စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×
သူတို့ အဖွဲ့သားတွေကလည်း သူတို့ သီချင်းကို တင်ပြီးတဲ့နောက်မှာတော့ “Woo … 15 hours ပဲရှိသေးတယ် L.O.V.E Lyrics Video လေးရဲ့ Viewer ၃သိန်းပြည့် တော့မယ် ကြည့်ရှုအားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်. Project K page ကိုအားပေးသလို Project K Official YouTube Channel လေးကိုလည်း Subscribes လုပ်ထားပြီး update လေးတွေစောင့်ကြည့်လိုက်ရအောင်” ဆိုပြီးတော့ သူတို့ ပေ့ခ်ျမှာ တင်ထားပါသေးတယ်။
Credit: nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
ကြိုးစားမှုကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြု ခံထားရတဲ့ လူငယ်အကအဖွဲ့ဖြစ်တဲ့ Project K အဖွဲ့ကိုတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ငယ်ရွယ်နုပျိုပြီး တက်ကြွနေတဲ့ လူငယ်လေး ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ကတော့ လက်ရှိမှာ အောင်မြင်နေပြီး ပွဲတော်တော်များများကိုလည်း တက်လာတာကို တွေ့ရပါတယ်။ သူတို့ အဖွဲ့ကတော့ လက်ရှိမှာ အက အပြင် သီချင်းဖက်ကိုပါ ကြိုးစားလုပ်ကိုင်လာပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းအသစ်လေး တပုဒ်ဖြစ်တဲ့ L O V E ဆိုတဲ့ သီချင်းလေးကိုတော့ မနေ့က တင်ခဲ့တာ ဖြစ်ပါတယ်။
သီချင်းလေးကိုတော့ သူတို့အဖွဲ့ကပဲ ကိုယ်တိုင်ဆိုထားတာ ဖြစ်ပြီး လူငယ်ဆန်ဆန်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ သူတို့ အဖွဲ့သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မိန်းကလေး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ Project K အဖွဲ့ရဲ့ LOVE ဆိုတဲ့ သီချင်းလေးကိုတေ့ာ တရက်ထဲမှာပဲ ကြည့်ရှုသူ ၃ သိန်းကျော်သွားပြီ ဖြစ်ပြီး လူငယ်တွေကြားမှာလည်း ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဒါတောင်သူတို့ အဖွဲ့ကတော့ ဒီသီချင်းလေးဟာ Lyrics Video လေးပဲ ရှိပါသေးတယ်။ Music Video ကတော့ မကြာခင်လာပါမယ်လို့ ရေးသားခဲ့ပါတယ်။ Project K ရဲ့ LOVE ဆိုတဲ့ သီချင်းလေးကတော့ Lyrics Video တောင်မှ တရက်အတွင်း Like 18k , Share 29k , Views 307 k လောက်ရထားတဲ့ အခြေနေကတော့ ပေါက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
သူတို့ အဖွဲ့သားတွေကလည်း သူတို့ သီချင်းကို တင်ပြီးတဲ့နောက်မှာတော့ “Woo … 15 hours ပဲရှိသေးတယ် L.O.V.E Lyrics Video လေးရဲ့ Viewer ၃သိန်းပြည့် တော့မယ် ကြည့်ရှှုအားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်. Project K page ကိုအားပေးသလို Project K Official YouTube Channel လေးကိုလည်း Subscribes လုပ်ထားပြီး update လေးတွေစောင့်ကြည့်လိုက်ရအောင်” ဆိုပြီးတော့ သူတို့ ပေ့ချ်မှာ တင်ထားပါသေးတယ်။
သူတို့အဖွဲ့ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ သူတို့ရဲ့ သီချင်းလေးအပေါ် အမြင်လေးကိုလည်း ပြောပြသွားဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top