iMyanmarHouse.com - Best Property Website for Myanmar
×


ေနျခည္ဦးက Air KBZ ရဲ႕ Brand Ambassador တစ္ဦးျဖစ္လို႕လာခဲ့ျပန္ၿပီ။ အခ်ိန္တိုေလးအတြင္းမွာ ေအာင္ျမင္မႈေတြ ရလာတဲ့သူ႕အတြက္ သူ႕ရဲ႕ ပရိသတ္ေတြကေတာ့ ေပ်ာ္ေနပါတယ္။

အခ်ိန္တိုေလးအတြင္းမွာ ေအာင္ျမင္မႈေတြ ရရွိလာတဲ့ ေနျခည္ဦးဟာ အခုဆိုရင္ နာမည္ႀကီး Brand ေတြေတာ္ေတာ္မ်ားမ်ားရဲ႕ Brand Ambassador လည္း ျဖစ္လို႕လာခဲ့ပါၿပီ။ ၿပီးခဲ့ေသာ ရက္ပိုင္းေလာက္က Vivo V15 ရဲ႕ Brand Ambassador ျဖစ္ခဲ့သလုိ Air KBZ ရဲ႕ Brand Ambassador တစ္ဦးလည္း ျဖစ္ခဲ့ပါၿပီ။

အဲ့အေၾကာင္းကိုလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ပရိသတ္ေတြေျပာျပထားပါတယ္။

“ကြ်န္မ ေနျခည္ဦးပါ Air KBZ ရဲ႕ Brand Ambassador ပါ “ ဆိုၿပီး ေဖေဖာ္ဝါရီ(၂၈) ရက္ေန႕က ေရးသားထားတာျဖစ္ပါတယ္။

သူမရဲ႕ Chillies ေလးေတြကေတာ့ သူမရဲ႕ေအာင္ျမင္မႈအတြက္ ဝမ္းသာပီတိျဖစ္လို႕ေနၾကပါတယ္။ ထုိ႕အျပင္ သူမပါဝင္သရုပ္ေဆာင္ထားတဲ့ ရန္သူ ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးဟာ အကယ္ဒမီ ဆန္ခါတင္ စာရင္း(၂၅) ကားပါဝင္ေနၿပီျဖစ္တာေၾကာင့္ သူမအေနနဲ႕ အရမ္းကို ရင္ခုန္ေနတယ္လို႕လည္း ဆုိပါေသးတယ္။

“ ေနျခည္အကယ္ဒမီအတြက္ အရမ္းကို ရင္ခုန္ေနၿပီ။ ေနျခည္ပါဝင္ထားတဲ့ ရန္သူကလည္း ဆန္ခါတင္စာရင္းထဲ ပါတယ္ဆိုေတာ့။ ေနျခည္ဦးတစ္ေယာက္ အကယ္ဒမီေပးပြဲမွာ ဘာေတြလုပ္သြားဦးမလဲဆိုတာ ၾကည့္ေပးဦးေနာ္”ဆိုၿပီး ေဖေဖာ္ဝါရီ(၂၇) ရက္ေန႕ညက ပရိသတ္ေတြနဲ႕ ေျပာထားတဲ့ Live မွာ ေျပာခဲ့တာပါ။

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာအလုပ္ေတြလည္း လုပ္လုိ႔ေနပါၿပီ။ သူမ ပါဝင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ ေရာက္ရွိလာေတာ့မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

နေခြည်ဦးက Air KBZ ရဲ့ Brand Ambassador တစ်ဦးဖြစ်လို့လာခဲ့ပြန်ပြီ။ အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေ ရလာတဲ့သူ့အတွက် သူ့ရဲ့ ပရိသတ်တွေကတော့ ပျော်နေပါတယ်။

အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေ ရရှိလာတဲ့ နေခြည်ဦးဟာ အခုဆိုရင် နာမည်ကြီး Brand တွေတော်တော်များများရဲ့ Brand Ambassador လည်း ဖြစ်လို့လာခဲ့ပါပြီ။ ပြီးခဲ့သော ရက်ပိုင်းလောက်က Vivo V15 ရဲ့ Brand Ambassador ဖြစ်ခဲ့သလို Air KBZ ရဲ့ Brand Ambassador တစ်ဦးလည်း ဖြစ်ခဲ့ပါပြီ။

အဲ့အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပရိသတ်တွေပြောပြထားပါတယ်။

“ကျွန်မ နေခြည်ဦးပါ Air KBZ ရဲ့ Brand Ambassador ပါ “ ဆိုပြီး ဖေဖော်ဝါရီ(၂၈) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

သူမရဲ့ Chillies လေးတွေကတော့ သူမရဲ့အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။ ထို့အပြင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရန်သူ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီ ဆန်ခါတင် စာရင်း(၂၅) ကားပါဝင်နေပြီဖြစ်တာကြောင့် သူမအနေနဲ့ အရမ်းကို ရင်ခုန်နေတယ်လို့လည်း ဆိုပါသေးတယ်။

“ နေခြည်အကယ်ဒမီအတွက် အရမ်းကို ရင်ခုန်နေပြီ။ နေခြည်ပါဝင်ထားတဲ့ ရန်သူကလည်း ဆန်ခါတင်စာရင်းထဲ ပါတယ်ဆိုတော့။ နေခြည်ဦးတစ်ယောက် အကယ်ဒမီပေးပွဲမှာ ဘာတွေလုပ်သွားဦးမလဲဆိုတာ ကြည့်ပေးဦးနော်”ဆိုပြီး ဖေဖော်ဝါရီ(၂၇) ရက်နေ့ညက ပရိသတ်တွေနဲ့ ပြောထားတဲ့ Live မှာ ပြောခဲ့တာပါ။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာအလုပ်တွေလည်း လုပ်လို့နေပါပြီ။ သူမ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top