ၾကက္ဖဟာ လြန္ခဲ့တဲ့ ဆယ္နွစ္ေက်ာ္ေလာက္ကတည္းက ပရိသတ္ အသိအမွတ္ျပဳ ခံထားရတဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္ျပီး လူငယ္ ပရိသတ္ေတာ္ေတာ္မ်ားမ်ား ရထားတဲ့ အနုပညာရွင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ၾကက္ဖဟာ အနုပညာေလာကထဲကို ေရာက္ခဲ့တာ သီခ်င္းေတြ စလုပ္ခဲ့တာ ၾကာျပီျဖစ္ေပမယ့္ သူ႔ရဲ႕ တစ္ကုိယ္ေတာ္ အေခြကုိေတာ့ အခ်ိန္ေတြ ဆယ့္ငါးနွစ္ၾကာျပီးမွ မၾကာေသးမီကမွ ထုတ္ထားနုိင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာ့ ဂီတေလာကရဲ႕ ထံုးစံအတိုင္း အေခြတစ္ေခြ ထြက္ျပီဆိုတာနဲ႔ Download link ေတြ ပ်ံ႕တဲ့ဒဏ္ကုိ ၾကက္ဖလည္း ခံရရွာပါတယ္။ ၾကက္ဖကေတာ့ သီခ်င္း Link ေတြတင္တဲ့ သူေတြကုိ သူ႔ရဲ႕ ဆယ့္ငါးနွစ္ၾကာျပီးမွ ထြက္လာတဲ့ အေခြေလးကုိ ေရာင္းကုန္တဲ့အထိ ေစာင့္ျပီးမွ တင္ၾကဖို႔ အသနားခံလ်က္ ရွိေနပါတယ္…

ၾကက္ဖက သီခ်င္း link တင္တဲ့ page တစ္ခုုကုိ ကုိယ္ခ်င္းစာေပးဖို႔ ၊ Link ေတြမတင္ဖုိ႔နဲ႔ ဒီအေခြက သူ႔ရဲ႕ဘဝ တစ္စိတ္တစ္ပုိင္းျဖစ္ျပီး သူ႔အတြက္ အရမ္း အေရးၾကီးတာေၾကာင့္ Link ေတြ ျပန္ဖ်က္ေပးဖို႔ အသနားခံတဲ့ comment မ်ိဳးေရးထားျပီး Page ရဲ႕ message box မွာလည္း စာပုိ႔ထားေၾကာင္းသိရပါတယ္။ ၾကက္ဖဟာ အနုပညာ အစစ္ေတြကုိ နွစ္ေပါင္းအၾကာၾကီး စုေဆာင္းဖန္တီးျပီးမွ ခ်ျပထားတဲ့ အေခြေလး ျဖစ္တာေၾကာင့္ သူ႔ရဲ႕ပထမဆံုး တစ္ကုိယ္ေတာ္ အေခြေလးကုိ သူတန္ဖိုးထားသလို ပရိသတ္ေတြကလည္း ဝိုင္းဝန္း တန္ဖိုးထားေပးၾကရမွာပါ…

