စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 1969 ခုႏွစ္ ဇူလိုင္လမွာ Neil Armstrong နဲ႔ Buzz Aldrin တို႔ဟာ လေပၚကို ပထမဦးဆံုးေျခခ်ႏိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ယခုေနာက္ပိုင္းကို အင္တာနက္ကို တြင္က်ယ္စြာသံုးလာၾကၿပီးတဲ့ ေနာက္ပိုင္း ဒီကိစၥဟာ ႀကိဳတင္ပူးေပါင္းၾကံစည္မႈတစ္ခုလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

အင္တာနက္သံုးစြဲသူတစ္ေယာက္က Neil Armstrong ရဲ႕ ဘြတ္ဖိနပ္မွာ ထူးဆန္းတာ တခုခုကို ေတြ႕ရွိၿပီးတဲ့ေနာက္ ဒီကိစၥနဲ႔ ပတ္သတ္လို႔ ေမးခြန္းေတြ မရပ္မနားထြက္ေပၚလာခဲ့ပါတယ္။ တကယ္လို႔သာ ပူးေပါင္းၾကံစည္ထားတာဆိုရင္ေတာ့ ဒါဟာ သမိုင္းတစ္ေလၽွာက္ အထင္ရွားဆံုး လွည့္ကြက္ႀကီး တစ္ခုျဖစ္ေနမွာပါပဲ။ အပိုလို ၁၁ အာကာသယာဥ္ကို Florida Kennedy အာကာသစင္တာက ဇူလိုင္လ ၁၆ ရက္ေန႔မွာ မိတ္ဆက္ခဲ့ၿပီး သူဟာ အေမရိကန္ႏိုင္ငံရဲ႕ ဆိုဗီယက္ထက္အရင္ လေပၚကို ေျခခ်ႏိုင္ဖို႔ ဆိုတဲ့ ေမၽွာ္လင့္ခ်က္ေတြကို သယ္ေဆာင္သြားခဲ့ပါတယ္။

ေနာက္ ၄ ရက္အၾကာမွာ အာကာသယာဥ္မႉး Michael Collins ရဲ႕ ဦးေဆာင္မႈနဲ႔ Neil Armstrong နဲ႔ Buzz Aldrin တို႔ဟာ လမ်က္ႏွာျပင္ေပၚ ေျခခ်ႏိုင္ခဲ့ၿပီလို႔ ေၾကညာခဲ့ပါတယ္။ သူတို႔ဟာ လမ်က္ႏွာျပင္ေပၚမွာ စူးစမ္းေလ့လာခဲ့ၾကၿပီး လမ်က္ႏွာျပင္ရဲ႕ နမူနာဓာတ္ပံုေတြကို ျပန္ပို႔ေပးခဲ့ပါတယ္။ အေမရိကန္ေတြရဲ႕ ရည္ရြယ္ခ်က္ဟာ တကယ္ပဲ ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီလူႏွစ္ေယာက္ဟာ လေပၚမွာ အေမရိကန္ႏိုင္ငံအလံကို စိုက္ထူခဲ့ၿပီး ကမၻာေျမကို ျပန္လာခဲ့ရာ ဇူလိုင္ ၂၄ ရက္ေန႔မွာ ပစိဖိတ္သမုဒၵရာသို႔ ဆင္းသက္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ Armstrong နဲ႔ Aldrin တို႔ကို ေက်ာ္ၾကားသြားေစခဲ့ပါတယ္။

ဒီကိစၥေတြၿပီးေနာက္ ၇ ႏွစ္ေလာက္အၾကာ 1976 ခုႏွစ္မွာ Bill Kaysin ဟာ ” ကၽြန္ေတာ္တို႔ လေပၚကို ဘယ္တုန္းကမွ မသြားခဲ့ဘူး ” လို႔ အမည္ရတဲ့ စာအုပ္တစ္အုပ္ကို ေရးသားခဲ့ပါတယ္။ သူဟာ အဲ့ဒီစာအုပ္ထဲမွာ လေပၚကို ေရာက္ခဲ့တဲ့ ကိစၥဟာ တကယ္ရွိခဲ့တာလား ဆိုတာကို ေမးခြန္းထုတ္ခဲ့ပါတယ္။ စာေရးသူဟာ 1963 ခုႏွစ္တုန္းက Apollo 11 ရဲ႕ အင္ဂ်င္ေတြကို ထုတ္လုပ္တဲ့ Propulsion Field Laboratory မွာ အလုပ္လုပ္ခဲ့တာျဖစ္ပါတယ္။ သူကေတာ့ လေပၚကို ဆင္းသက္ႏိုင္ခဲ့တယ္ဆိုတဲ့ ကိစၥဟာ အေမရိကန္က ဆိုဗီယက္ကို အႏိုင္ယူခ်င္လို႔ လုပ္ဇာတ္ခင္းခဲ့တဲ့ ကိစၥလို႔ ေတြးေနပါတယ္။

