ေနာက္ဆံုးေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားေမွ်ာ္လင့္ေနခဲ့ျပီး ပရိသတ္အခ်ိဳ႕စိုးရိမ္ေနခဲ့တဲ့ ျဖစ္ရပ္ၾကီးဟာ တကယ္ျဖစ္လာေတာ့မွာလားလို႔ သံသယျဖစ္စရာပါပဲ။ ဟုတ္ပါတယ္။ Justin တစ္ေယာက္ သူ႔သက္တမ္းရဲ႕ထက္ဝက္ေလာက္ ဆယ္နွစ္ေက်ာ္ေလာက္ခ်စ္လာခဲ့တဲ့ Selena နဲ႔ လမ္းခြဲျပီးလအနည္းငယ္မွာပဲ ရုတ္တရက္ၾကီး Hailey ကုိ ခ်စ္လွပါခ်ည္ရဲ႕ဆိုျပီး ေစ့စပ္လိုက္ကတည္းက ပရိသတ္ေတြက Justin ရဲ႕ ပုိ႔စ္ေအာက္မွာ “ဒီပုိ႔စ္ကုိ Screenshot ရုိက္ထားျပီး ေနာက္နွစ္မွာ ကြာရွင္းတဲ့သတင္းတက္လာတဲ့အခါ comment ဝင္ေပးမယ္”လို႔ အဓိပၸါယ္ရတဲ့ စာသားေတြေတာ္ေတာ္မ်ားမ်ားေရးခဲ့ၾကတာပါ။ ဒါေပမယ့္ ၾကည့္ရတာတစ္နွစ္မျပည့္ခင္မွာပဲ Justin တို႔ ကြာရွင္းၾကေတာ့မယ့္ပံုပါပဲ။

အခုတေလာမွာ နာမည္ၾကီး သတင္းဝက္ဘ္ဆိုဒ္ေတာ္ေတာ္မ်ားမ်ားမွာေရာ ဂ်ာနယ္စာမ်က္နွာေတြမွာပါ တမုဟုတ္ခ်င္းပ်ံ႕နွံ႕လာတဲ့သတင္းတစ္ပုဒ္ကေတာ့ လက္ထပ္ျပီး 139 ရက္အၾကာမွာပဲ Selena ေၾကာင့္ Justin နဲ႔ Hailey တို႔ကြာရွင္းၾကေတာ့မယ္ဆိုတာပါပဲ။ ျဖစ္ပံုက Justin ဟာ New Jersey မွာ သူ႔ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းကုိသြားေတြ႕ေနတာ ရက္အနည္းငယ္ၾကာျပီျဖစ္ျပီး သူနဲ႔အျမဲခြဲမရေအာင္တြဲေနေလ့ရွိတဲ့ Hailey ကေတာ့ အတူပါမသြားခဲ့ပါဘူး။ ေနာက္ျပီး Selenaေဆးရံုက ဆင္းျပီး လူသူကင္းေဝးတဲ့နယ္ျမိဳ႕ေလးမွာေအးခ်မ္းစြာေနထုိင္ေနတယ္ဆိုတဲ့ ျမိဳ႕ဟာလည္း သူမ အေမရွိတဲ့ Texas ျမဳိ႕မဟုတ္ပဲ New Jersey ပဲျဖစ္ရမယ္လို႔ ပရိသတ္ေတြကယူဆေနၾကတဲ့အျပင္ အခုတစ္ခါ New Jersey ကုိေရာက္ေနတဲ့ Justin က Selena နဲ႔ ခိုးေတြ႕ေနတယ္ဆိုတဲ့သတင္းေတြပ်ံ႕လာခဲ့ပါတယ္။