ေနာက္ျပီး သူ႔ရဲ႕ account မွာလည္း ပရိသတ္တစ္ေယာက္က ေရးေပးထားတဲ့ “လြန္ခဲ့တဲ့ (15) ႏွစ္ေက်ာ္ေက်ာ္တုန္းက ခင္ဗ်ားတို႔ အရမ္းၾကိဳက္ခဲ့တဲ့ သူ႔သီခ်င္းေတြကို ခင္ဗ်ားတို႔ Gmail ေတြ အင္တာနက္ဆိုင္ေတြ လမ္းေဘး ကူးေခြ ေရာင္းတဲ့ ဆိုင္ေတြ MP3 MP4 သီခ်င္းသြင္းတဲ့ ဆိုင္ေတြကေန အလကားနီးနီး နားေထာင္ခဲ့ၾကရတာပါ… (15) ႏွစ္ေက်ာ္ၾကာမွ သူဘဝနဲ႔ရင္းျပီး ရလာတဲ့ အေတြ႔အၾကံဳေတြကို ခ်ျပထားတဲ့ သူ႔ တကိုယ္ေတာ္ အေခြက်မွ ခင္ဗ်ားတို႔ကို ေငြေလး (3500)နဲ႔ စေရာင္းတာပါ… ေစ်းမ်ားတယ္ထင္ရင္ သူ႔ကိုၾကိဳက္တဲ့ လူသံုးေလးေယာက္စုျပီး တေခြေလာက္ဝယ္ လက္ဆင့္ကမ္း နားေထာင္လို႔ ရပါတယ္ဗ်ာ… အခုလို Download Link ေတြ ခ်ေပးေနရေလာက္ေအာင္ မလိုပါဘူးဗ်ာ…သူ ဒီအေခြထြက္လာဖို႔ ဘယ္ေလာက္ေတာင္ ပင္ပင္ပန္းပန္း ၾကိဳးစားအားထုတ္ခဲ့ရလည္း အသိဆံုးမို႔ ေျပာတာပါ… ေက်းဇူးျပဳျပီး Download Link ေတြ အရမ္းေပးခ်င္ေနရင္ေတာင္ သူ႔အေခြေလး ေရာင္းကုန္ေလာက္တဲ့ အထိေတာ့ ေစာင့္ဗ်ာ….မရက္စက္ၾကပါနဲ့ Please”ဆိုတဲ့ စာေလးကုိ ျပန္တင္ထားတာကုိ စိတ္မေကာင္းဖြယ္ ေတြ႕ျမင္ရပါတယ္…

ပရိသတ္ၾကီးေရာ ၾကက္ဖရဲ႕ တစ္ကုိယ္ေတာ္အေခြကုိ အေခြဝယ္ယူ နားဆင္ျပီး သြားၾကျပီလား။ ဒါမွမဟုုတ္ အေခြမဝယ္ပဲ Online ေပၚကေနပဲ အလြယ္တကူ နားေထာင္လိုက္တဲ့ သူေတြထဲမွာတစ္ေယာက္ အပါအဝင္လား။ ၾကက္ဖရဲ႕ ဆယ့္ငါးနွစ္ဆိုတဲ့ အခ်ိန္နဲ႔ ေပးဆပ္ထားတဲ့ အနုပညာေတြကုိ ေလးစားေသာအားျဖင့္ အေခြမူရင္းကို ဝယ္ယူအားေပးၾကဖို႔ တုိက္တြန္းလိုက္ရပါတယ္…

ဖိုးသူေတာ္(www.phothutaw.com)
Credit:Can’t Wait To Say
#Unicode Version#
ကြက်ဖဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက ပရိသတ် အသိအမှတ်ပြု ခံထားရတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီး လူငယ် ပရိသတ်တော်တော်များများ ရထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကြက်ဖဟာ အနုပညာလောကထဲကို ရောက်ခဲ့တာ သီချင်းတွေ စလုပ်ခဲ့တာ ကြာပြီဖြစ်ပေမယ့် သူ့ရဲ့ တစ်ကိုယ်တော် အခွေကိုတော့ အချိန်တွေ ဆယ့်ငါးနှစ်ကြာပြီးမှ မကြာသေးမီကမှ ထုတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ ဂီတလောကရဲ့ ထုံးစံအတိုင်း အခွေတစ်ခွေ ထွက်ပြီဆိုတာနဲ့ Download link တွေ ပျံ့တဲ့ဒဏ်ကို ကြက်ဖလည်း ခံရရှာပါတယ်။ ကြက်ဖကတော့ သီချင်း Link တွေတင်တဲ့ သူတွေကို သူ့ရဲ့ ဆယ့်ငါးနှစ်ကြာပြီးမှ ထွက်လာတဲ့ အခွေလေးကို ရောင်းကုန်တဲ့အထိ စောင့်ပြီးမှ တင်ကြဖို့ အသနားခံလျက် ရှိနေပါတယ်…

