စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


မႏၲေလးသား လက္ေဝွ႔သမား မပါလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အခုလို ဆိုင္းဘုတ္ေတြ ၿဖဲေနတာကေတာ့ အေၾကာင္း မဟုတ္ဘူးလို႔ ကိုေဇသီဟက ေျပာခဲ့ပါတယ္။

မႏၲေလးၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က်င္းပမယ့္ WLC-7 MIGHTY WARRIORS ၿပိဳင္ပြဲအတြက္ ၿပိဳင္ပြဲအ ႀကိဳ လႈံ႕ေဆာ္ေရး ဆိုင္းဘုတ္ ၅ ခု ဖ်က္ဆီး ခံခဲ့ရတယ္လို႔ WLC ၿပိဳင္ပြဲ စီစဥ္သူ ကိုေဇသီဟက သူ႔ရဲ႕ လူမႈ ကြန္ရက္ စာမ်က္ႏွာထက္မွာ ပုံနဲ႔တကြ ေဖာ္ျပခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး DuwunSports က ကိုေဇသီဟကို ဆက္သြယ္ ေမးျမန္းခဲ့ရာမွာေတာ့ - “ ကြၽန္ေတာ္တို႔ မႏၲေလးၿမိဳ႕တြင္း ထားရွိထားတဲ့ ဗီႏိုင္း ၅ ခု ဖ်က္ဆီးခံရတာပါ။ ဒီလို ဆိုင္းဘုတ္ေတြကို ဖ်က္ဆီးတာ မႏၲေလးၿမိဳ႕ သူၿမိဳ႕သားေတြက ၿပိဳင္ပြဲလာက်င္းပတာ မႀကိဳက္လို႔ လုပ္တာ မျဖစ္ႏိုင္ပါဘူး။ကြၽန္ေတာ္တို႔ ေလာကသားေတြထဲ ကပဲ အခ်င္းခ်င္း လုပ္တာပါ။ဒါေပမယ့္ ဒါက အေသးအမႊားပါ၊ ပြဲကိုေတာ့ ပုံမွန္အတိုင္း လုံၿခဳံေရးနဲ႔ က်င္းပသြား မွာပါ။” လို႔ ကိုေဇသီဟက ေျပာပါတယ္။


WLC ၿပိဳင္ပြဲေတြကို ျမန္မာ လက္ခေမာင္း ကုမၸဏီက စီစဥ္က်င္းပေနတာ ျဖစ္ၿပီး အခုတစ္ႀကိမ္ကေတာ့ ၇ ႀကိမ္ေျမာက္ ၿပိဳင္ပြဲ ျဖစ္ပါတယ္။ဒီၿပိဳင္ပြဲမွာေတာ့ စုစုေပါင္း တြဲဆိုင္း ၇ တြဲပါဝင္လာၿပီး အဓိက ေခါင္ပြဲအျဖစ္ ျမန္မာက ေစာထူးေအာင္နဲ႔ ေပၚတူဂီက အန္တိုနီယိုဖာရာတို႔ လိုက္ဝယ္လ္တာဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုၾကမွာ ျဖစ္ပါတယ္။

“ ကြၽန္ေတာ္ကေတာ့ ျမန္မာ့႐ိုးရာလက္ေဝွ႔ကို ကမာၻနဲ႔ရင္ေဘာင္တန္းၿပီး က်င္းပေနတာ ျဖစ္ပါတယ္။ အခုလို အျဖစ္ေတြကေတာ့ မႏၲေလးမွာ လာက်င္းပၿပီး မႏၲေလးသား လက္ေဝွ႔သမား မပါလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ျဖစ္ေနတာပါ။ ၿပိဳင္ပြဲတစ္ခုမွာ မႏၲေလးး၊ရန္ကုန္သား၊ဆိုၿပီး ခြဲျခားလို႔မရဘူးေလ၊ ၿပိဳင္ပြဲတစ္ခုမွာ ဝိတ္တန္းတူတဲ့သူအခ်င္းခ်င္းထိုးရတာေလ။ဒီလိုမ်ိဳး မႏၲေလးသားမပါလို႔ ဆိုင္းဘုတ္ၿဖဲတာ ကေတာ့ အေၾကာင္းမညီၫႊတ္ဘူးလို႔ ထင္ပါတယ္။” လို႔ ကိုေဇသီဟက ဆက္လက္သုံးသပ္ေျပာခဲ့ပါတယ္။


