မိန္းကေလးတို႔ေရ မနက္ခင္း အလုပ္သြား အျပင္သြားတဲ့အခါမွာ မိတ္ကပ္ေလးေတြ အဆင့္ဆင့္ လိမး္ၾကတယ္ မဟုတ္လား။ မိတ္ကပ္ေတြ မကြက္ဖို႔၊ ၾကာရွည္ခံဖို႔ဆုိတာကလည္း အသားအေရ ေကာင္းမွ ျဖစ္မွာပါ။ ဒီေတာ့ အသားအေရ ေကာင္းဖို႔ဆိုရင္ မိတ္ကပ္ထက္ အသားအေရထိန္းပစၥည္းေတြ သံုးဖို႔ လိုပါတယ္။ ခုေခတ္မွာ အသားအေရထိန္းသိမ္းျခင္းကိုလည္း ေတာ္ေတာ္မ်ား်မ်ား ျပဳလုပ္လာၾကပါၿပီ။ ထိန္းသိမ္းတဲ့အခါမွာ နည္းလမ္းမွန္မွန္ေလး ထိန္းသိမ္းဖို႔ေတာ့ လိုပါတယ္ေနာ္။

ဒါမွ အသားအေရ မပ်က္စီးဘဲနဲ႔ ပိုမိုေကာင္းမြန္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာမွာပါ။ မနက္ခင္းမွာ မိတ္ကပ္အဆင့္ဆင့္ လိမ္းၾကသလိုပဲ ညဘက္ေရာက္တဲ့အခါမွာလည္း အဆင္ဆင့္ အသားအေရ ထိန္းဖို႔လိုတာမို႔ တစ္ဆင့္ခ်င္းစီ ၾကည့္ၾကည့္ပါဦးေနာ္။

မိတ္ကပ္ဖ်က္ေဆး

ညေရာက္ၿပီဆိုရင္ေတာ့ တစ္မနက္လံုးက မ်က္ႏွာမွာ ရွိခဲ့သမွ် မိတ္ကပ္ေတြနဲ႔ အိုင္းလိုင္နာေတြကို ဖ်က္ဖို႔ အခ်ိန္တန္ပါၿပီ။ make up remover အရည္ေလးေတြကို cotton pad ေလးမွာစြတ္ၿပီး မိတ္ကပ္ေတြကို ေျပာင္စင္ေအာင္ ဖ်က္ပါ။ ႏွာေခါင္းၾကားေနရာက မိတ္ကပ္ေတြကို ေျပာင္စင္ေအာင္ဖ်က္ပါ။

 cleansing water

မိတ္ကပ္ဖ်က္တဲ့အဆင့္ၿပီးၿပီဆိုရင္ေတာ့ cleansing water ေလးသံုးရပါမယ္။ သူက ေခၽြးေပါက္ အတြင္းထဲက အညစ္အေၾကးေတြကိုပါ သန္႔စင္ေပးတာပါ။ ဒါ့အျပင္ အဆီဖုေတြကိုလည္း သက္သာေစႏိုင္ပါေသးတယ္။ cleansing water ကိုလည္း cotton pad ေလးမွာစြတ္ၿပီး မ်က္ႏွာတဝိုက္ကို ျဖည္းျဖည္းခ်င္းဖိၿပီး ဖ်က္ရမွာပါ။

မ်က္ႏွာသစ္ေဆး

မိတ္ကပ္ေတြကို ဖ်က္တဲ့ အဆင့္ေတြလုပ္ၿပီးၿပီဆိုရင္ေတာ့ မ်က္ႏွာသစ္ရပါမယ္။ ကိုယ့္မ်က္ႏွာအသားအေရနဲ႔တည့္တဲ့ အမ်ိဳးအစားကုိ တိတိက်က် သံုးစြဲႏိုင္ဖို႔ အရမ္းအေရးႀကီးပါတယ္။ မ်က္ႏွာကို ေရနည္းနည္းစြတ္ပါ။ ၿပီးရင္ မ်က္ႏွာသစ္ေဆးကို လက္ထဲမွာထည့္ၿပီး အျမဳပ္ထေအာင္အရင္လုပ္ပါ။ ေနာက္မွ မ်က္ႏွာေပၚမွာတင္ၿပီး စက္ဝိုင္းပံုသ႑န္ႏွိပ္နယ္ၿပီး သစ္ပါ။ T zone ေလးေတြ ေသခ်ာသစ္ပါ။