1980 ခုႏွစ္မွာ Flat Earth အဖြဲ႕အစည္းက စိတ္၀င္စားစရာေကာင္းတဲ့ အခ်က္အလက္တစ္ခုကို ဖြင့္ျပခဲ့ပါတယ္။ ဒါကေတာ့ NASA ဟာ လေပၚကိုဆင္းသက္တဲ့အေၾကာင္းကို နာမည္ေက်ာ္ ဒါရိုက္တာ Stanley Kubride ရုိက္ကူးၿပီး Hollywood studio မွာ စင္တင္ခဲ့ျခင္းပါပဲ။ 1999 ခုႏွစ္က စစ္တမ္းတစ္ခုအရေတာ့ အေမရိကန္လူမ်ိဳးေတြရဲ႕ ၆ ရာခိုင္ႏႈန္းက ဒီကိစၥဟာ လွည့္ကြက္ႀကီးတစ္ခုလို႔ ယံုၾကည္ေနပါတယ္။ ေနာက္ပိုင္းမွာ ေ၀ဖန္သူေတြဟာ ဥပမာမ်ိဳးစံုအေၾကာင္းျပခ်က္ မ်ိဳးစုံနဲ႔ ေထာက္ျပခဲ့ၾကပါတယ္။

ပထမတစ္ခ်က္ အေနနဲ႔ လေပၚမွာ ေလတိုက္တတ္တဲ့ ရာသီဥတုမ်ိဳးမရွိဘဲနဲ႔ အဲ့ဒီမွာ စိုက္ထားခဲ့တဲ့ အေမရိကန္အလံက လြင့္ေနတာ..ေနာက္ အာကာယာဥ္ေတြနဲ႔ ကိရိယာေတြမွာ အရိပ္ရွိေနတာေတြက ဒါဟာ စတူဒီယိုတစ္ခုထဲမွာ ရိုက္ကူးထားတဲ့ လွိမ့္လံုး တစ္ခုပဲလို႔ သက္ေသျပေနတယ္လို႔ ေျပာခဲ့ၾကပါတယ္။ ဒါေပမယ့္ ဒါေတြဟာ လြယ္လြယ္ကူကူနဲ႔ပဲ ျပန္ေျဖရွင္းလို႔ ရသြားခဲ့ၾကခ်ည္းပါပဲ။

2016 ဩဂုတ္လမွာေတာ့ မ်က္စိလ်င္တဲ့ ရွာေဖြသူတစ္ေယာက္ဟာ Neil Armstrong ရဲ႕ ဘြတ္ဖိနပ္ေတြမွာ ထူးျခားခ်က္ကို ရွာေတြ႕ခဲ့ပါတယ္။ 2015 ခုႏွစ္မွာ Phil Plait ဆိုတဲ့ အာကာယာဥ္မႉးတစ္ေယာက္ဟာ အမ်ိဳးသား ေလေၾကာင္းႏွင့္ အာကာသ ျပတိုက္မွာ ထိန္းသိမ္းထားတဲ့ Armstrong လကမၻာေပၚသြားတုန္းက ၀တ္စံုကို ဓာတ္ပံုရိုက္ၿပီး သူ႔ရဲ႕ Flickr အေကာင့္မွာ တင္ခဲ့ပါတယ္။ ဒီဓာတ္ပံုကိုၾကည့္ၿပီး ဒီဓာတ္ပံုထဲမွာ ပါတဲ့ Armstrong ရဲ႕ ဘြတ္ဖိနပ္နဲ႔ လကမၻာေပၚက ေျခရာေတြရိုက္ထားတဲ့ပံုက ေျခရာနဲ႔ဟာ မတူဘူးလို႔ ေမးခြန္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ Plait ရဲ႕ ဓာတ္ပံုမွာေတာ့ ဘြတ္ဖိနပ္ကို ရွင္းရွင္းလင္းလင္း ျမင္ရပါတယ္။

