20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တကၠသုိလ္စာေမးပြဲ ေျဖဆုိၾကမယ့္ ပရိသတ္ေတြေၾကာင့္ Birthday Show ပြဲလက္မွတ္ေတြ ေရာင္းခ်မယ့္ရက္ကုိ စုိင္းစုိင္းက ေၾကညာလုိက္ၿပီျဖစ္ပါတယ္။ ဒီေဖ်ာ္ေျဖပြဲကေတာ့ သူ႔အတြက္ အသက္ ၄၀ ျပည့္ေမြးေန႔ျဖစ္သလုိ၊ ၁၅ ႀကိမ္ေျမာက္က်င္းပျပဳလုပ္တဲ့ Birthday Show ပြဲလည္းျဖစ္ပါတယ္။

စုိင္းစုိင္းခမ္းလႈိင္ရဲ႕ ၁၅ ႀကိမ္ေျမာက္ က်င္းပျပဳလုပ္မယ့္ Birthday Show လက္မွတ္ေတြ ကုိေတာ့ တကၠသုိလ္ေတြရဲ႕ စာေမးပြဲ ေျဖဆုိၿပီးမွသာ ေရာင္းခ်ေပးသြားမယ္လုိ႔ သိရပါတယ္။ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာေတာ့ စုိင္းစုိင္းက အသက္ ၄၀ ျပည့္မွာျဖစ္ပါတယ္။

‘’စိတ္ခ် လက္ခ် စာက်က္ပါ။ စာေမးပြဲၿပီးမွ လက္မွတ္စေရာင္းပါမယ္။ Early Bird အစီအစဥ္ရွိ ပါတယ္ ။ အမွတ္တရလက္ေဆာင္ ဟဲဗီး စီစဥ္ေနပါတယ္။ လက္မွတ္ေစ်းႏႈန္းနဲ႔ေရာင္းခ် မယ့္ေနရာ ေၾကညာပါမယ္။ အဓိကကေတာ့ April 10 ရက္ေန႔ညကို အားထားဖို႔ပါပဲ။ Official Poster မၾကာမီ လာမည္’’ ဆုိၿပီးေတာ့ မတ္လ ၁၄ ရက္ေန႔ ေန႔လယ္ ၁ နာရီ ၁၈ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ပရိသတ္အခ်စ္ေတာ္ စိုင္းစုိင္းခမ္းလႈိင္ရဲ႕ Birthday Show ပြဲႀကီးကို ရန္ကုန္ၿမိဳ႕မွာ က်င္းပျပဳလုပ္ဖုိ႔ ေသခ်ာသြားၿပီျဖစ္ပါတယ္။ ေဖ်ာ္ေျဖပြဲျပဳလုပ္မယ့္ ေနရာကုိလည္း စုိင္းစုိင္းက အခုလုိ ေၾကညာေမာင္းခတ္လုိက္ပါၿပီ။



‘’မိတ္ေဆြမ်ားခင္ဗ်ား။ ၁၅ ႀကိမ္ေျမာက္ SAISAI BIRTHDAY SHOW ကို ရန္ကုန္ သုဝဏၰဘူမိကြင္းမွာ က်င္းပမွာျဖစ္ပါတယ္။ ပံ႔ပိုးကူညီတဲ့ Sponsor Brand ေတြနဲ႔ အေသးစိတ္အေၾကာင္းအရာေတြ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကို ထပ္မံေၾကညာပါမယ္’’ ဆုိၿပီးေတာ့ မတ္လ ၁၁ ရက္ေန႔ ည ၁၀ နာရီ ၉ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဒီ ေဖ်ာ္ေျဖပြဲအတြက္ကုိလည္း စုိင္းစုိင္းကုိယ္တုိင္က ေန႔မနား၊ ညမအား အားသြန္ခြန္စုိက္ ေဆာင္ရြက္ေနသူပါ။ ဒါေၾကာင့္လည္း ပရိသတ္ေတြကုိ အခ်ိန္မေပးႏုိင္ ျဖစ္ခဲ့ရတယ္လုိ႔ မတ္လ ၉ ရက္ေန႔က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားထားတာကုိလည္း ေတြ႔ရပါတယ္။

‘’Birthday Show အတြက္ ဒီမနက္ အစည္းအေဝးတက္ဖို႔ မေန႔ညက ဘန္ေကာက္ကို ေလယာဥ္တစ္တန္၊ ရထားတစ္တန္နဲ႔သြားၿပီး ဒီေန႔ညေန Taxi တစ္တန္ ကားလမ္းပိတ္ၿပီး ေနာက္က်လို႔ ရထားတစ္တန္ အသားကုန္ေျပးၿပီး ေလယာဥ္တစ္တန္နဲ႔ ျပန္လာၿပီး အခု Birthday Show အမွီ ပရိသတ္ကိုလက္ေဆာင္ေပးႏိုင္ဖို႔ Frenzo နဲ႔ အစည္းအေဝးကို ထပ္ေျပးေနတဲ့ေမေမ့သားေလး။