Toner

ေခၽြးေပါက္ေတြ မျဖစ္ေအာင္ ေရဓါတ္ကို ညွိေပးတဲ့ Toner သံုးေပးဖို႔ လိုပါတယ္။ ဒါက အသားအေရ စိုစိုျပည္ျပည္ေလးလည္း ျဖစ္ေစမွာပါ။ ကိုယ့္အသားအေရနဲ႔ ကိုက္ညီတဲ့ ပစၥည္းပဲ သံုးပါေနာ္။

Essence နဲ႔ serums

Essence နဲ႔ Serums ကေတာ့ လူတိုင္းမလိမး္ၾကပါဘူး။ Essence မွာလည္း ဝက္ျခံထြက္တဲ့သူေတြအတြက္၊ အမဲစက္ေပ်ာက္ေစဖို႔ဆိုၿပီး အစရွိသလို အမ်ိဳးမ်ိဳး ကြဲပါတယ္။ ကိုယ့္အသားအေရနဲ႔ ကိုက္ညီတာကို လိမ္းပါ။ ဒီအဆင့္ကို ေက်ာ္ခဲ့ရင္လည္း ရပါတယ္။ Serum ကိုေတာ့ လက္ေလးနဲ႔ မ်က္ႏွာကို ပါးပါးေလးပုတ္ၿပီး လိမ္းေပးပါ။ အသားထဲ စိမ့္ဝင္ေလ အက်ိဳးရွိေလပါပဲေနာ္။

Eye cream

Eye cream ကေတာ့ မ်က္လံုးအေရးအေၾကာင္းျဖစ္ျခင္း၊ မ်က္ကြင္းညိဳျခင္းေတြ မျဖစ္ေအာင္ ထိန္းသိမ္းေပးပါတယ္။ ဒါ့အျပင္ မ်က္လံုးအစ္အစ္ေဖာင္းေဖာင္းႀကီး မျဖစ္ေအာင္လည္း ကာကြယ္ေပးပါေသးတယ္။ မ်က္လံုးတဝိုက္နားေလးမွာ လိမ္းၿပီး အိပ္ပါ။

Sheet

Sheet ကေတာ့ ညတိုင္းျပဳလုပ္ဖို႔ မလိုပါဘူး။ အသားအေရထိန္းသိမ္းဖို႔အတြက္ေတာ့ တစ္ပတ္ကို (၂) ႀကိမ္ေလာက္ ျပဳလုပ္ႏုိင္ပါတယ္။မအိပ္ခင္မွာ ေရမ်ားမ်ားေသာက္ေပးတာကလည္း အသားအေရ ထိန္းသိမ္းျခင္း နည္းလမ္းတမ်ိဳးျဖစ္တာေၾကာင့္ skin care အဆင့္ဆင့္ လိမ္းၿပီးရင္ ေရေသာက္ေပးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hellosayarwon

#Unicode Version#

မိန်းကလေးတို့ရေ မနက်ခင်း အလုပ်သွား အပြင်သွားတဲ့အခါမှာ မိတ်ကပ်လေးတွေ အဆင့်ဆင့် လိမ်းကြတယ် မဟုတ်လား။ မိတ်ကပ်တွေ မကွက်ဖို့၊ ကြာရှည်ခံဖို့ဆိုတာကလည်း အသားအရေ ကောင်းမှ ဖြစ်မှာပါ။ ဒီတော့ အသားအရေ ကောင်းဖို့ဆိုရင် မိတ်ကပ်ထက် အသားအရေထိန်းပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ ခုခေတ်မှာ အသားအရေထိန်းသိမ်းခြင်းကိုလည်း တော်တော်များျများ ပြုလုပ်လာကြပါပြီ။ ထိန်းသိမ်းတဲ့အခါမှာ နည်းလမ်းမှန်မှန်လေး ထိန်းသိမ်းဖို့တော့ လိုပါတယ်နော်။

ဒါမှ အသားအရေ မပျက်စီးဘဲနဲ့ ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပါ။ မနက်ခင်းမှာ မိတ်ကပ်အဆင့်ဆင့် လိမ်းကြသလိုပဲ ညဘက်ရောက်တဲ့အခါမှာလည်း အဆင်ဆင့် အသားအရေ ထိန်းဖို့လိုတာမို့ တစ်ဆင့်ချင်းစီ ကြည့်ကြည့်ပါဦးနော်။

