စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×





Credit: burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

လွန်ခဲ့တဲ့ နှစ်တွေက သရုပ်ဆောင်အလုပ်နဲ့ ပရိသတ်တွေရင်ထဲမှာ နေရာယူထားနိုင်တဲ့ သရုပ်ဆောင် သားညီကတော့ လက်ရှိမှာ ဒါရိုက်တာတစ်ဦးအနေနဲ့ ပရိသတ်အတွက် အကောင်းဆုံးကြိုးစားနေတာပါ။ ချစ်ရတဲ့မိန်းမနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ သားညီကတော့ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကို ဖန်တီးပုံဖော်ထားတာပါ။ လတ်တလောမှာတော့ သားညီက မနက်ဖြစ်ကျရောက်မယ့် ချစ်သူများနေ့အတွက် ချစ်ဇနီးလေးကို Surprise အကြီးကြီး လုပ်ခဲ့တာ တွေ့ရပါတယ်။ ချစ်တတ်လွန်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ သားညီရဲ့ဇနီးလေးကတော့ တော်တော်လေးကို ကံကောင်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အိမ်ထောင်သက်တွေ ဘယ်လောက်ကြာကြာ Ro နေဆဲဖြစ်တဲ့ သားညီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သားညီကတော့ “ကျွန်တော်တို့ မချမ်းသာပါဘူး …ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာတဲ့ပိုက်ဆံကိုတော့ တန်ဖိုးထားပါတယ် …အသက်ကြီးလာတော့ စိတ်ကူးယဉ်မဆန်တော့ဘူး …လက်တွေ့ပိုဆန်လာတယ် …ရို တာမပေးတော့ဘူးလို တာပဲပေးတော့မယ် …ချစ်သူများနေ့အတွက် လက်ဆောင်ပါ မိန်းမရေ ။” ဆိုပြီး အချစ်စာစောင်လေးကို ရေးသားထားပါသေးတယ်။


သားညီကတော့ လတ်တလောမှာ အမိုက်စား ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင်ဖန်တီးပုံဖော်နေပြီး ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သားညီတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်း ၁၂ နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်ချစ်ပရိသတ်တွေလည်း အရမ်းကို Ro လွန်းပြီး ချစ်စရာကောင်းတဲ့ သားညီတို့ဇနီးမောင်နှံလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top