iMyanmarHouse.com - Best Property Website for Myanmar
×

 Jေနာ္ဟာဆိုရင္ေတာ့ မၾကာေသးမီကာလကမွလူၾကိဳက္မ်ားလာတဲ့ ေမာ္ဒယ္တစ္ဦးျဖစ္ျပီး Modelling ပုိင္းမွာထူးခြ်န္သလုိ ဖက္ရွင္ေတြက ေခတ္ေရွ႕ေျပးတာေၾကာင့္လည္း ပရိသတ္ေတြရဲ႕အားေပးမႈေတြမ်ားစြာရရွိလာတဲ့ ေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။ Jေနာ္ဟာ မၾကာေသးမီက 8days နဲ႔ အင္တာဗ်ဴးမွာ Ariana Grande ရဲ႕ သီခ်င္းကုိ Taylor Swift ဆိုတယ္လုိ႔မွားေျပာလိုက္တ့ဲအတြက္ ပရိသတ္ေတြရဲ႕ခ်စ္စနိုးစေနာက္ျခင္းကုိခံေနရတာလည္းျဖစ္ပါတယ္။ အဲဒီအင္တာဗ်ဴးထဲမွာ Jေနာ္က လက္ရွိအနုပညာလႈပ္ရွားမႈေတြနဲ႔ အခ်စ္ေရးအေၾကာင္းတစ္ေစ့တစ္ေစာင္းေျပာျပသြားခဲ့ပါတယ္။

Jေနာ္က လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကို “အနုပညာလႈပ္ရွားမႈကေတာ့ Client ေတြငွားထားတဲ့ပြဲေလးေတြ ေရွ႕ဆက္တက္ျဖစ္မယ္။ျပီးသြားရင္ ရုိက္ကူးေရးေလးတခ်ိဳ႕ရွိမယ္။ Magazine cover ေလးတခ်ိဳ႕ရိုက္ထားတယ္။ မထြက္ေသးဘူးေပါ့ေနာ္။ ထြက္ဖို႔ရွိမယ္။ ၾကားထဲမွာေတာ့ ၾကိဳၾကားၾကိဳၾကား ဂ်ာနယ္ cover ေလးေတြ magazine cover ေလးေတြရုိက္ဖို႔ရွိမယ္”လို႔ ေျပာျပထားပါတယ္။

Jေနာ္က Modelling လုပ္ဖို႔ေမြးဖြားလာတာလို႔လည္း “Modelling လုပ္ဖို႔ေမြးဖြားလာသလိုမ်ိဳးျဖစ္ေနတာေပါ့ေန္ာ။ ကိုယ့္ရဲ႕ professional က ဒီအရာပဲျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါကိုပဲ focus ထားျပီး ေသေသခ်ာခ်ာေလးလုပ္ျဖစ္တာေပါ့ေနာ္။ ဟုတ္”လို႔ ေျပာထားသလို V Day plan ကုိလည္း “plan ကေလ ေခ်ာကလက္ကုိဝယ္စားမယ္။ပန္းစည္းကိုဝယ္မယ္။ ေပးမယ့္လူလည္းရွိမွာမဟုတ္ဘူးေလ။ လူအထင္ၾကီးေအာင္ေတာ့ facebook ေပၚမွာတင္ရမွာေပါ့ေလ။ ဘယ္သူဘယ္ဝါေပးပါတယ္ေပါ့။ ကိုယ့္ဟာကုိယ္ဝယ္ျပီးေတာ့”လို႔ရယ္ေမာရင္းေျဖၾကားထားပါတယ္။

Jေနာ္ က Valentine အမွတ္တရေတြနဲ႔ပတ္သက္ျပီး “မရွိဘူး။ ေနာဘဝမွာ valentine က ဘာအမွတ္တရမွမရွိဘူး။ ဘာေခ်ာကလက္မွမရဖူးသလို ဘာေခ်ာကလက္မွမရဖူးဘူး။ ဒီတစ္သက္လည္းရမယ္မထင္ေတာ့ပါဘူး”လို႔ ေျပာထားျပီး အခ်စ္ေရးနဲ႔အေၾကာင္းကုိေတာ့ “အခ်စ္နဲ႔ပတ္သက္ျပီးေျပာစရာဆိုရင္ေတာ့ Taylor Swift ေျပာသလိုေပါ့ Thank You,Next ေပါ့။ Ex ေတြအကုန္လံုးကုိ ေက်းဇူးတင္ရမယ္ေပါ့။ အမ်ားၾကီးလည္းအဲ့လိုရည္းစားေတြအမ်ားၾကီးမထားခဲ့ဖူးဘူး။ ကိုယ့္ဆီမွာမေပ်ာ္လို႔ထြက္သြားတဲ့လူတစ္ေယာက္ကုိမတမ္းတသလိုသူတို႔အားလံုးကုိကိုယ္ကေက်းဇူးတင္တယ္”လို႔ ရင္ဖြင့္သြားပါတယ္။အဲဒီမွာ Than You, Next ဟာ Ariana ရဲ႕ အသစ္စက္စက္ထြက္ထားတဲ့သီခ်င္းတစ္ပုဒ္ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ရယ္ေမာျပီးစေနာက္ခဲ့ၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Jေနာ္ကုိအားေပးၾကလား။ Jေနာ္ရဲ႕ modelling အလုပ္ေတြကုိေရာဆက္လက္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