ျပီးခဲ့တဲ့ဆယ္နွစ္လံုးလံုး ဘယ္သူနဲ႔ဘယ္လိုပဲတြဲပါေစေနာက္ဆံုးမွာ Justin ရဲ႕ ရင္ခြင္ထဲပဲျပန္ေရာက္လာတတ္တဲ့ Selena က အခုတစ္ခါလည္း Justin ကုိ ျပန္လက္ခံလုိက္ျပီလားဆိုတဲ့ သို႔ေလာသုိ႔ေလာေမးခြန္းေတြနဲ႔ Jelena Fans ေတြေပ်ာ္ရႊင္ေနၾကေပမယ့္ Justin နဲ႔ တရားဝင္လက္ထပ္ပြဲလုပ္ဖို႔စုိင္းျပင္းေနတဲ့ Hailey အတြက္ေတာ့ ဒါက အိပ္မက္ဆိုးျဖစ္မွာေသခ်ာပါတယ္။ Hailey ဟာ Justin နဲ႔ ၾကီးက်ယ္ခမ္းနားတဲ့လက္ထပ္ပြဲၾကီးလုပ္ဖို႔ အားတက္သေရာျပင္ဆင္ေနခဲ့တာၾကာျပီျဖစ္ေပမယ့္ Selena ေဆးရံုတက္ေနရလို႔၊ Selena နာလန္ထူစပဲရွိေသးလို႔ စသျဖင့္ အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ လက္ထပ္ပြဲကုိ ေနာက္ကုိေရႊ႕ထားတာခံေနရတာပါ။

အရင္ကတည္းက Hailey က သူနဲ႔ရင္းနွီးတဲ့သူငယ္ခ်င္းေတြကုိ Selena ျပန္လာမွာေတြးေၾကာက္ေနရတယ္လုိ႔ရင္ဖြင့္ဖူးေၾကာင္း သူမရဲ႕ သူငယ္ခ်င္းေတြက မီဒီယာေတြကုိေျပာျပထားၾကတာပါ။ အခု သူမ မပါသြားတဲ့ ရက္အနည္းငယ္မွာ Selena နဲ႔ တစ္နွစ္ျပည့္ေအာင္ေဝးျပီးမေနဖူးတဲ့၊မေနနုိင္တဲ့ Justin က Selena ကုိ အသည္းအသန္ျပန္ဆက္သြယ္ျပီး ခုိးေတြ႕ေနတယ္ဆိုတဲ့ သတင္းေတြထြက္လာခ်ိန္မွာေတာ့ Justin ကုိ နွစ္ေပါင္းမ်ားစြာ တစ္ဖက္သတ္ခ်စ္ခဲ့ရတဲ့သံေယာဇဥ္နဲ႔အရာရာကုိမ်က္စိမွိတ္သည္းခံခဲ့တဲ့ Hailey ဟာလည္း သည္းခံနုိင္စြမ္းေတြကုန္ဆံုးသြားမွာ အေသအခ်ာပါပဲ။

ဒါ့အျပင္ မေစ့စပ္ခင္နဲ႔ေစ့စပ္ျပီးကတည္းက တစ္မိနစ္မွအေဝးမခံပဲအျမဲတတြဲတြဲေနေလ့ရွိတဲ့ Justin နဲ႔ Hailey ကုိ သတင္းေထာက္ေတြ ပါပါရာဇီေတြက အတူတြဲျပီးမေတြ႕ရေတာ့တာ January 16 ရက္ေန႔ကတည္းကျဖစ္ေၾကာင္း သတိထားမိခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ဟာ Justin က Selena ကုိအသည္းအသန္ျပန္ဆက္သြယ္ေနတယ္ဆိုတဲ့ သတင္းေတြထြက္လာခါစအခ်ိန္ျဖစ္တာေၾကာင့္ သူတို႔နွစ္ေယာက္ဟာ အဲဒီကတည္းက ကေတာက္ကဆေတြျဖစ္ေနၾကပံုပဲလို႔လည္း ပရိသတ္ေတြကသံုးသပ္ေနၾကျပီး အခုထြက္လာတဲ့ ကြာရွင္းေတာ့မယ္ဆိုတဲ့သတင္းဟာ ျဖစ္နုိင္ေခ်အလားအလာရွိေၾကာင္းလည္းေဝဖန္ေနၾကတာျဖစ္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဆယ္နွစ္ဝန္းက်င္ၾကာေအာင္ ခ်စ္သူေတြျဖစ္ခဲ့တဲ့ Justin နဲ႔ Selena ဟာ အရင္အၾကိမ္ေပါင္းမ်ားစြာတုန္းကလိုပဲ ျပန္တြဲၾကေတာ့မယ္ထင္လား။ Justin ကေရာ အရင္အၾကိမ္ေပါင္းမ်ားစြာတုန္းကလုိပဲ Selena နဲ႔ အဆင္မေျပခ်ိန္ခဏလာနားခုိျပီး Hailey ကုိ ထားခဲ့ျပန္ဦးေတာ့မွာလား။ ဒီတစ္ခါေတာ့ ကြာရွင္းျပီးထားခဲ့မွာမုိ႔ Hailey ရဲ႕ ဒဏ္ရာအတို္င္းအဆဟာသိပ္ကိုနက္ရိႈင္းသြားေတာ့မွာပါပဲ။ သူတို႔ရဲ႕ဆယ္စုနွစ္တစ္ခုနီးပါးၾကာျမင့္ေနျပီျဖစ္တဲ့ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းဟာ ဘယ္လိုအဆံုးသတ္သြားမယ္ထင္လဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

