စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×

 






မျိုးစန္ဒီကျော်ကတော့ “ ယောက်ကျားဖြစ်ပြီး ယောက်ကျား စကားမပြောဘူး နင့်ကို စယူတည်းက အလုပ် မလုပ်လို့ နင့်ကို ရှာကျွေးရတဲ့ အပြင် နင့်တမိသားစုလုံးကိုပါ ငါ ရှာကျွေးခဲ့ရတာ ဘယ်နှစ်နှစ်လဲ ဟမ် ပြောတော့ သဘောင်္သား ငါနဲ့ ရတည်းက တခါမှ သဘောင်္လိုက်တာ မတွေ့ရဘူး













Credit: mmlivenews

#Unicode Version# ဖြင့်ဖတ်ပါ ။

အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သည်းမခံနိုင်တဲ့ အဆုံး မြိုသိပ်ထားတာတွေ အကုန် ဖွင့်ချလိုက်တဲ့ မျိုးစန္ဒီကျော်

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မျိုးစန္ဒီကျော်ကတော့ လွန်ခဲ့တဲ့နှစ်တွေက ထူးချွန်တဲ့ သူမရဲ့အနုပညာကြောင့်ပရိသတ်တွေရဲ့ ချစ်ခင် အားပေးခြင်းကို ရရှိထားတာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ မျိုးစန္ဒီကျော်က အနုပညာ အလုပ်တွေကို မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားဆဲ ပါပဲ ။

သူမနဲ့တူတဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ မျိုးစန္ဒီကျော် ကတော့ ခင်ပွန်းသည်နဲ့ ပတ်သတ်ပြီး အဆင်မပြေ တာကြောင့် တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားတယ် လို့လည်း သိရပါတယ် ။

လတ်တလော မှာတော့ မျိုးစန္ဒီကျော်က သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး မြိုသိပ်ထားခဲ့ရတာတွေကို အကုန် ဖွင့်ချလိုက် တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရတာပါ။

ချစ်ပရိသတ်တွေလည်း အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး မျိုသိပ်ထားရတာ တွေကို အကုန် ဖွင့်ချပြခဲ့တဲ့ မျိုးစန္ဒီကျော်ရဲ့ အကြောင်းကို ဖော်ပြပေးလိုက် ပါတယ်နော်။

မျိုးစန္ဒီကျော်ကတော့ “ ယောက်ကျားဖြစ်ပြီး ယောက်ကျား စကားမပြောဘူး နင့်ကို စယူတည်းက အလုပ် မလုပ်လို့ နင့်ကို ရှာကျွေးရတဲ့ အပြင် နင့်တမိသားစုလုံးကိုပါ ငါ ရှာကျွေးခဲ့ရတာ ဘယ်နှစ်နှစ်လဲ ဟမ် ပြောတော့ သဘောၤသား ငါနဲ့ ရတည်းက တခါမှ သဘောၤလိုက်တာ မတွေ့ရဘူး

ငါ့နောက် အထုတ် ဆွဲလိုက်နေတာ ဘယ်သူလဲ နင်ကျတော့ နင့်တမိသားစုလုံး ငါ့ပိုက်ဆံနဲ့ ငှားထားတဲ့ အိမ်ကို ခေါ်တင် ကျွေးမွေးထား ရတယ်။

ငါကျတော့ ငါ့အမေ အိမ်တောင် မသွားရဘူး ငါ့အမေကို ကန်တော့ဖို့ နေနေ သာသာ ငါ့အမေနဲ့ ဖုန်းတောင် ပေးမပြောဘူး ငါ့အမေအိမ် သွားချင်ရင် နင်ပါမှ သွားရတယ်။

အဲဒါ တရားတယ်ပေါ့ ငါ့အမေအိမ်က ဆင်းလာတော့ ကားတစီးနဲ့ စိန်တဆင်စာ ပါတယ် နင်တို့ တအိမ်လုံး စားသောက် နေထိုင်လို့ ရအောင် ငါရောင်းပေးခဲ့ ရတယ်။

သမီးကို ငါသီချင်းဆိုလို့ ရတဲ့ ပိုက်ဆံနဲ့ ငါမွေးခဲ့တာ အေးအခုလည်း ငါ့ချွေးနည်းစာနဲ့ ရှာထားတဲ့ နောက်ထပ် ကားတစီးကိုလည်း နင် အပိုင်စီးပြီး ယူထားတယ်။

အခု သမီးရဲ့ ကျောင်းစားရိတ် စားသောက်နေထိုင်မှု စားရိတ်တွေ နင် ဘာတပြား ပေးတာရှိလဲ ငါ့ပိုက်ဆံနဲ့ ငါ့သမီးကို အကောင်းဆုံး ထားခဲ့တာ ထားထားတာ…။

အေး …နင် ရှက်တတ်ရင်လဲသေလို့ ရတယ် နင်တယောက်တည်း မဟုတ်ဘူး နင်တို့ တမိသားစုလုံး ငါ့ထမိန်နား ခိုစားခဲ့တာ without စောက်ရှက်….

သူ့ပို့စ်အောက်မှာ ဝင်မန့်နေတဲ့ တချို့သူတွေ အကြောင်းရင်း သေချာသိလို့လား အတ္တကြီးတဲ့ သူက ငါလား နင်တို့ ထောက်ခံနေတဲ့ အကောင်လား သေချာ သိအောင်လုပ်….

အဲ့လောက် ထောက်ခံနေရင် အဲ့ကောင်ကို တလလောက် ယူကြည့်လိုက် ငါ့လို သူ့မိသားစုနဲ့ သူ့ကို သည်းခံနိုင်မလား စောင့်ကြည့်မယ်….။

PS အကောင့်ထဲက လူကြီးတွေနဲ့ ဖရန့်တွေကိုတော့ အားနာပါတယ် ” ဆိုပြီ သည်းမခံနိုင်လွန်းစွာ အကုန် ဖွင့်ပြောခဲ့ တာပါ။

သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဧပြီ ၇ ရက်နေ့က လက်ထပ်ခဲ့ တာဖြစ်ပြီး အိမ်စည်မြင့်မိုရ်ကျော် ဆိုတဲ့ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ ။

သူမ ကတော့ လတ်တလောမှာ သမီးလေးကို တစ်ယောက်တည်း စောင့်ရှောက်ပြီး အေးချမ်းတဲ့ ဘဝတစ်ခုကို ဖန်တီးတည်ဆောက် ထားတာပါ ။

ချစ်ပရိသတ် တွေလည်း သူမရဲ့ သည်းမခံနိုင်တော့လို့ အိမ်ထောင်ရေး ကိစ္စတွေကို အကုန် ဖွင့်ချလိုက်တဲ့ မျိုးစန္ဒီကျော် တစ်ယောက် အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်….။

ဖိုးသူတော် (www.phothutaw.com)
Credit: mmlivenews

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top