ပုရိသေတြေႂကြေစေလာက္တဲ့ ခႏၶာကုိယ္အခ်ိဳးအစားနဲ႔ ညဳိ့အားျပင္းတဲ့ ပုံရိပ္ေတြေၾကာင့္ ေဝဖန္မႈေတြကုိ ခံရသလုိ အားေပးမႈကုိလည္း ခံေနရတဲ့ ေမာ္ဒယ္လ္ စူး႐ွထက္ ေဖေဖာ္ဝါရီလ ဆယ္ရက္ေန႔မွာ သူ႔ရဲ႕ရပ္ကြက္ထဲက လူေတြနဲ႔စုေပါင္းၿပီး ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အလွဴအျဖစ္ ထမင္းေကြၽးခဲ့ပါတယ္။ သူ႔အေနနဲ႔ လညမယ့္ Valentine’s Day မွာ တစ္ေယာက္တည္းပဲ ျဖစ္ေနၿပီး ေခ်ာကလက္လာေကြၽးတဲ့သူကုိေတာ့ ေရခ်ိဳးေပးမယ္ဆုိၿပီး Sunday Journal အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

စူး႐ွထက္က “ရပ္ကြက္ထဲက လူေတြက အလွဴလုပ္ဖုိ႔အတြက္ေျပာတယ္ေပါ့ေနာ္ ျပည့္ေထာင္စုေန႔မွာ အလွဴလုပ္ဖုိ႔ အဲ့ေနက်ေတာ့ အလုပ္တစ္ခုလည္း႐ွိတယ္။ ရပ္ကြက္ထဲကလူေတြလည္း မအားေတာ့ ျပည္ေထာင္စုေန႔ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဆယ္ရက္ေန႔ကုိ ေကြၽးလုိက္တာပါ။ ဒီႏွစ္က ေကြၽးမယ္ဆုိၿပီးေတာ့ စုဗူးစုထားတာ ၅သိန္း၁ေသာင္းရပါတယ္။ ညီမက မတည္တာေပါ့ေနာ္ ၿပီးေတာ့ ရပ္ကြက္ ထဲကလူေတြကလည္း အကုန္လုံး လွဴၾကတန္းၾကတယ္။ အလွဴေငြတစ္ခုတည္းနဲ႔တင္ လွဴလုိ႔အဆင္မေျပဘူးေပါ့ေနာ္ ရပ္ကြက္ထဲကလူေတြက တကယ္ကုိ အားတုိက္အင္တုိက္ေပါ့ေနာ္ မိသားစုလုိ စည္းစညး္လုံးလုံးနဲ႔ ဝုိင္းလုပ္ၾကတယ္ မိသားစုလုိ ျဖစ္ေတာ့ေလ အလွဴဒါန ေျမာက္သြားတာပါ။ ဒီေန႔က ေကြၽးတာက ဘဲဥခ်ဥ္ဟင္းရယ္ င႐ုပ္သီးေထာင္းရယ္ ၿပီးေတာ့ ပဲဟင္းရယ္ ၿပီးေတာ့ ေရခဲေခ်ာင္းနဲ႔ အခ်ိဳေရလည္းပါပါေသးတယ္။


ညီမတုိ႔က အရင္ဘဝတုန္းက ေကာင္းမႈကုသုိလ္ေၾကာင့္ ဒီလုိဘဝကုိေရာက္လာတာ ေကာင္းတာလုပ္လည္း ဒီလုိမ်ိဳးျဖစ္လာမယ္ မေကာင္းတာလုပ္လည္း ဒီလုိမ်ိဳးျဖစ္လာမယ္သူ႔ကုသုိလ္ကံေၾကာင့္ ဒီေနရာ ေရာက္လာတာ။ လူဆုိတာက လွဴရတယ္ ႐ွိမွလွဴရတာမဟုတ္ဘူး မ႐ွိလည္းလွဴရမယ္ စားရမယ္ ေသရင္ကုိယ့္ေနာက္ ဘာမွမပါဘူး႐ွင့္။ အဲ့တာေၾကာင့္ ညီမကေလ ညီမ႐ွာထားတဲ့ပုိက္ဆံကုိ ၅ပုံပုံလုိက္တယ္ ၿပီးေတာ့ ၁ပုံက လွဴဖုိ႔အတြက္ သီးသန္႔ဖယ္ထားရတယ္။