Jနော်ဟာဆိုရင်တော့ မကြာသေးမီကာလကမှလူကြိုက်များလာတဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး Modelling ပိုင်းမှာထူးချွန်သလို ဖက်ရှင်တွေက ခေတ်ရှေ့ပြေးတာကြောင့်လည်း ပရိသတ်တွေရဲ့အားပေးမှုတွေများစွာရရှိလာတဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ Jနော်ဟာ မကြာသေးမီက 8days နဲ့ အင်တာဗျူးမှာ Ariana Grande ရဲ့ သီချင်းကို Taylor Swift ဆိုတယ်လို့မှားပြောလိုက်တဲ့အတွက် ပရိသတ်တွေရဲ့ချစ်စနိုးစနောက်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ အဲဒီအင်တာဗျူးထဲမှာ Jနော်က လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ အချစ်ရေးအကြောင်းတစ်စေ့တစ်စောင်းပြောပြသွားခဲ့ပါတယ်။

Jနော်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အနုပညာလှုပ်ရှားမှုကတော့ Client တွေငှားထားတဲ့ပွဲလေးတွေ ရှေ့ဆက်တက်ဖြစ်မယ်။ပြီးသွားရင် ရိုက်ကူးရေးလေးတချို့ရှိမယ်။ Magazine cover လေးတချို့ရိုက်ထားတယ်။ မထွက်သေးဘူးပေါ့နော်။ ထွက်ဖို့ရှိမယ်။ ကြားထဲမှာတော့ ကြိုကြားကြိုကြား ဂျာနယ် cover လေးတွေ magazine cover လေးတွေရိုက်ဖို့ရှိမယ်”လို့ ပြောပြထားပါတယ်။

Jနော်က Modelling လုပ်ဖို့မွေးဖွားလာတာလို့လည်း “Modelling လုပ်ဖို့မွေးဖွားလာသလိုမျိုးဖြစ်နေတာပေါ့နေ်ာ။ ကိုယ့်ရဲ့ professional က ဒီအရာပဲဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကိုပဲ focus ထားပြီး သေသေချာချာလေးလုပ်ဖြစ်တာပေါ့နော်။ ဟုတ်”လို့ ပြောထားသလို V Day plan ကိုလည်း “plan ကလေ ချောကလက်ကိုဝယ်စားမယ်။ပန်းစည်းကိုဝယ်မယ်။ ပေးမယ့်လူလည်းရှိမှာမဟုတ်ဘူးလေ။ လူအထင်ကြီးအောင်တော့ facebook ပေါ်မှာတင်ရမှာပေါ့လေ။ ဘယ်သူဘယ်ဝါပေးပါတယ်ပေါ့။ ကိုယ့်ဟာကိုယ်ဝယ်ပြီးတော့”လို့ရယ်မောရင်းဖြေကြားထားပါတယ်။

Jနော် က Valentine အမှတ်တရတွေနဲ့ပတ်သက်ပြီး “မရှိဘူး။ နောဘဝမှာ valentine က ဘာအမှတ်တရမှမရှိဘူး။ ဘာချောကလက်မှမရဖူးသလို ဘာချောကလက်မှမရဖူးဘူး။ ဒီတစ်သက်လည်းရမယ်မထင်တော့ပါဘူး”လို့ ပြောထားပြီး အချစ်ရေးနဲ့အကြောင်းကိုတော့ “အချစ်နဲ့ပတ်သက်ပြီးပြောစရာဆိုရင်တော့ Taylor Swift ပြောသလိုပေါ့ Thank You,Next ပေါ့။ Ex တွေအကုန်လုံးကို ကျေးဇူးတင်ရမယ်ပေါ့။ အများကြီးလည်းအဲ့လိုရည်းစားတွေအများကြီးမထားခဲ့ဖူးဘူး။ ကိုယ့်ဆီမှာမပျော်လို့ထွက်သွားတဲ့လူတစ်ယောက်ကိုမတမ်းတသလိုသူတို့အားလုံးကိုကိုယ်ကကျေးဇူးတင်တယ်”လို့ ရင်ဖွင့်သွားပါတယ်။အဲဒီမှာ Than You, Next ဟာ Ariana ရဲ့ အသစ်စက်စက်ထွက်ထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ပရိသတ်တွေက ရယ်မောပြီးစနောက်ခဲ့ကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Jနော်ကိုအားပေးကြလား။ Jနော်ရဲ့ modelling အလုပ်တွေကိုရောဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top