ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×













Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #


ချစ်ပရိသတ်ကြီးတို့ကို ခြိမ့်ကေကိုလို့  ပြောလိုက်တာထက် Myanmar Idol မှာ ဗိုက်ဆာနေ လို့ သီချင်းစာသားမေ့နေသွားတဲ့ မြန်မာပြည် ဦးသိန်းတန်ကြီး ငှက်ပျော်သီးကျွေးလိုက်တဲ့ Banana ဆိုတဲ့  ကောင်လေးဆိုပိုသိကြမယ်ထင်ပါတယ်နော်…..

Myanmar Idol မှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ယှဉ်ပြိုင်ခွင့်မရတော့ပေ မယ့်…..အခုဆိုရင်ဖြင့် Banana ဟာ ပရိသတ် အများစုလက်ခံမှု့ကို ရရှိနေပြီဖြစ်တဲ့ အဆိုတော် တစ်ယောက်ဖြစ်နေပါပြီနော်။

အဆိုတော် Banana သီဆိုထားတဲ့ ‘ညီမလေး’ သီချင်း နှင့် ‘မမ’ သီချင်းဟာ ဆိုရင်လည်း ပရိသတ်အများစု လက်ခံအားပေးနေတဲ့ သီချင်းလေးတွေပဲဖြစ်ပါတယ်။Banana ဟာ ဆိုရင်ဖြင့် သူဘာကြောင့် စော်ကြည်နေတာလည်းဆိုတဲ့ လျှို့ဝှက်ချက်ကို  ပြောပြထားတာ ပဲဖြစ်ပါတယ်။

“ကျွန်တော် Banana ကို လူတွေက မေးကြတယ်။ဘာကြောင့် စော်ကြည်နေတာလည်းလို့ မေးကြတယ် ဗျ…ဒါပေမယ့် ကျွန်တော်လည်း အမြဲစဉ်းစားတယ် နေ့လည်ခင်းလည်း ကျွန်တော် စဉ်းစားတယ်။ညအိပ်ရာဝင်လည်း ကျွန်တော် စဉ်းစားတယ် ခေါင်းတွေ ကုတ်ပြီးတော့လည်း ကျွန်တော်စဉ်းစားတယ်

ကြာတော့ ကျွန်တော်ခေါင်းတွေကုတ်တာများပြီး ဆံပင်မွှေးတွေပါကျွတ်ကုန်တယ်ဗျ။ ဒါပေမယ့် ကျွန်တော် စဉ်းစားမိတာ တစ်ခုရှိတယ်။ကျွန်တော် အပြင်မထွက်ခင်ရေပုံမှန်ချိုးပြီး ရေမွှေးပုံမှန်ဆွတ်လို့ ကျွန်တော်စော်ကြည်နေတာပါလို့” အဆိုတော် ခြိမ့်ကေကို (Banana) က အင်တာဗျူး တစ်ခုမှာဖြေဆိုသွားခဲ့ပါတယ်။

ကဲ…အဆိုတော် ခြိမ့်ကေကို”Banana” ကတော့ သူစော်ကြည်ရတဲ့ လျှို့ဝှက်ချက်ကို  ပြောပြလိုက်ပြီဆိုတော့ ချစ်ပရိသတ်ကြီးလည်း  စော်ကြည်အောင် Banana လို အပြင်ထွက်ခံနီးတိုင်းရေပုံမှန်ချိုးပြီး  ရေမွှေးဆွတ်ဖို့ မမေ့ကြနဲ့အုံးနော်….

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top