မိတ်ကပ်ဖျက်ဆေး

ညရောက်ပြီဆိုရင်တော့ တစ်မနက်လုံးက မျက်နှာမှာ ရှိခဲ့သမျှ မိတ်ကပ်တွေနဲ့ အိုင်းလိုင်နာတွေကို ဖျက်ဖို့ အချိန်တန်ပါပြီ။ make up remover အရည်လေးတွေကို cotton pad လေးမှာစွတ်ပြီး မိတ်ကပ်တွေကို ပြောင်စင်အောင် ဖျက်ပါ။ နှာခေါင်းကြားနေရာက မိတ်ကပ်တွေကို ပြောင်စင်အောင်ဖျက်ပါ။

 cleansing water

မိတ်ကပ်ဖျက်တဲ့အဆင့်ပြီးပြီဆိုရင်တော့ cleansing water လေးသုံးရပါမယ်။ သူက ချွေးပေါက် အတွင်းထဲက အညစ်အကြေးတွေကိုပါ သန့်စင်ပေးတာပါ။ ဒါ့အပြင် အဆီဖုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ cleansing water ကိုလည်း cotton pad လေးမှာစွတ်ပြီး မျက်နှာတဝိုက်ကို ဖြည်းဖြည်းချင်းဖိပြီး ဖျက်ရမှာပါ။

မျက်နှာသစ်ဆေး

မိတ်ကပ်တွေကို ဖျက်တဲ့ အဆင့်တွေလုပ်ပြီးပြီဆိုရင်တော့ မျက်နှာသစ်ရပါမယ်။ ကိုယ့်မျက်နှာအသားအရေနဲ့တည့်တဲ့ အမျိုးအစားကို တိတိကျကျ သုံးစွဲနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ မျက်နှာကို ရေနည်းနည်းစွတ်ပါ။ ပြီးရင် မျက်နှာသစ်ဆေးကို လက်ထဲမှာထည့်ပြီး အမြုပ်ထအောင်အရင်လုပ်ပါ။ နောက်မှ မျက်နှာပေါ်မှာတင်ပြီး စက်ဝိုင်းပုံသဏ္ဍန်နှိပ်နယ်ပြီး သစ်ပါ။ T zone လေးတွေ သေချာသစ်ပါ။

Toner

ချွေးပေါက်တွေ မဖြစ်အောင် ရေဓါတ်ကို ညှိပေးတဲ့ Toner သုံးပေးဖို့ လိုပါတယ်။ ဒါက အသားအရေ စိုစိုပြည်ပြည်လေးလည်း ဖြစ်စေမှာပါ။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ ပစ္စည်းပဲ သုံးပါနော်။

Essence နဲ့ serums

Essence နဲ့ Serums ကတော့ လူတိုင်းမလိမ်းကြပါဘူး။ Essence မှာလည်း ဝက်ခြံထွက်တဲ့သူတွေအတွက်၊ အမဲစက်ပျောက်စေဖို့ဆိုပြီး အစရှိသလို အမျိုးမျိုး ကွဲပါတယ်။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို လိမ်းပါ။ ဒီအဆင့်ကို ကျော်ခဲ့ရင်လည်း ရပါတယ်။ Serum ကိုတော့ လက်လေးနဲ့ မျက်နှာကို ပါးပါးလေးပုတ်ပြီး လိမ်းပေးပါ။ အသားထဲ စိမ့်ဝင်လေ အကျိုးရှိလေပါပဲနော်။

Eye cream

Eye cream ကတော့ မျက်လုံးအရေးအကြောင်းဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်းတွေ မဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် မျက်လုံးအစ်အစ်ဖောင်းဖောင်းကြီး မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ မျက်လုံးတဝိုက်နားလေးမှာ လိမ်းပြီး အိပ်ပါ။

Sheet

Sheet ကတော့ ညတိုင်းပြုလုပ်ဖို့ မလိုပါဘူး။ အသားအရေထိန်းသိမ်းဖို့အတွက်တော့ တစ်ပတ်ကို (၂) ကြိမ်လောက် ပြုလုပ်နိုင်ပါတယ်။မအိပ်ခင်မှာ ရေများများသောက်ပေးတာကလည်း အသားအရေ ထိန်းသိမ်းခြင်း နည်းလမ်းတမျိုးဖြစ်တာကြောင့် skin care အဆင့်ဆင့် လိမ်းပြီးရင် ရေသောက်ပေးနော်။

ဖိုးသူတော် (www.phothutaw.com)

Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top