော် ရဲရဲဝံ့ဝံ့ ရင်ဆိုင်စေချင်တယ်။ ကိုယ်တကယ်ချစ်ပြီဆိုရင် ဘာကို အဓိကကျလည်း လုပ်စေချင်တယ် ဆိုတော့ အဲ့တာလေးတွေရှိတယ်လေ ပြီးတော့ အစ်မနဲ့သူကြားမှာက ခုဏကပြောသလိုပေါ့။ သူဆိုလိုရှိရင် တကယ့်ကမ္ဘာကျော် နိုင်ငံကျော်ပေါ့နော်။ အနေအထားတစ်ခု ဒါပေမဲ့ အစ်မယုံကြည်အားထားတာက ဘာလဲဆိုတော့ ဘယ်လိုပြောရမလဲ ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်ပေါ့နော်။ ကိုယ့်ထက်လည်း အသက်ကြီးတော့ ယုံကြည်လိုက်တာပေါ့နော်။ အခုလေ ဘာဖြစ်လာလဲသိလား ချမ်းသာတဲ့သူလည်း မယုံရဲတော့ဘူး အပြောတွေလည်း မယုံရဲတော့ဘူး ငိုတဲ့ယောက်ျားတွေကိုလည်း အရမ်းကြောက်နေပြီ။”လို့ ပြောသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top