ဒါေပမယ့္ လကမၻာေပၚက ပံုမွာေတာ့ ရွင္းလင္းစြာ မျမင္ရလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ျငင္းခ်က္ထုတ္ခဲ့ပါတယ္။ Snopes Website ကေတာ့ လကမၻာေပၚက ေျခရာဟာ Armstrong ရဲ႕ ေျခရာမဟုတ္ဘူးလို႔ ထပ္မံေျပာဆိုေနၾကပါေသးတယ္။ ခုခ်ိန္ထိလည္း ဒီအျငင္းပြားမႈဟာ ရပ္မသြားေသးပါဘူး။ ဒါ့အျပင္ Armstrong နဲ႔ Aldrin တို႔ လကမၻာေပၚေျခခ်ႏိုင္ခဲ့တယ္ ဆိုတာဟာလည္း အခ်ိန္မေရြးေျပာင္းလဲ သြားႏိုင္တဲ့ အခ်က္တစ္ခု ျဖစ္လာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။





1969 ခုနှစ် ဇူလိုင်လမှာ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ လပေါ်ကို ပထမဦးဆုံးခြေချနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ယခုနောက်ပိုင်းကို အင်တာနက်ကို တွင်ကျယ်စွာသုံးလာကြပြီးတဲ့ နောက်ပိုင်း ဒီကိစ္စဟာ ကြိုတင်ပူးပေါင်းကြံစည်မှုတစ်ခုလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူတစ်ယောက်က Neil Armstrong ရဲ့ ဘွတ်ဖိနပ်မှာ ထူးဆန်းတာ တခုခုကို တွေ့ရှိပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သတ်လို့ မေးခွန်းတွေ မရပ်မနားထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့သာ ပူးပေါင်းကြံစည်ထားတာဆိုရင်တော့ ဒါဟာ သမိုင်းတစ်လျှောက် အထင်ရှားဆုံး လှည့်ကွက်ကြီး တစ်ခုဖြစ်နေမှာပါပဲ။ အပိုလို ၁၁ အာကာသယာဉ်ကို Florida Kennedy အာကာသစင်တာက ဇူလိုင်လ ၁၆ ရက်နေ့မှာ မိတ်ဆက်ခဲ့ပြီး သူဟာ အမေရိကန်နိုင်ငံရဲ့ ဆိုဗီယက်ထက်အရင် လပေါ်ကို ခြေချနိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်သွားခဲ့ပါတယ်။

နောက် ၄ ရက်အကြာမှာ အာကာသယာဉ်မှူး Michael Collins ရဲ့ ဦးဆောင်မှုနဲ့ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ လမျက်နှာပြင်ပေါ် ခြေချနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ သူတို့ဟာ လမျက်နှာပြင်ပေါ်မှာ စူးစမ်းလေ့လာခဲ့ကြပြီး လမျက်နှာပြင်ရဲ့ နမူနာဓာတ်ပုံတွေကို ပြန်ပို့ပေးခဲ့ပါတယ်။ အမေရိကန်တွေရဲ့ ရည်ရွယ်ချက်ဟာ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီလူနှစ်ယောက်ဟာ လပေါ်မှာ အမေရိကန်နိုင်ငံအလံကို စိုက်ထူခဲ့ပြီး ကမ္ဘာမြေကို ပြန်လာခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာသို့ ဆင်းသက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် Armstrong နဲ့ Aldrin တို့ကို ကျော်ကြားသွားစေခဲ့ပါတယ်။

ဒီကိစ္စတွေပြီးနောက် ၇ နှစ်လောက်အကြာ 1976 ခုနှစ်မှာ Bill Kaysin ဟာ ” ကျွန်တော်တို့ လပေါ်ကို ဘယ်တုန်းကမှ မသွားခဲ့ဘူး ” လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ သူဟာ အဲ့ဒီစာအုပ်ထဲမှာ လပေါ်ကို ရောက်ခဲ့တဲ့ ကိစ္စဟာ တကယ်ရှိခဲ့တာလား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။ စာရေးသူဟာ 1963 ခုနှစ်တုန်းက Apollo 11 ရဲ့ အင်ဂျင်တွေကို ထုတ်လုပ်တဲ့ Propulsion Field Laboratory မှာ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူကတော့ လပေါ်ကို ဆင်းသက်နိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စဟာ အမေရိကန်က ဆိုဗီယက်ကို အနိုင်ယူချင်လို့ လုပ်ဇာတ်ခင်းခဲ့တဲ့ ကိစ္စလို့ တွေးနေပါတယ်။