ပီတိျဖစ္တယ္ ညီမေခြၽးႏွဲစာနဲ႔ ပုိက္ဆံစုထားတာေပါ့ေနာ္ လွဴမယ္ဆုိၿပီးေတာ့လည္း ေငြစုိက္ၿပီးေတာ့ လွဴလုိ႔ရတာမ်ိဳး မဟုတ္ဘူးေလ ရပ္ကြက္ထဲကလူေတြကလည္း ညီမကုိ မိသားစုလုိပဲ ခ်စ္လည္းခ်စ္ၾကတယ္။ အကုန္လုံးက ဝုိင္းဝန္းကူညီတဲ့အတြက္ ဝမ္းလည္းဝမ္းသာတယ္ ေပ်ာ္လည္းေပ်ာ္တယ္ ပီတိလည္း ျဖစ္တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။


ဆက္လက္ၿပီးေတာ့လည္း စူး႐ွထက္က “အရင္ႏွစ္ေတြတုန္းကလည္း မိဘမဲ့ကေလးတုိ႔ မ႐ွိတဲ့လူေတြတုိ႔ အဲ့လုိမ်ိဳးေလးေတြ သြားလွဴတယ္ ၿပီးရင္ ညီမက မုန္႔ေတြဘာေတြလုပ္တယ္ ၿပီးရင္ လမ္းမွာ လမ္းခင္းတဲ့သူေတြ အမႈိက္စည္ပင္သမားေတြ အဲ့လုိမ်ိဳးေတြကုိ လုိက္လွဴပါတယ္။ ဒီႏွစ္ၾကေတာ့ ဒီလမ္းထဲမွာ လွဴျဖစ္တာပါ႐ွင့္။”လုိ႔ ေျပာခဲ့ပါတယ္။

Valentine’s Dayနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ရည္းစားမ႐ွိဘူးလုိ႔ ေျပာၿပီးၿပီေလ ေကြၽးလုိ႔ ေခ်ာကလက္ ပရိသတ္ႀကီးပဲ ေကြၽးမွရမယ္ စူး႐ွက ရည္းစားမ႐ွိဘူး။ အဲ့ေနက်ရင္ အိမ္မွာပဲ ေနမွာ။ ေခ်ာကလက္လာေကြၽးပါလုိ႔ ၁၄ရက္ေန႔က်ရင္ ေရခ်ိဳးေပးမယ္လုိ႔။”လုိ႔ အရႊန္းေဖာက္ၿပီး စူး႐ွထက္က ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#

ပုရိသတွေကြွေစေလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကြောင့် ဝေဖန်မှုတွေကို ခံရသလို အားပေးမှုကိုလည်း ခံနေရတဲ့ မော်ဒယ်လ် စူးရှထက် ဖေဖော်ဝါရီလ ဆယ်ရက်နေ့မှာ သူ့ရဲ့ရပ်ကွက်ထဲက လူတွေနဲ့စုပေါင်းပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အလှူအဖြစ် ထမင်းကျွေးခဲ့ပါတယ်။ သူ့အနေနဲ့ လညမယ့် Valentine’s Day မှာ တစ်ယောက်တည်းပဲ ဖြစ်နေပြီး ချောကလက်လာကျွေးတဲ့သူကိုတော့ ရေချိုးပေးမယ်ဆိုပြီး Sunday Journal အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။



