စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ပရိသတ္ရဲ့ အခ်စ္ကို သိမ္းပိုက္ထားတဲ့ နာမည္ၾကီး Makeup Artist တေယာက္ျဖစ္တဲ့ မထက္ ကိုေတာ့ ေထြေထြထူးထူး ေျပာစရာမလုိဘူး ထင္ပါတယ္။ ေနပံုထိုင္ပံု တည္ျငိမ္ျပီး ေဝဖန္စရာမရွိေလာက္ေအာင္ ေအးေဆးတဲ့ မထက္တေယာက္ကေတာ့ သူ႔အခ်စ္ေရးနဲ႔ ပတ္သက္ျပီး ေျပာၾကားလာခဲ့ပါတယ္။ သူက အမ်ားကိုခ်ျပျပီးေတာ့ ခ်စ္တဲ့သူ မဟုတ္တာေၾကာင့္ ခ်စ္သူတေယာက္ကိုပဲ ေရရွည္ခ်စ္ေနခ်င္တယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မထက္ကေတာ့ 8 Day နဲ႔ အင္တာဗ်ဴးတြင္ လက္ရွိဘာေတြ လုပ္ျဖစ္ေနလဲဆိုတဲ့ အေပၚမွာ “ေလာေလာဆယ္ေတာ့ ဘာမွမလုပ္ျဖစ္ပါဘူး။ ပံုမွန္ ကိုယ့္အလုပ္ပဲ လုပ္ေနပါတယ္။ ကားရိုက္ရတာထက္ ေလွ်ာက္သြားေနရတာကို ေပ်ာ္တာ။ ကားရိုက္ရတာလည္း သရုပ္ေဆာင္ရတာလည္း ေပ်ာ္လားမေပ်ာ္လားဆိုတာကေတာ့ အရင္တုန္းက သရုပ္ေဆာင္ မလုပ္ဖူးေတ့ာ မသိဘူး။ ဒါေပမယ့္လည္း ေပါ့ေပါ့ပါးပါး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ပဲ လုပ္လိုက္တယ္။ ရုပ္ရွင္ေတြဘာေတြ ရိုက္ဖို႔ကေတာ့ အစီအစဥ္မရွိေသးဘူး။ ကားရိုက္ေတြဘာေတြ လုပ္ေနတဲ့အခ်ိန္မွာခရီးေတြ သြားေနရေတာ့ ေပ်ာ္ပါတယ္”

Valentine ေန႔မွာ ဘယ္လို အမွတ္တရေတြ ရွိလဲဆိုတဲ့ အေပၚမွာေတ့ာ “Valentine ကေတာ့ ေလာေလာဆယ္ ဘာအစီအစဥ္မ မရွိဘူး။ ခရီးသြားေနမွာဆိုေတာ့။ ပံုမွန္ဆိုရင္ေတာ့ ညစာအတူတူ စားတယ္။ လက္ေဆာင္ေတြဘာေတြလည္း သိပ္မေပးျဖစ္ေတာ့ဘူး။ အသက္လည္းၾကီးလာျပီေလ။ သူကေတာ့ ဘာလိုခ်င္လဲလို႔ေတာ့ ေမးထားတယ္။ ျပီးခဲ့တဲ့ႏွစ္က မေပးခဲ့ဘူးဆိုေတာ့။ အမကေတာ့ လက္ေဆာင္ေပးဖို႔ အစီအစဥ္ကေတာ့ အခုထိမရွိေသးပါဘူး။ အဓိကကေတာ့ ေျပေျပလည္လည္နဲ႔ ခ်စ္ေနဖို႔ပဲ လိုပါတယ္။ ဘာပဲေျပာေျပာ အမတို႔ ၅ ႏွစ္ၾကာတဲ့ ခ်စ္သူသက္တမ္းေလးကို ျဖတ္သန္းခြင့္ရတာပဲ ေက်းဇူးတင္ပါတယ္”