1980 ခုနှစ်မှာ Flat Earth အဖွဲ့အစည်းက စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တစ်ခုကို ဖွင့်ပြခဲ့ပါတယ်။ ဒါကတော့ NASA ဟာ လပေါ်ကိုဆင်းသက်တဲ့အကြောင်းကို နာမည်ကျော် ဒါရိုက်တာ Stanley Kubride ရိုက်ကူးပြီး Hollywood studio မှာ စင်တင်ခဲ့ခြင်းပါပဲ။ 1999 ခုနှစ်က စစ်တမ်းတစ်ခုအရတော့ အမေရိကန်လူမျိုးတွေရဲ့ ၆ ရာခိုင်နှုန်းက ဒီကိစ္စဟာ လှည့်ကွက်ကြီးတစ်ခုလို့ ယုံကြည်နေပါတယ်။ နောက်ပိုင်းမှာ ဝေဖန်သူတွေဟာ ဥပမာမျိုးစုံအကြောင်းပြချက် မျိုးစုံနဲ့ ထောက်ပြခဲ့ကြပါတယ်။

ပထမတစ်ချက် အနေနဲ့ လပေါ်မှာ လေတိုက်တတ်တဲ့ ရာသီဥတုမျိုးမရှိဘဲနဲ့ အဲ့ဒီမှာ စိုက်ထားခဲ့တဲ့ အမေရိကန်အလံက လွင့်နေတာ..နောက် အာကာယာဉ်တွေနဲ့ ကိရိယာတွေမှာ အရိပ်ရှိနေတာတွေက ဒါဟာ စတူဒီယိုတစ်ခုထဲမှာ ရိုက်ကူးထားတဲ့ လှိမ့်လုံး တစ်ခုပဲလို့ သက်သေပြနေတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ လွယ်လွယ်ကူကူနဲ့ပဲ ပြန်ဖြေရှင်းလို့ ရသွားခဲ့ကြချည်းပါပဲ။

2016 ဩဂုတ်လမှာတော့ မျက်စိလျင်တဲ့ ရှာဖွေသူတစ်ယောက်ဟာ Neil Armstrong ရဲ့ ဘွတ်ဖိနပ်တွေမှာ ထူးခြားချက်ကို ရှာတွေ့ခဲ့ပါတယ်။ 2015 ခုနှစ်မှာ Phil Plait ဆိုတဲ့ အာကာယာဉ်မှူးတစ်ယောက်ဟာ အမျိုးသား လေကြောင်းနှင့် အာကာသ ပြတိုက်မှာ ထိန်းသိမ်းထားတဲ့ Armstrong လကမ္ဘာပေါ်သွားတုန်းက ဝတ်စုံကို ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ Flickr အကောင့်မှာ တင်ခဲ့ပါတယ်။ ဒီဓာတ်ပုံကိုကြည့်ပြီး ဒီဓာတ်ပုံထဲမှာ ပါတဲ့ Armstrong ရဲ့ ဘွတ်ဖိနပ်နဲ့ လကမ္ဘာပေါ်က ခြေရာတွေရိုက်ထားတဲ့ပုံက ခြေရာနဲ့ဟာ မတူဘူးလို့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ Plait ရဲ့ ဓာတ်ပုံမှာတော့ ဘွတ်ဖိနပ်ကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။

ဒါပေမယ့် လကမ္ဘာပေါ်က ပုံမှာတော့ ရှင်းလင်းစွာ မမြင်ရလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းချက်ထုတ်ခဲ့ပါတယ်။ Snopes Website ကတော့ လကမ္ဘာပေါ်က ခြေရာဟာ Armstrong ရဲ့ ခြေရာမဟုတ်ဘူးလို့ ထပ်မံပြောဆိုနေကြပါသေးတယ်။ ခုချိန်ထိလည်း ဒီအငြင်းပွားမှုဟာ ရပ်မသွားသေးပါဘူး။ ဒါ့အပြင် Armstrong နဲ့ Aldrin တို့ လကမ္ဘာပေါ်ခြေချနိုင်ခဲ့တယ် ဆိုတာဟာလည်း အချိန်မရွေးပြောင်းလဲ သွားနိုင်တဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu

#Unicode Version# ဖြင့်ဖတ်ပါ ။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top