ကြက်ဖက သီချင်း link တင်တဲ့ page တစ်ခုကို ကိုယ်ချင်းစာပေးဖို့ ၊ Link တွေမတင်ဖို့နဲ့ ဒီအခွေက သူ့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူ့အတွက် အရမ်း အရေးကြီးတာကြောင့် Link တွေ ပြန်ဖျက်ပေးဖို့ အသနားခံတဲ့ comment မျိုးရေးထားပြီး Page ရဲ့ message box မှာလည်း စာပို့ထားကြောင်းသိရပါတယ်။ ကြက်ဖဟာ အနုပညာ အစစ်တွေကို နှစ်ပေါင်းအကြာကြီး စုဆောင်းဖန်တီးပြီးမှ ချပြထားတဲ့ အခွေလေး ဖြစ်တာကြောင့် သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော် အခွေလေးကို သူတန်ဖိုးထားသလို ပရိသတ်တွေကလည်း ဝိုင်းဝန်း တန်ဖိုးထားပေးကြရမှာပါ…

နောက်ပြီး သူ့ရဲ့ account မှာလည်း ပရိသတ်တစ်ယောက်က ရေးပေးထားတဲ့ “လွန်ခဲ့တဲ့ (15) နှစ်ကျော်ကျော်တုန်းက ခင်ဗျားတို့ အရမ်းကြိုက်ခဲ့တဲ့ သူ့သီချင်းတွေကို ခင်ဗျားတို့ Gmail တွေ အင်တာနက်ဆိုင်တွေ လမ်းဘေး ကူးခွေ ရောင်းတဲ့ ဆိုင်တွေ MP3 MP4 သီချင်းသွင်းတဲ့ ဆိုင်တွေကနေ အလကားနီးနီး နားထောင်ခဲ့ကြရတာပါ… (15) နှစ်ကျော်ကြာမှ သူဘဝနဲ့ရင်းပြီး ရလာတဲ့ အတွေ့အကြုံတွေကို ချပြထားတဲ့ သူ့ တကိုယ်တော် အခွေကျမှ ခင်ဗျားတို့ကို ငွေလေး (3500)နဲ့ စရောင်းတာပါ… ဈေးများတယ်ထင်ရင် သူ့ကိုကြိုက်တဲ့ လူသုံးလေးယောက်စုပြီး တခွေလောက်ဝယ် လက်ဆင့်ကမ်း နားထောင်လို့ ရပါတယ်ဗျာ… အခုလို Download Link တွေ ချပေးနေရလောက်အောင် မလိုပါဘူးဗျာ…သူ ဒီအခွေထွက်လာဖို့ ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရလည်း အသိဆုံးမို့ ပြောတာပါ… ကျေးဇူးပြုပြီး Download Link တွေ အရမ်းပေးချင်နေရင်တောင် သူ့အခွေလေး ရောင်းကုန်လောက်တဲ့ အထိတော့ စောင့်ဗျာ….မရက်စက်ကြပါနဲ့ Please”ဆိုတဲ့ စာလေးကို ပြန်တင်ထားတာကို စိတ်မကောင်းဖွယ် တွေ့မြင်ရပါတယ်…

ပရိသတ်ကြီးရော ကြက်ဖရဲ့ တစ်ကိုယ်တော်အခွေကို အခွေဝယ်ယူ နားဆင်ပြီး သွားကြပြီလား။ ဒါမှမဟုတ် အခွေမဝယ်ပဲ Online ပေါ်ကနေပဲ အလွယ်တကူ နားထောင်လိုက်တဲ့ သူတွေထဲမှာတစ်ယောက် အပါအဝင်လား။ ကြက်ဖရဲ့ ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်နဲ့ ပေးဆပ်ထားတဲ့ အနုပညာတွေကို လေးစားသောအားဖြင့် အခွေမူရင်းကို ဝယ်ယူအားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်…

ဖိုးသူတော်(www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top