စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


စမိုင္းလ္ ဟာ မဂၤလာသက္တမ္း အႏွစ္ ၂၀ ျပည့္မွာ ခင္ပြန္းျဖစ္သူ လုပ္ေပးတဲ့ Surprise ေၾကာင့္ ဝမ္းသာေပ်ာ္႐ႊင္ေနတာကို ေတြ႕ရပါတယ္။ သူတို႔ ဇနီးေမာင္ႏွံဟာ ၁၉၉၉ ခုႏွစ္မွာ မဂၤလာေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။သ႐ုပ္ေဆာင္ စမိုင္းလ္ နဲ႔ ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္ တို႔ဟာ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ မဂၤလာသက္တမ္း အႏွစ္ ၂၀ ျပည့္ၿပီျဖစ္ပါတယ္။ ကိုျပည့္ေမာင္ ဟာ ဇနီးေခ်ာေလးကို Surprise လုပ္ဖို႔အတြက္  အိမ္ တစ္အိမ္လုံးကို ေနၾကာပန္းေတြနဲ႔ အလွဆင္ခဲ့တာကို ေတြ႕ရပါတယ္။

‘’Surprise Anniversary Present’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ မနက္ေစာေစာ ၁၂ နာရီ ၄ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ေနၾကာပန္းေတြ ၾကားမွာ ေပ်ာ္႐ႊင္ေနတဲ့ စမိုင္းလ္ရဲ႕ ဓာတ္ပုံေတြကိုလည္း တင္ခဲ့ပါေသးတယ္။ စမိုင္းလ္ တို႔ ဇနီးေမာင္ႏွံကို အားက်ေနၾကတဲ့ ပရိသတ္ေတြကလည္း Comment ကေန တဆင့္ ဂုဏ္ျပဳစကားေတြ ေျပာျပခဲ့ပါတယ္။


ကိုျပည့္ေမာင္နဲ႔ စမိုင္းလ္ တို႔ဇနီးေမာင္ႏွံဟာ ၁၉၉၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ မဂၤလာေဆာင္ခဲ့ ၾကတာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သမီးႀကီး Portia (ခ) ဆုနဒီေမာင္နဲ႔  သမီးငယ္ေလး ဆုရတီေမာင္ တို႔ကို ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။ သမီးႀကီး ဆုနဒီေမာင္ကေတာ့ အခုဆိုရင္ Modelling အလုပ္ကို လုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ စမိုင္းလ္ ဟာ အခုခ်ိန္မွာ ကိုယ္ပိုင္စီးပြားေရးေတြလည္း အမ်ားႀကီးပိုင္ဆိုင္ထားသလိုကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး ကိုလည္း စီစဥ္ေဆာင္႐ြက္ေနသူတစ္ဦးပါ။ ဒီလိုပိုင္ဆိုင္မႈေတြရွိလာႏိုင္ေအာင္လည္း ခင္ပြန္းျဖစ္သူက အလုပ္ႀကိဳးစားသလို သူကိုယ္တိုင္ကလည္း အိမ္ေထာင္မႈကိုထိန္းသိမ္း ရ တယ္လို႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာေျဖဆိုခဲ့ဖူးပါတယ္။


သ႐ုပ္ေဆာင္စမိုင္းလ္ဟာ အခုဆိုရင္ စမိုင္းလ္႐ုပ္ရွင္ထုတ္လုပ္ေရးကိုပါ ဦးေဆာင္ေနသလို ပရိသတ္နဲ႔ အဆက္အသြယ္မျပတ္ဖို႔ သ႐ုပ္ေဆာင္ အလုပ္ေတြပါ ျပန္လုပ္ေနၿပီလို႔ သိရပါတယ္။ အဲ့ဒီေနာက္ အလႉအတန္းေတြလည္း မၾကာခဏဆိုသလို ေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ သူခ်စ္ရတဲ့ ခင္ပြန္းရယ္၊ သမီးေလး ႏွစ္ေယာက္ရယ္ နဲ႔ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

စမိုင်းလ် ဟာ မင်္ဂလာသက်တမ်း အနှစ် ၂၀ ပြည့်မှာ ခင်ပွန်းဖြစ်သူ လုပ်ပေးတဲ့ Surprise ကြောင့် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၁၉၉၉ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။သရုပ်ဆောင် စမိုင်းလ် နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင် တို့ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း အနှစ် ၂၀ ပြည့်ပြီဖြစ်ပါတယ်။ ကိုပြည့်မောင် ဟာ ဇနီးချောလေးကို Surprise လုပ်ဖို့အတွက်  အိမ် တစ်အိမ်လုံးကို နေကြာပန်းတွေနဲ့ အလှဆင်ခဲ့တာကို တွေ့ရပါတယ်။


‘’Surprise Anniversary Present’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်စောစော ၁၂ နာရီ ၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် နေကြာပန်းတွေ ကြားမှာ ပျော်ရွှင်နေတဲ့ စမိုင်းလ်ရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ စမိုင်းလ် တို့ ဇနီးမောင်နှံကို အားကျနေကြတဲ့ ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဂုဏ်ပြုစကားတွေ ပြောပြခဲ့ပါတယ်။

ကိုပြည့်မောင်နဲ့ စမိုင်းလ် တို့ဇနီးမောင်နှံဟာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့ ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သမီးကြီး Portia (ခ) ဆုနဒီမောင်နဲ့  သမီးငယ်လေး ဆုရတီမောင် တို့ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သမီးကြီး ဆုနဒီမောင်ကတော့ အခုဆိုရင် Modelling အလုပ်ကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top