စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


မေန႔ညက ကစားခဲ့တဲ့ ဘက္တစ္အသင္းနဲ႔ ဗလင္စီယာအသင္းတုိ႔ရဲ႕ကုိပါဒယ္ေရးပြဲဲစဥ္မွာ ဘက္တစ္အသင္း ကြင္းလယ္လူ ဂ်ိဳအာကြင္းရဲ႕ သြင္းဂုိးတစ္ဂုိးဟာ ေထာင့္ကန္ေဘာကေန ဂုိးထဲကုိ တန္း၀င္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ ဘက္တစ္အသင္းက (၁-၀)ဂုိးနဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ၿပီး ဒုတိယပုိင္းပြဲခ်ိန္ (၅၄)မိနစ္မွာ ဂ်ိဳအာကြင္းက ရရွိခဲ့တဲ့ေထာင့္ကန္ေဘာကုိ ဂုိးေရွ႕ဆီ ကန္တင္ခဲ့တာပါ။

ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ ေဘာလုံးက ဂုိးထဲကုိ တည့္တည့္မတ္မတ္၀င္သြားခဲ့ရၿပီး ဗလင္စီယာ ဂုိးသမား ဒုိမီနက္ခ်္က ပုတ္ထုတ္ခဲ့ရတာပါ။

ဘက္တစ္အသင္းကစားသမားေတြကေတာ့ ဒုိမီနက္ခ်္ဟာ ဂုိးထဲကေန ေဘာလုံးကုိ ပုတ္ထုတ္ခဲ့တယ္လုိ႔ ဒုိင္လူႀကီးကုိ ေစာဒက တက္ခဲ့ၾကလုိ႔ ကြင္းလယ္ဒုိင္က VAR ျပန္ၾကည့္ခဲ့ရၿပီး ရုပ္သံမွတ္တမ္းေတြထဲမွာလည္း ဂ်ိဳအာကြင္းရဲ႕ ေထာင့္ကန္ေဘာကန္ခ်က္ဟာ ဂုိးထဲကုိေရာက္ေနခဲ့ၿပီး ဂုိးသမားက ဂုိးထဲကေန ပုတ္ထုတ္ခဲ့ရတာကုိ ေတြ႕ခဲ့ရပါတယ္။

အဲဒီအတြက္ ဒုိင္လူႀကီးက ဂ်ိဳအာကြင္းရဲ႕ကန္ခ်က္ကုိ ဂုိးအျဖစ္ သတ္မွတ္ေပးခဲ့ၿပီး ကုိပါဒယ္ေရးၿပိဳင္္ပြဲတစ္ေလွ်ာက္မွာ ေထာင့္ကန္ေဘာကေန သြင္းယူခဲ့တဲ့ ပထမဆုံးသြင္းဂုိးအျဖစ္ မွတ္တမ္း၀င္ေစခဲ့တာပါ။

အဲဒီပြဲစဥ္မွာ ဘက္တစ္အသင္း သြင္းဂုိး(၂) ဂုိးနဲ႔ ဦးေဆာင္ခဲ့လုိ႔ အႏုိင္ရမယ္လုိ႔ ထင္ခဲ့ၾကေပမယ့္ ဗလင္စီယာအသင္းက ပြဲခ်ိန္ မိနစ္ (၇၀)နဲ႔ နာက်င္အခ်ိန္ပုိေတြမွာ ေခ်ပဂုိးေတြ ျပန္လည္သြင္းယူသြားခဲ့လုိ႔ ပြဲအၿပီးမွာ (၂) ဂုိးစီ သေရက်သြားခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ရဲ့ကိုပါဒယ်ရေးပွဲစဉ်မှာ ဘက်တစ်အသင်း ကွင်းလယ်လူ ဂျိုအာကွင်းရဲ့ သွင်းဂိုးတစ်ဂိုးဟာ ထောင့်ကန်ဘောကနေ ဂိုးထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဘက်တစ်အသင်းက (၁-ဝ)ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲချိန် (၅၄)မိနစ်မှာ ဂျိုအာကွင်းက ရရှိခဲ့တဲ့ထောင့်ကန်ဘောကို ဂိုးရှေ့ဆီ ကန်တင်ခဲ့တာပါ။

ဒါပေမယ့် ဖြစ်ချင်တော့ ဘောလုံးက ဂိုးထဲကို တည့်တည့်မတ်မတ်ဝင်သွားခဲ့ရပြီး ဗလင်စီယာ ဂိုးသမား ဒိုမီနက်ချ်က ပုတ်ထုတ်ခဲ့ရတာပါ။

ဘက်တစ်အသင်းကစားသမားတွေကတော့ ဒိုမီနက်ချ်ဟာ ဂိုးထဲကနေ ဘောလုံးကို ပုတ်ထုတ်ခဲ့တယ်လို့ ဒိုင်လူကြီးကို စောဒက တက်ခဲ့ကြလို့ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ခဲ့ရပြီး ရုပ်သံမှတ်တမ်းတွေထဲမှာလည်း ဂျိုအာကွင်းရဲ့ ထောင့်ကန်ဘောကန်ချက်ဟာ ဂိုးထဲကိုရောက်နေခဲ့ပြီး ဂိုးသမားက ဂိုးထဲကနေ ပုတ်ထုတ်ခဲ့ရတာကို တွေ့ခဲ့ရပါတယ်။

အဲဒီအတွက် ဒိုင်လူကြီးက ဂျိုအာကွင်းရဲ့ကန်ချက်ကို ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး ကိုပါဒယ်ရေးပြိုင်ပွဲတစ်လျှောက်မှာ ထောင့်ကန်ဘောကနေ သွင်းယူခဲ့တဲ့ ပထမဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်စေခဲ့တာပါ။

အဲဒီပွဲစဉ်မှာ ဘက်တစ်အသင်း သွင်းဂိုး(၂) ဂိုးနဲ့ ဦးဆောင်ခဲ့လို့ အနိုင်ရမယ်လို့ ထင်ခဲ့ကြပေမယ့် ဗလင်စီယာအသင်းက ပွဲချိန် မိနစ် (၇၀)နဲ့ နာကျင်အချိန်ပိုတွေမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ (၂) ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top