တစ္လက္စတည္း ပြဲအတြက္ ဒီေလာက္ ခ်ာလပတ္ရမ္းေအာင္ လုပ္ေနရတဲ့အတြက္ ဘယ္ေက်ာင္းကိုမွ မေရာက္ျဖစ္တာကိုလည္း နားလည္ခြင့္လႊတ္ပါလို႔ ေတာင္းပန္ရင္း’’ ဆုိၿပီးေတာ့ ေရးသားထားတာပါ။

စုိင္းစုိင္း (Sai Sai Kham Leng)ဟာသရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာအာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္းဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


တက္ကသိုလ်စာမေးပွဲ ဖြေဆိုကြမယ့် ပရိသတ်တွေကြောင့် Birthday Show ပွဲလက်မှတ်တွေ ရောင်းချမယ့်ရက်ကို စိုင်းစိုင်းက ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ သူ့အတွက် အသက် ၄၀ ပြည့်မွေးနေ့ဖြစ်သလို၊ ၁၅ ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Birthday Show ပွဲလည်းဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၁၅ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Birthday Show လက်မှတ်တွေ ကိုတော့ တက္ကသိုလ်တွေရဲ့ စာမေးပွဲ ဖြေဆိုပြီးမှသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ စိုင်းစိုင်းက အသက် ၄၀ ပြည့်မှာဖြစ်ပါတယ်။

‘’စိတ်ချ လက်ချ စာကျက်ပါ။ စာမေးပွဲပြီးမှ လက်မှတ်စရောင်းပါမယ်။ Early Bird အစီအစဉ်ရှိ ပါတယ် ။ အမှတ်တရလက်ဆောင် ဟဲဗီး စီစဉ်နေပါတယ်။ လက်မှတ်ဈေးနှုန်းနဲ့ရောင်းချ မယ့်နေရာ ကြေညာပါမယ်။ အဓိကကတော့ April 10 ရက်နေ့ညကို အားထားဖို့ပါပဲ။ Official Poster မကြာမီ လာမည်’’ ဆိုပြီးတော့ မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကြီးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်မယ့် နေရာကိုလည်း စိုင်းစိုင်းက အခုလို ကြေညာမောင်းခတ်လိုက်ပါပြီ။

‘’မိတ်ဆွေများခင်ဗျား။ ၁၅ ကြိမ်မြောက် SAISAI BIRTHDAY SHOW ကို ရန်ကုန် သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ပံ့ပိုးကူညီတဲ့ Sponsor Brand တွေနဲ့ အသေးစိတ်အကြောင်းအရာတွေ ဖျော်ဖြေရေးအစီအစဉ်တွေကို ထပ်မံကြေညာပါမယ်’’ ဆိုပြီးတော့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီ ဖျော်ဖြေပွဲအတွက်ကိုလည်း စိုင်းစိုင်းကိုယ်တိုင်က နေ့မနား၊ ညမအား အားသွန်ခွန်စိုက် ဆောင်ရွက်နေသူပါ။ ဒါကြောင့်လည်း ပရိသတ်တွေကို အချိန်မပေးနိုင် ဖြစ်ခဲ့ရတယ်လို့ မတ်လ ၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

‘’Birthday Show အတွက် ဒီမနက် အစည်းအဝေးတက်ဖို့ မနေ့ညက ဘန်ကောက်ကို လေယာဉ်တစ်တန်၊ ရထားတစ်တန်နဲ့သွားပြီး ဒီနေ့ညနေ Taxi တစ်တန် ကားလမ်းပိတ်ပြီး နောက်ကျလို့ ရထားတစ်တန် အသားကုန်ပြေးပြီး လေယာဉ်တစ်တန်နဲ့ ပြန်လာပြီး အခု Birthday Show အမှီ ပရိသတ်ကိုလက်ဆောင်ပေးနိုင်ဖို့ Frenzo နဲ့ အစည်းအဝေးကို ထပ်ပြေးနေတဲ့မေမေ့သားလေး။

တစ်လက်စတည်း ပွဲအတွက် ဒီလောက် ချာလပတ်ရမ်းအောင် လုပ်နေရတဲ့အတွက် ဘယ်ကျောင်းကိုမှ မရောက်ဖြစ်တာကိုလည်း နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း’’ ဆိုပြီးတော့ ရေးသားထားတာပါ။

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top