စစ္ကိုင္းတိုင္းေဒသႀကီး ဘုတလင္ၿမိဳ႕နယ္ မံုရြာ-ေရဦးကားလမ္း အုပ္ဖိုေက်းရြာအုပ္စု၊ လက္ပံ(မ)ေက်းရြာအနီးတြင္ ေဖေဖာ္၀ါရီ၂၇ ရက္ ေန႕လယ္ ၁ နာရီကALPHARDကားႏွင့္ ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာဆိုင္ကယ္ေမာင္းႏွင္သူေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္းဘုတလင္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာမံုရြာ-ေရဦးကားလမ္းမိုင္တိုင္အမွတ္(၁၁၅/၀)ႏွင့္ (၁၁၅/၁)အၾကားတြင္ ေျမာက္မွ ေတာင္သို႔ ဒီပဲယင္းၿမိဳ႕နယ္၊ စိုင္ျပင္ၿမိဳ႕ေနကိုမင္းစိုးေအာင္(၂၈-ႏွစ္)ေမာင္းႏွင္လာေသာMDY 3D/————ALPHARD အျဖဴေရာင္ကားမွာအရွိန္မထိန္းႏိုင္ဘဲ တစ္ဘက္ယာဥ္ေၾကာမွေတာင္မွ ေျမာက္သို႕ ဘုတလင္ၿမိဳ႕နယ္၊

လက္ပံ(မ)ေက်းရြာေနေမာင္တင္ေဇာ္၀င္း(၂၃-ႏွစ္) ေမာင္းႏွင္လာေသာ၆၆ယ/—————-အနက္ေရာင္ဆိုင္ကလုန္းဆိုင္ကယ္အားမ်က္ႏွာခ်င္းဆိုင္ ၀င္ေရာက္တိုက္မိရာဆိုင္ကယ္ ေမာင္းႏွင္သူမွာအခင္း ျဖစ္ပြားရာေနရာတြင္ ေသဆံုးခဲ့ၿပီး ်မာ္ေတာ္ယာဥ္ ေမာင္းသူႏွင့္ ယာဥ္ေပၚပါ လူ(၄)ဦးဒဏ္ရာ ရရွိခဲ့ၾကသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ယာဥ္အားမဆင္မျခင္ ေမာင္းႏွင္ၿပီး မိမိကိုယ္ႏွင့္ အျခားသူမ်ားအားထိခိုက္ ဒဏ္ရာရေသဆံုးေစသူ ယာဥ္ေမာင္းကိုမင္းစိုးေအာင္အားဘုတလင္ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။ၿမိဳ႕နယ္ျပန္/ဆက္(ဘုတလင္)ျမန္မာ့အလင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မုံရွာ-ရေဦးကားလမ်း အုပ်ဖိုကျေးရွာအုပ်စု၊ လက်ပံ(မ)ကျေးရွာအနီးတွင် ဖေဖော်ဝါရီ၂၇ ရက် နေ့လယ် ၁ နာရီကALPHARDကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာဆိုင်ကယ်မောင်းနှင်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းဘုတလင်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမုံရွာ-ရေဦးကားလမ်းမိုင်တိုင်အမှတ်(၁၁၅/ဝ)နှင့် (၁၁၅/၁)အကြားတွင် မြောက်မှ တောင်သို့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့နေကိုမင်းစိုးအောင်(၂၈-နှစ်)မောင်းနှင်လာသောMDY 3D/————ALPHARD အဖြူရောင်ကားမှာအရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောမှတောင်မှ မြောက်သို့ ဘုတလင်မြို့နယ်၊

လက်ပံ(မ)ကျေးရွာနေမောင်တင်ဇော်ဝင်း(၂၃-နှစ်) မောင်းနှင်လာသော၆၆ယ/—————-အနက်ရောင်ဆိုင်ကလုန်းဆိုင်ကယ်အားမျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိရာဆိုင်ကယ် မောင်းနှင်သူမှာအခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ျမာ်တော်ယာဉ် မောင်းသူနှင့် ယာဉ်ပေါ်ပါ လူ(၄)ဦးဒဏ်ရာ ရရှိခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး မိမိကိုယ်နှင့် အခြားသူများအားထိခိုက် ဒဏ်ရာရသေဆုံးစေသူ ယာဉ်မောင်းကိုမင်းစိုးအောင်အားဘုတလင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်းသိရသည်။မြို့နယ်ပြန်/ဆက်(ဘုတလင်)မြန်မာ့အလင်း

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top