မိန္းကေလးပရိသတ္မ်ားရဲ႕ အားေပးမႈ အခိုင္အမာရရွိထားတဲ့ ပိုင္တံခြန္က ခ်စ္သူမ်ားေန႕မွာ စံုတြဲေတြကို မနာလိုျဖစ္ေနလို႕ ေနပါတယ္။ သူ႕အတြက္ ခ်စ္သူမလုိပါဘူးလို႕လည္း ေျပာထားပါေသးတယ္။

Photo : ပိုင္တံခြန္

ေမာ္ဒယ္ သရုပ္ေဆာင္ ပိုင္တံခြန္က ခ်စ္သူမ်ားေန႕မွာ ခံစားရတဲ့ သူ႕ရဲ႕ ခံစားခ်က္ကို ရင္ဖြင့္ထားတာ ေတြ႕ရပါတယ္။ Ro ေနတဲ့ စံုတြဲေတြကိုလည္း မနာလိုျဖစ္ေနၿပီး ရည္းစားထားရမွာကိုလည္း ေၾကာက္ေနတယ္လို႕ ဆုိပါတယ္။

“ငါေရွ႕မွာ လာရိုေနတဲ့ စံုတြဲေတြကို ဖင္ကေန ပိတ္ပိ္တ္ကန္ခ်င္တယ္။ ယုတ္မာမာဘဲ” ဆိုၿပီး ေဖေဖာ္ဝါရီ (၁၄) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးထားတာေတြ႕ရပါတယ္။

Photo : ပိုင္တံခြန္

သူ႕အတြက္ ခ်စ္သူလည္း မလိုပါဘူးတဲ့ ခ်စ္တဲ့ကေလးေတြေၾကာင့္ သူ႕ဘဝေလးက ျပည့္စံုေနပါၿပီလို႕ ဆက္လက္ေျပာထားပါေသးတယ္။လက္ရွိမွာေတာ့ သူ႕ဟာ ရည္းစားထားရမွာကို သိပ္ေၾကာက္ေနတဲ့ FA ႀကီးပါလို႕လည္း ဆုိပါတယ္။ ပိုင္တံခြန္ရဲ႕ ခံစားခ်က္ေလးကို ပရိသတ္ေတြၾကည့္ၿပီး သေဘာက်ေနၾက ပါတယ္။ တခ်ိဳ႕ပရိသတ္ေတြကလည္း လက္ရွိမွာ single လို႕ေျပာၿပီးေနာက္က်ရင္ အတြဲနဲ႕ မျမင္ခ်င္ဘူးေနာ္ဆိုၿပီး မွတ္ခ်က္ေလးေတြ ေပးထားၾကပါေသးတယ္။

Photo : ပိုင္တံခြန္

ပိုင္တံခြန္က လက္ရွိမွာ ပြဲေတြ ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ျဖစ္ေနၿပီး အႏုပညာအလုပ္ေတြ ဆက္တိုင္ဆုိသလို လုပ္ေနတာလည္း ေတြ႕ရပါတယ္။ ထုိ႕အျပင္ သူ႕နာမည္နဲ႕ ကိုယ္ပိုင္ Brand တစ္ခု ထြက္ဖုိ႕ကိုလည္း ျပင္ဆင္ေနပါတယ္။

“ ေလာေလာဆယ္မွာ ေယာက်္ားေလးေရာ၊ မိန္းကေလးေရာ သုံးလုိ႔ရမယ့္ ပစၥည္းတစ္ခုကုိ ကၽြန္ေတာ္ ထုတ္ေနတယ္။ သိပ္မၾကာခင္မွာ ပရိသတ္လက္ထဲကုိ ကၽြန္ေတာ္ ထည့္ေပးမယ္။ ဒါေပမယ့္ အဲ့ဒါ ဘာပစၥည္း ဘာ Brand လဲ လုိ႔ေမးရင္ ကၽြန္ေတာ္ ေျဖလုိ႔မရေသးဘူး။ Brand နဲ႔ ပတ္သက္ၿပီး မျပီးေျမာက္ေသးတဲ့ ကိစၥေတြလည္းရွိေနေတာ့ အမွားအယြင္းျဖစ္မွာကိုလည္း ကၽြန္ေတာ္ စုိးရိမ္တယ္''လိုိ႕ Duwun Media သို႕ ေျဖဆိုဖူးပါတယ္။

Photo : ပိုင္တံခြန္

ေမာ္ဒယ္အလုပ္မွာေအာင္ျမင္သလုိ၊ သရုပ္ေဆာင္အလုပ္မွာလည္း တျဖည္းျဖည္းနဲ႔ ရုိက္ကူးေရးေတြမ်ားလာတဲ့ ပုိင္တံခြန္(Paing Takhon) က ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ႕ တစ္ကုိယ္ေတာ္ Mini Album ေလးျဖစ္တဲ့ ခ်စ္သူ ဆုိတဲ့ ေတးစီးရီးကုိလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ မွာ ထြက္ရွိခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်က ချစ်သူများနေ့မှာ စုံတွဲတွေကို မနာလိုဖြစ်နေလို့ နေပါတယ်။ သူ့အတွက် ချစ်သူမလိုပါဘူးလို့လည်း ပြောထားပါသေးတယ်။

Photo : ပိုင်တံခွန်

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်က ချစ်သူများနေ့မှာ ခံစားရတဲ့ သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ Ro နေတဲ့ စုံတွဲတွေကိုလည်း မနာလိုဖြစ်နေပြီး ရည်းစားထားရမှာကိုလည်း ကြောက်နေတယ်လို့ ဆိုပါတယ်။

“ငါရှေ့မှာ လာရိုနေတဲ့ စုံတွဲတွေကို ဖင်ကနေ ပိတ်ပိတ်ကန်ချင်တယ်။ ယုတ်မာမာဘဲ” ဆိုပြီး ဖေဖော်ဝါရီ (၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာတွေ့ရပါတယ်။

Photo : ပိုင်တံခွန်

သူ့အတွက် ချစ်သူလည်း မလိုပါဘူးတဲ့ ချစ်တဲ့ကလေးတွေကြောင့် သူ့ဘဝလေးက ပြည့်စုံနေပါပြီလို့ ဆက်လက်ပြောထားပါသေးတယ်။လက်ရှိမှာတော့ သူ့ဟာ ရည်းစားထားရမှာကို သိပ်ကြောက်နေတဲ့ FA ကြီးပါလို့လည်း ဆိုပါတယ်။ ပိုင်တံခွန်ရဲ့ ခံစားချက်လေးကို ပရိသတ်တွေကြည့်ပြီး သဘောကျနေကြ ပါတယ်။ တချို့ပရိသတ်တွေကလည်း လက်ရှိမှာ single လို့ပြောပြီးနောက်ကျရင် အတွဲနဲ့ မမြင်ချင်ဘူးနော်ဆိုပြီး မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။

Photo : ပိုင်တံခွန်

ပိုင်တံခွန်က လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်တိုင်ဆိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ ထို့အပြင် သူ့နာမည်နဲ့ ကိုယ်ပိုင် Brand တစ်ခု ထွက်ဖို့ကိုလည်း ပြင်ဆင်နေပါတယ်။

“ လောလောဆယ်မှာ ယောကျ်ားလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုကို ကျွန်တော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျွန်တော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျွန်တော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်''လို့ Duwun Media သို့ ဖြေဆိုဖူးပါတယ်။

Photo : ပိုင်တံခွန်

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top