iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Celefamily

#Unicode Version#


ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အနုပညာလောကထဲကို ဝါသနာတစ်ခုကိုအရင်းခံကာ ဝင်ရောက်လာတဲ့ တက်သစ်စမင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။Mrtv 4 ရဲ့ မင်းသမီးလေးလို့လည်း ခေါ်လို့ရပြီး mrtv 4 က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာလည်း အိုင်တင်ကောင်းကောင်းနဲ့ ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်က ပြေပြစ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အပြင် ကိုယ်လုံးကိုယ်ထည်ကလည်း လှတာဖြစ်လို့ အပြစ်ပြောစရာမရှိတဲ့ အလှပိုင်ရှင်လေးပါနော်။ဝင့်ယမုံနိုင်က စိတ်သဘောထားဖြူစင်ပြီး ရိုးသားကြိုးစားတဲ့ အနုပညာရှင်ဖြစ်လို့ လူချစ်လူခင်ပေါများကာ သူမကို အားပေးတဲ့ ပရိတ်သတ်တွေကလည်း အများကြီးရှိပါတယ်။သူမရဲ့ ဇတ်ကားတွေဟာဆိုရင်လည်း ဇာတ်လမ်း ဇာတ်အိမ်က ခိုင်မာပြီး ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေကလည်း ကြိုးစားကြတာဖြစ်လို့ ပရိတ်သတ်ရဲ့ နှစ်ခြိုက်သဘောကျမှုကိုရပါတယ်နော်။


ဝင့်ယမုံနိုင်က အခုဆိုရင် mrtv 4 ကထုတ်လွှင့်တဲ့ ကျွန်မက မဟေသီ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပြီး ထိမိပိုင်နိုင်တဲ့ အိုင်တင်တွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်လွန်းပါတယ်နော်။ဝင့်ယမုံနိုင်က မြန်မာဆန်တဲ့ ရုပ်ရည်လေးကြောင့် မြန်မာဝတ်စုံလေးဝတ်လိုက်ရင် အရမ်းကို ကျက်သေရေရှိပြီး လှပပါတယ်နော်။ ဒီနေ့မှာတော့ ဝင့်ယမုံနိုင်က မောင့်ကိုချစ်လို့မွေးဖွားလာပါတယ်ဆိုပြီး စုံတွဲပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် ဝင့်ယမုံနိုင်ရဲ့ စုံတွဲပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
Source:Wint Yamone Naing

ဖိုးသူတော် (www.phothutaw.com)
Credit: Celefamily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top