နောက်ဆုံးတော့ ပရိသတ်တော်တော်များများမျှော်လင့်နေခဲ့ပြီး ပရိသတ်အချို့စိုးရိမ်နေခဲ့တဲ့ ဖြစ်ရပ်ကြီးဟာ တကယ်ဖြစ်လာတော့မှာလားလို့ သံသယဖြစ်စရာပါပဲ။ ဟုတ်ပါတယ်။ Justin တစ်ယောက် သူ့သက်တမ်းရဲ့ထက်ဝက်လောက် ဆယ်နှစ်ကျော်လောက်ချစ်လာခဲ့တဲ့ Selena နဲ့ လမ်းခွဲပြီးလအနည်းငယ်မှာပဲ ရုတ်တရက်ကြီး Hailey ကို ချစ်လှပါချည်ရဲ့ဆိုပြီး စေ့စပ်လိုက်ကတည်းက ပရိသတ်တွေက Justin ရဲ့ ပို့စ်အောက်မှာ “ဒီပို့စ်ကို Screenshot ရိုက်ထားပြီး နောက်နှစ်မှာ ကွာရှင်းတဲ့သတင်းတက်လာတဲ့အခါ comment ဝင်ပေးမယ်”လို့ အဓိပ္ပါယ်ရတဲ့ စာသားတွေတော်တော်များများရေးခဲ့ကြတာပါ။ ဒါပေမယ့် ကြည့်ရတာတစ်နှစ်မပြည့်ခင်မှာပဲ Justin တို့ ကွာရှင်းကြတော့မယ့်ပုံပါပဲ။

အခုတလောမှာ နာမည်ကြီး သတင်းဝက်ဘ်ဆိုဒ်တော်တော်များများမှာရော ဂျာနယ်စာမျက်နှာတွေမှာပါ တမုဟုတ်ချင်းပျံ့နှံ့လာတဲ့သတင်းတစ်ပုဒ်ကတော့ လက်ထပ်ပြီး 139 ရက်အကြာမှာပဲ Selena ကြောင့် Justin နဲ့ Hailey တို့ကွာရှင်းကြတော့မယ်ဆိုတာပါပဲ။ ဖြစ်ပုံက Justin ဟာ New Jersey မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကိုသွားတွေ့နေတာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီး သူနဲ့အမြဲခွဲမရအောင်တွဲနေလေ့ရှိတဲ့ Hailey ကတော့ အတူပါမသွားခဲ့ပါဘူး။ နောက်ပြီး Selenaဆေးရုံက ဆင်းပြီး လူသူကင်းဝေးတဲ့နယ်မြို့လေးမှာအေးချမ်းစွာနေထိုင်နေတယ်ဆိုတဲ့ မြို့ဟာလည်း သူမ အမေရှိတဲ့ Texas မြို့မဟုတ်ပဲ New Jersey ပဲဖြစ်ရမယ်လို့ ပရိသတ်တွေကယူဆနေကြတဲ့အပြင် အခုတစ်ခါ New Jersey ကိုရောက်နေတဲ့ Justin က Selena နဲ့ ခိုးတွေ့နေတယ်ဆိုတဲ့သတင်းတွေပျံ့လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဆယ်နှစ်လုံးလုံး ဘယ်သူနဲ့ဘယ်လိုပဲတွဲပါစေနောက်ဆုံးမှာ Justin ရဲ့ ရင်ခွင်ထဲပဲပြန်ရောက်လာတတ်တဲ့ Selena က အခုတစ်ခါလည်း Justin ကို ပြန်လက်ခံလိုက်ပြီလားဆိုတဲ့ သို့လောသို့လောမေးခွန်းတွေနဲ့ Jelena Fans တွေပျော်ရွှင်နေကြပေမယ့် Justin နဲ့ တရားဝင်လက်ထပ်ပွဲလုပ်ဖို့စိုင်းပြင်းနေတဲ့ Hailey အတွက်တော့ ဒါက အိပ်မက်ဆိုးဖြစ်မှာသေချာပါတယ်။ Hailey ဟာ Justin နဲ့ ကြီးကျယ်ခမ်းနားတဲ့လက်ထပ်ပွဲကြီးလုပ်ဖို့ အားတက်သရောပြင်ဆင်နေခဲ့တာကြာပြီဖြစ်ပေမယ့် Selena ဆေးရုံတက်နေရလို့၊ Selena နာလန်ထူစပဲရှိသေးလို့ စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ လက်ထပ်ပွဲကို နောက်ကိုရွှေ့ထားတာခံနေရတာပါ။