Public ကို ခ်ျပဖို႔ ရွိလားဆိုတဲ့ အေပၚမွာေတာ့ “Public ကို မခ်ျပဘူး။ ခ်ျပလိုက္ရင္ ကြဲသြားမွာစိုးလို႔။ အမဆိုအျမဲတမ္း ခင္တဲ့သူေတြကုိ ေျပာတာေပါ့ေနာ္။ ခ်ျပမေနနဲ႔ ကြဲသြားလိုက္မယ္။ အမက ပညာေပးတာေတာ့ မဟုတ္ပါဘူး။ အမေရွ႔မွာ နာမည္မၾကီးခင္တုန္းကေတာ့ ခ်ျပျပီးတြဲတာေတြေတာ့ ရွိဖူးတာေပါ့။ အခ်ိန္တန္ေတာ့ လူသိမ်ားလာေလ။ ကြဲဖို႔အေၾကာင္းရာေတြ ပိုျပီးဖန္လာေလပဲ။ ဒါေၾကာင့္ အမက ေရရွည္ခ်စ္ခ်င္တယ္။ ခ်စ္တာကို အမတို႔ႏွစ္ေယာက္သိရင္ရျပီ။ ဘယ္သူမွသိစရာမလိုပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်ရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ နာမည်ကြီး Makeup Artist တယောက်ဖြစ်တဲ့ မထက် ကိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူး ထင်ပါတယ်။ နေပုံထိုင်ပုံ တည်ငြိမ်ပြီး ဝေဖန်စရာမရှိလောက်အောင် အေးဆေးတဲ့ မထက်တယောက်ကတော့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောကြားလာခဲ့ပါတယ်။ သူက အများကိုချပြပြီးတော့ ချစ်တဲ့သူ မဟုတ်တာကြောင့် ချစ်သူတယောက်ကိုပဲ ရေရှည်ချစ်နေချင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မထက်ကတော့ 8 Day နဲ့ အင်တာဗျူးတွင် လက်ရှိဘာတွေ လုပ်ဖြစ်နေလဲဆိုတဲ့ အပေါ်မှာ “လောလောဆယ်တော့ ဘာမှမလုပ်ဖြစ်ပါဘူး။ ပုံမှန် ကိုယ့်အလုပ်ပဲ လုပ်နေပါတယ်။ ကားရိုက်ရတာထက် လျှောက်သွားနေရတာကို ပျော်တာ။ ကားရိုက်ရတာလည်း သရုပ်ဆောင်ရတာလည်း ပျော်လားမပျော်လားဆိုတာကတော့ အရင်တုန်းက သရုပ်ဆောင် မလုပ်ဖူးတေ့ာ မသိဘူး။ ဒါပေမယ့်လည်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ လုပ်လိုက်တယ်။ ရုပ်ရှင်တွေဘာတွေ ရိုက်ဖို့ကတော့ အစီအစဉ်မရှိသေးဘူး။ ကားရိုက်တွေဘာတွေ လုပ်နေတဲ့အချိန်မှာခရီးတွေ သွားနေရတော့ ပျော်ပါတယ်”

Valentine နေ့မှာ ဘယ်လို အမှတ်တရတွေ ရှိလဲဆိုတဲ့ အပေါ်မှာတေ့ာ “Valentine ကတော့ လောလောဆယ် ဘာအစီအစဉ်မ မရှိဘူး။ ခရီးသွားနေမှာဆိုတော့။ ပုံမှန်ဆိုရင်တော့ ညစာအတူတူ စားတယ်။ လက်ဆောင်တွေဘာတွေလည်း သိပ်မပေးဖြစ်တော့ဘူး။ အသက်လည်းကြီးလာပြီလေ။ သူကတော့ ဘာလိုချင်လဲလို့တော့ မေးထားတယ်။ ပြီးခဲ့တဲ့နှစ်က မပေးခဲ့ဘူးဆိုတော့။ အမကတော့ လက်ဆောင်ပေးဖို့ အစီအစဉ်ကတော့ အခုထိမရှိသေးပါဘူး။ အဓိကကတော့ ပြေပြေလည်လည်နဲ့ ချစ်နေဖို့ပဲ လိုပါတယ်။ ဘာပဲပြောပြော အမတို့ ၅ နှစ်ကြာတဲ့ ချစ်သူသက်တမ်းလေးကို ဖြတ်သန်းခွင့်ရတာပဲ ကျေးဇူးတင်ပါတယ်”

Public ကို ချပြဖို့ ရှိလားဆိုတဲ့ အပေါ်မှာတော့ “Public ကို မချပြဘူး။ ချပြလိုက်ရင် ကွဲသွားမှာစိုးလို့။ အမဆိုအမြဲတမ်း ခင်တဲ့သူတွေကို ပြောတာပေါ့နော်။ ချပြမနေနဲ့ ကွဲသွားလိုက်မယ်။ အမက ပညာပေးတာတော့ မဟုတ်ပါဘူး။ အမရှေ့မှာ နာမည်မကြီးခင်တုန်းကတော့ ချပြပြီးတွဲတာတွေတော့ ရှိဖူးတာပေါ့။ အချိန်တန်တော့ လူသိများလာလေ။ ကွဲဖို့အကြောင်းရာတွေ ပိုပြီးဖန်လာလေပဲ။ ဒါကြောင့် အမက ရေရှည်ချစ်ချင်တယ်။ ချစ်တာကို အမတို့နှစ်ယောက်သိရင်ရပြီ။ ဘယ်သူမှသိစရာမလိုပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top