လက္နက္ခဲယမ္းမ်ားအပါအဝင္ ဖမ္းဆီးရမိသည့္ ပစၥည္းမ်ားကို ေတြ႕ရစဥ္

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲသူႏွစ္ဦးကို WY စိတ္ႂကြေဆးျပားမ်ား၊ လက္နက္ခဲယမ္းမ်ားႏွင့္အတူ က်ားကေလး - ဇာသျပင္လမ္းတြင္ ေဖေဖာ္ဝါရီ ၂၆ ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕မႉး ဘားအံခ႐ိုင္ ရဲတပ္ဖြဲ႕မႉးတို႔၏ လမ္းၫႊန္ခ်က္ျဖင့္ နယ္ေျမအတြင္း ဒုစ႐ိုက္မႈမ်ား ပေပ်ာက္ေရးႏွင့္ မူးယစ္ေဆးဝါး ဖမ္းဆီးေရးတို႔ ေဆာင္႐ြက္ေနသည့္ ဘားအံခ႐ိုင္ အထူးမႈခင္း ႏွိမ္နင္းေရးအဖြဲ႕မွ ဒုရဲအုပ္ပုလဲျမႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဇာသျပင္ နယ္ေျမရဲစခန္းမႉး ရဲအုပ္ေက်ာ္ႏိုင္ဦး ဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္႐ြာလူႀကီးမ်ားႏွင့္အတူ မူးယစ္ေဆးဝါးသတင္းအရ ဇာသျပင္ - က်ားကေလး လမ္းေဘး မိုင္တိုင္ ၁၃ ဒသမ ၅ ကီလိုမီတာႏွင့္ ၁၄ ကီလိုမီတာၾကားတြင္ ရပ္ထားေသာ ကားအား စစ္ေဆးခဲ့သည္။

ရဲတပ္ဖြဲ႕မွ အဆိုပါ ကားေဘး၌ ရပ္ေနသူ ေစာဘီယာ (ခ) ဝင္းျမင့္အား သက္ေသမ်ားေရွ႕၌ စစ္ေဆးရာ ၎ခါးတြင္ တပ္ထားေသာ USA စာတန္းပါ က်ည္အိတ္အတြင္းမွ ပစၥတိုတစ္လက္၊ က်ည္အိတ္အတြင္း က်ည္ ၁၂ ေတာင့္ႏွင့္ လက္ပစ္ဗုံးတစ္လုံးတို႔ ေတြ႕ရွိခဲ့သည္။ ကားအတြင္း ထိုင္ေနေသာ သီဟ၏  ညာဘက္လက္ထဲတြင္ အရွည္ ၃ ေပ ၁၀ လက္မခန႔္ရွိ ကာဘိုင္ေသနတ္တစ္လက္၊ က်ည္အိမ္အတြင္း ၎က်ည္ ၁၀ ေတာင့္တို႔အား အသင့္ထည့္၍ ကိုင္ေဆာင္လ်က္ ေတြ႕ရွိရသည္။

၎တို႔ႏွစ္ဦး၏ ခႏၶာကိုယ္ႏွင့္ ေမာ္ေတာ္ယာဥ္အား ရွာေဖြၾကရာ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆၀၀ တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ KNU/KNLA(PC) မွ ထုတ္ေပးထားသည္ဆိုေသာ ယာဥ္လက္မွတ္တစ္ေစာင္ႏွင့္ KNU/KNLA(PC) ၿငိမ္းခ်မ္းေရးေကာင္စီ၏ တပ္ဖြဲ႕ဝင္ စိစစ္ေရးကတ္ျပားတစ္ခု၊ ႏိုင္ငံသားစိစစ္ေရး ကတ္ျပားတစ္ခုတို႔ကိုလည္း ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ရရွိသည့္ ကနဦးသတင္းမ်ားအရ သိရသည္။

သို႔ျဖစ္၍ KNU/KNLA(PC) တပ္ဖြဲ႕တံဆိပ္ပါ ယာဥ္ ၊တပ္ဖြဲ႕ဝင္အမည္မ်ား အသုံးျပဳကာ လက္နက္ကိုင္ေဆာင္ၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္သုံးစြဲသူႏွစ္ဦးကို ဘားအံခ႐ိုင္ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးၿပီး ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။      

ဖိုးသူေတာ္ (www.phothutaw.com)
Credit: news-eleven

#Unicode Version# ျဖင့္ဖတ္ပါ ။

 လက်နက်ခဲယမ်းများအပါအဝင် ဖမ်းဆီးရမိသည့် ပစ္စည်းများကို တွေ့ရစဉ်

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနှစ်ဦးကို WY စိတ်ကြွဆေးပြားများ၊ လက်နက်ခဲယမ်းများနှင့်အတူ ကျားကလေး - ဇာသပြင်လမ်းတွင် ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ လမ်းညွှန်ချက်ဖြင့် နယ်မြေအတွင်း ဒုစရိုက်မှုများ ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးတို့ ဆောင်ရွက်နေသည့် ဘားအံခရိုင် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်ပုလဲမြနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဇာသပြင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်နိုင်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်ရွာလူကြီးများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဇာသပြင် - ကျားကလေး လမ်းဘေး မိုင်တိုင် ၁၃ ဒသမ ၅ ကီလိုမီတာနှင့် ၁၄ ကီလိုမီတာကြားတွင် ရပ်ထားသော ကားအား စစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့မှ အဆိုပါ ကားဘေး၌ ရပ်နေသူ စောဘီယာ (ခ) ဝင်းမြင့်အား သက်သေများရှေ့၌ စစ်ဆေးရာ ၎င်းခါးတွင် တပ်ထားသော USA စာတန်းပါ ကျည်အိတ်အတွင်းမှ ပစ္စတိုတစ်လက်၊ ကျည်အိတ်အတွင်း ကျည် ၁၂ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ တွေ့ရှိခဲ့သည်။ ကားအတွင်း ထိုင်နေသော သီဟ၏  ညာဘက်လက်ထဲတွင် အရှည် ၃ ပေ ၁၀ လက်မခန့်ရှိ ကာဘိုင်သေနတ်တစ်လက်၊ ကျည်အိမ်အတွင်း ၎င်းကျည် ၁၀ တောင့်တို့အား အသင့်ထည့်၍ ကိုင်ဆောင်လျက် တွေ့ရှိရသည်။

၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်နှင့် မော်တော်ယာဉ်အား ရှာဖွေကြရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် KNU/KNLA(PC) မှ ထုတ်ပေးထားသည်ဆိုသော ယာဉ်လက်မှတ်တစ်စောင်နှင့် KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီ၏ တပ်ဖွဲ့ဝင် စိစစ်ရေးကတ်ပြားတစ်ခု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုတို့ကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ရရှိသည့် ကနဦးသတင်းများအရ သိရသည်။

သို့ဖြစ်၍ KNU/KNLA(PC) တပ်ဖွဲ့တံဆိပ်ပါ ယာဉ် ၊တပ်ဖွဲ့ဝင်အမည်များ အသုံးပြုကာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနှစ်ဦးကို ဘားအံခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

ဖိုးသူတော် (www.phothutaw.com)
Credit: news-eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top