အရင်ကတည်းက Hailey က သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကို Selena ပြန်လာမှာတွေးကြောက်နေရတယ်လို့ရင်ဖွင့်ဖူးကြောင်း သူမရဲ့ သူငယ်ချင်းတွေက မီဒီယာတွေကိုပြောပြထားကြတာပါ။ အခု သူမ မပါသွားတဲ့ ရက်အနည်းငယ်မှာ Selena နဲ့ တစ်နှစ်ပြည့်အောင်ဝေးပြီးမနေဖူးတဲ့၊မနေနိုင်တဲ့ Justin က Selena ကို အသည်းအသန်ပြန်ဆက်သွယ်ပြီး ခိုးတွေ့နေတယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်မှာတော့ Justin ကို နှစ်ပေါင်းများစွာ တစ်ဖက်သတ်ချစ်ခဲ့ရတဲ့သံယောဇဉ်နဲ့အရာရာကိုမျက်စိမှိတ်သည်းခံခဲ့တဲ့ Hailey ဟာလည်း သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားမှာ အသေအချာပါပဲ။

ဒါ့အပြင် မစေ့စပ်ခင်နဲ့စေ့စပ်ပြီးကတည်းက တစ်မိနစ်မှအဝေးမခံပဲအမြဲတတွဲတွဲနေလေ့ရှိတဲ့ Justin နဲ့ Hailey ကို သတင်းထောက်တွေ ပါပါရာဇီတွေက အတူတွဲပြီးမတွေ့ရတော့တာ January 16 ရက်နေ့ကတည်းကဖြစ်ကြောင်း သတိထားမိခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ Justin က Selena ကိုအသည်းအသန်ပြန်ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာခါစအချိန်ဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ အဲဒီကတည်းက ကတောက်ကဆတွေဖြစ်နေကြပုံပဲလို့လည်း ပရိသတ်တွေကသုံးသပ်နေကြပြီး အခုထွက်လာတဲ့ ကွာရှင်းတော့မယ်ဆိုတဲ့သတင်းဟာ ဖြစ်နိုင်ချေအလားအလာရှိကြောင်းလည်းဝေဖန်နေကြတာဖြစ်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဆယ်နှစ်ဝန်းကျင်ကြာအောင် ချစ်သူတွေဖြစ်ခဲ့တဲ့ Justin နဲ့ Selena ဟာ အရင်အကြိမ်ပေါင်းများစွာတုန်းကလိုပဲ ပြန်တွဲကြတော့မယ်ထင်လား။ Justin ကရော အရင်အကြိမ်ပေါင်းများစွာတုန်းကလိုပဲ Selena နဲ့ အဆင်မပြေချိန်ခဏလာနားခိုပြီး Hailey ကို ထားခဲ့ပြန်ဦးတော့မှာလား။ ဒီတစ်ခါတော့ ကွာရှင်းပြီးထားခဲ့မှာမို့ Hailey ရဲ့ ဒဏ်ရာအတိုင်းအဆဟာသိပ်ကိုနက်ရှိုင်းသွားတော့မှာပါပဲ။ သူတို့ရဲ့ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်နေပြီဖြစ်တဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်သွားမယ်ထင်လဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top