WLC ၿပိဳင္ပြဲကိုေတာ့ မႏၲေလးၿမိဳ႕မွာ ၿပီးရင္ ကရင္ျပည္နယ္မွာလည္း လာမယ့္ ေမလမွာ ထပ္မံ က်င္းပ ႏိုင္ဖို႔ ဆက္လက္စီစဥ္ေနၿပီလို႔ ကိုေဇသီဟရဲ႕ ေျပာျပခ်က္အရ သိရပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

မန္တလေးသား လက်ဝှေ့သမား မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဆိုင်းဘုတ်တွေ ဖြဲနေတာကတော့ အကြောင်း မဟုတ်ဘူးလို့ ကိုဇေသီဟက ပြောခဲ့ပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကျင်းပမယ့် WLC-7 MIGHTY WARRIORS ပြိုင်ပွဲအတွက် ပြိုင်ပွဲအ ကြို လှုံ့ဆော်ရေး ဆိုင်းဘုတ် ၅ ခု ဖျက်ဆီး ခံခဲ့ရတယ်လို့ WLC ပြိုင်ပွဲ စီစဉ်သူ ကိုဇေသီဟက သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာထက်မှာ ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး DuwunSports က ကိုဇေသီဟကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ - “ ကျွန်တော်တို့ မန္တလေးမြို့တွင်း ထားရှိထားတဲ့ ဗီနိုင်း ၅ ခု ဖျက်ဆီးခံရတာပါ။ ဒီလို ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာ မန္တလေးမြို့ သူမြို့သားတွေက ပြိုင်ပွဲလာကျင်းပတာ မကြိုက်လို့ လုပ်တာ မဖြစ်နိုင်ပါဘူး။ကျွန်တော်တို့ လောကသားတွေထဲ ကပဲ အချင်းချင်း လုပ်တာပါ။ဒါပေမယ့် ဒါက အသေးအမွှားပါ၊ ပွဲကိုတော့ ပုံမှန်အတိုင်း လုံခြုံရေးနဲ့ ကျင်းပသွား မှာပါ။” လို့ ကိုဇေသီဟက ပြောပါတယ်။

WLC ပြိုင်ပွဲတွေကို မြန်မာ လက်ခမောင်း ကုမ္ပဏီက စီစဉ်ကျင်းပနေတာ ဖြစ်ပြီး အခုတစ်ကြိမ်ကတော့ ၇ ကြိမ်မြောက် ပြိုင်ပွဲ ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့ စုစုပေါင်း တွဲဆိုင်း ၇ တွဲပါဝင်လာပြီး အဓိက ခေါင်ပွဲအဖြစ် မြန်မာက စောထူးအောင်နဲ့ ပေါ်တူဂီက အန်တိုနီယိုဖာရာတို့ လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုကြမှာ ဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ အခုလို အဖြစ်တွေကတော့ မန္တလေးမှာ လာကျင်းပပြီး မန္တလေးသား လက်ဝှေ့သမား မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်နေတာပါ။ ပြိုင်ပွဲတစ်ခုမှာ မန္တလေးး၊ရန်ကုန်သား၊ဆိုပြီး ခွဲခြားလို့မရဘူးလေ၊ ပြိုင်ပွဲတစ်ခုမှာ ဝိတ်တန်းတူတဲ့သူအချင်းချင်းထိုးရတာလေ။ဒီလိုမျိုး မန္တလေးသားမပါလို့ ဆိုင်းဘုတ်ဖြဲတာ ကတော့ အကြောင်းမညီညွှတ်ဘူးလို့ ထင်ပါတယ်။” လို့ ကိုဇေသီဟက ဆက်လက်သုံးသပ်ပြောခဲ့ပါတယ်။

WLC ပြိုင်ပွဲကိုတော့ မန္တလေးမြို့မှာ ပြီးရင် ကရင်ပြည်နယ်မှာလည်း လာမယ့် မေလမှာ ထပ်မံ ကျင်းပ နိုင်ဖို့ ဆက်လက်စီစဉ်နေပြီလို့ ကိုဇေသီဟရဲ့ ပြောပြချက်အရ သိရပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top