စူးရှထက်က “ရပ်ကွက်ထဲက လူတွေက အလှူလုပ်ဖို့အတွက်ပြောတယ်ပေါ့နော် ပြည့်ထောင်စုနေ့မှာ အလှူလုပ်ဖို့ အဲ့နေကျတော့ အလုပ်တစ်ခုလည်းရှိတယ်။ ရပ်ကွက်ထဲကလူတွေလည်း မအားတော့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆယ်ရက်နေ့ကို ကျွေးလိုက်တာပါ။ ဒီနှစ်က ကျွေးမယ်ဆိုပြီးတော့ စုဗူးစုထားတာ ၅သိန်း၁သောင်းရပါတယ်။ ညီမက မတည်တာပေါ့နော် ပြီးတော့ ရပ်ကွက် ထဲကလူတွေကလည်း အကုန်လုံး လှူကြတန်းကြတယ်။ အလှူငွေတစ်ခုတည်းနဲ့တင် လှူလို့အဆင်မပြေဘူးပေါ့နော် ရပ်ကွက်ထဲကလူတွေက တကယ်ကို အားတိုက်အင်တိုက်ပေါ့နော် မိသားစုလို စည်းစည်းလုံးလုံးနဲ့ ဝိုင်းလုပ်ကြတယ် မိသားစုလို ဖြစ်တော့လေ အလှူဒါန မြောက်သွားတာပါ။ ဒီနေ့က ကျွေးတာက ဘဲဥချဉ်ဟင်းရယ် ငရုပ်သီးထောင်းရယ် ပြီးတော့ ပဲဟင်းရယ် ပြီးတော့ ရေခဲချောင်းနဲ့ အချိုရေလည်းပါပါသေးတယ်။

ညီမတို့က အရင်ဘဝတုန်းက ကောင်းမှုကုသိုလ်ကြောင့် ဒီလိုဘဝကိုရောက်လာတာ ကောင်းတာလုပ်လည်း ဒီလိုမျိုးဖြစ်လာမယ် မကောင်းတာလုပ်လည်း ဒီလိုမျိုးဖြစ်လာမယ်သူ့ကုသိုလ်ကံကြောင့် ဒီနေရာ ရောက်လာတာ။ လူဆိုတာက လှူရတယ် ရှိမှလှူရတာမဟုတ်ဘူး မရှိလည်းလှူရမယ် စားရမယ် သေရင်ကိုယ့်နောက် ဘာမှမပါဘူးရှင့်။ အဲ့တာကြောင့် ညီမကလေ ညီမရှာထားတဲ့ပိုက်ဆံကို ၅ပုံပုံလိုက်တယ် ပြီးတော့ ၁ပုံက လှူဖို့အတွက် သီးသန့်ဖယ်ထားရတယ်။

ပီတိဖြစ်တယ် ညီမချွေးနှဲစာနဲ့ ပိုက်ဆံစုထားတာပေါ့နော် လှူမယ်ဆိုပြီးတော့လည်း ငွေစိုက်ပြီးတော့ လှူလို့ရတာမျိုး မဟုတ်ဘူးလေ ရပ်ကွက်ထဲကလူတွေကလည်း ညီမကို မိသားစုလိုပဲ ချစ်လည်းချစ်ကြတယ်။ အကုန်လုံးက ဝိုင်းဝန်းကူညီတဲ့အတွက် ဝမ်းလည်းဝမ်းသာတယ် ပျော်လည်းပျော်တယ် ပီတိလည်း ဖြစ်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း စူးရှထက်က “အရင်နှစ်တွေတုန်းကလည်း မိဘမဲ့ကလေးတို့ မရှိတဲ့လူတွေတို့ အဲ့လိုမျိုးလေးတွေ သွားလှူတယ် ပြီးရင် ညီမက မုန့်တွေဘာတွေလုပ်တယ် ပြီးရင် လမ်းမှာ လမ်းခင်းတဲ့သူတွေ အမှိုက်စည်ပင်သမားတွေ အဲ့လိုမျိုးတွေကို လိုက်လှူပါတယ်။ ဒီနှစ်ကြတော့ ဒီလမ်းထဲမှာ လှူဖြစ်တာပါရှင့်။”လို့ ပြောခဲ့ပါတယ်။

Valentine’s Dayနဲ့ ပတ်သက်ပြီးတော့လည်း “ရည်းစားမရှိဘူးလို့ ပြောပြီးပြီလေ ကျွေးလို့ ချောကလက် ပရိသတ်ကြီးပဲ ကျွေးမှရမယ် စူးရှက ရည်းစားမရှိဘူး။ အဲ့နေကျရင် အိမ်မှာပဲ နေမှာ။ ချောကလက်လာကျွေးပါလို့ ၁၄ရက်နေ့ကျရင် ရေချိုးပေးမယ်လို့။”လို့ အရွှန်းဖောက်ပြီး စူးရှထက်က ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top