iMyanmarHouse.com - Best Property Website for Myanmar
×


ေနတိုးဟာဆိုရင္ျမန္မာနိုင္ငံရဲ႕ထိပ္တန္းမင္းသားတစ္လက္လို႔ေျပာလို႔လည္းရျပီး ေနတုိးရဲ႕ ေအာင္ျမင္မႈအရွိန္အဝါဟာ အခုလက္ရွိမွာ ဒီေရအလားတိုးတက္ေနဆဲျဖစ္ပါတယ္။ ေနတိုးဟာ ရုပ္ရွင္ဇာတ္ကားေတြဇယ္ဆက္သလုိရိုက္ေနရင္းနဲ႔မွ ဒါရိုက္တာလုပ္ဖုိ႔ကုိလည္း စိတ္ထဲမွာရွိတယ္လို႔သိရပါတယ္။ ေနတုိးက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေနတိုးက ျမန္မာနုိင္ငံမွာ လာရိုက္တဲ့ Line Walker 2 ရုပ္ရွင္နဲ႔ပတ္သက္ျပီးေျပာထားသလို မၾကာမီမွာက်င္းပေတာ့မယ့္ အကယ္ဒမီပြဲၾကီးအတြက္ ရင္ခုန္သံကုိလည္းေျဖၾကားသြားပါတယ္။

ေနတိုးက Line Walker 2 ရုပ္ရွင္နဲ႔လာရို္က္တာနဲ႔ပတ္သက္ျပီး “ျမန္မာျပည္ကုိ ရုပ္ရွင္လာရိုက္တယ္ဆိုေတာ့ ျမန္မာျပည္ကုိနုိင္ငံတကာက အသိအမွတ္ျပဳတယ္။ ျမန္မာျပည္ကုိနုိင္ငံတကာကေန အာရံုစူးစုိက္ျခင္းခံရတယ္ဆိုတဲ့ သေဘာသက္ေရာက္ပါတယ္။ ရုပ္ရွင္ဆိုတာကေတာ့ ကြ်န္ေတာ္တို႔ျမန္မာရုပ္ရွင္ပဲျဖစ္ျဖစ္ နုိင္ငံတကာရုပ္ရွင္ပဲျဖစ္ျဖစ္ location ရွာတဲ့အခါ Location ကုိ လူေတြဘယ္ေလာက္ထိစိတ္ဝင္စားတယ္ဆိုတဲ့အေပၚမွာမူတည္တယ္ေလ။ ဒီရုပ္ရွင္ကုိ ဒီမွာရိုက္ဖို႔ေရြးတယ္ဆိုကတည္းကိုက ျမန္မာျပည္ကုိနုိင္ငံတကာက စိတ္ဝင္စားေနျပီလို႔ကြ်န္ေတာ္ျမင္ပါတယ္ခင္ဗ်”လို႔ ေသခ်ာစနစ္တက်ေဝဖန္ပုိင္းျခားျပျပီးေျဖသြားတာေတြ႕ရပါတယ္။


ေနတိုးရဲ႕ရုပ္ရွင္ေတြ ဆန္ခါတင္စာရင္းမွာပါဝင္တဲ့အေပၚခံစားခ်က္ကုိ “ကုိယ့္ရဲ႕ၾကိဳးစားအားထုတ္မႈကုိ ပရိသတ္ေတြထပ္မံရင္ခုန္ခြင့္ရေစမယ့္ ဆန္ခါတင္အဆင့္ဆိုတာေလးမွာပါဝင္ခြင့္ရတဲ့အတြက္ ကုိယ္တိုင္ကလည္း ပရိသတ္ကုိယ္စားၾကည္နူးမိပါတယ္။ဝမ္းသာမိပါတယ္လို႔”ရင္ခုန္စြာေျပာျပထားပါတယ္။

ေနတိုးက အကယ္ဒမီစာရင္းမဝင္လည္းပဲ ၾကိဳးစားမႈက တစ္လက္မမွမေလ်ာ့မယ့္အေၾကာင္း “ကြ်န္ေတာ္တို႔ဘက္ကေတာ့ အကယ္ဒမီစာရင္း ဝင္သည္ျဖစ္ေစ မဝင္သည္ျဖစ္ေစ အျမဲတမ္းေတာ့ ပရိသတ္အတြက္အျမဲတမ္းၾကိဳးစားေနရမယ္ဆိုတဲ့ ကြ်န္ေတာ္တို႔ရဲ႕အနုပညာတာဝန္ကုိ ေက်ပြန္ေအာင္ထမ္းေဆာင္သြားပါမယ္လို႔ပရိသတ္ကိုေျပာခ်င္ပါတယ္”လုိ႔လည္းကတိေပးေျဖၾကားသြားပါတယ္။

အကယ္ဒမီရင္ခုန္သံကုိေတာ့ ေနတိုးက “ပရိသတ္ေတြကေတာ့ မုန္းစြဲနဲ႔မွန္းေနၾကတယ္လို႔ၾကားတယ္ေပ့ါေနာ္။ ရင္ခုန္သံကေတာ့ ျမန္တယ္ရယ္လို႔ေတာ့မရွိပါဘူး။ ဘယ္ေတာ့မွကြ်န္ေတာ္အဆံုးစြန္အထိဘယ္အရာကုိမွမေမွ်ာ္လင့္ဖူးဘူးေပါ့ေနာ္။ မေမွ်ာ္လင့္လည္းမေမွ်ာ္လင့္ဘူး။ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ ဘာမွအဲ့ေလာက္ၾကီး ရင္ထဲမွာ ထူထူထဲထဲၾကီးမျဖစ္ပါဘူး။ အဓိကက ကုိယ့္ပရိသတ္နဲ႔ကုိယ့္ရဲ႕ခံစားမႈ ကုိယ့္ရဲ႕ရင္ခုန္မႈေတြကုိ ပုိျပီးေတာ့ အသက္ဝင္ေစတယ္ေပါ့ေနာ္။ မရခဲ့ဘူးဆိုရင္လည္း ရမယ့္ကုိယ့္ညီအစ္ကုိေတြအတြက္ ပီတိျဖစ္မိတယ္ေပါ့ေနာ္”လို႔ ရင္ဖြင့္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#



နေတိုးဟာဆိုရင်မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်လို့ပြောလို့လည်းရပြီး နေတိုးရဲ့ အောင်မြင်မှုအရှိန်အဝါဟာ အခုလက်ရှိမှာ ဒီရေအလားတိုးတက်နေဆဲဖြစ်ပါတယ်။ နေတိုးဟာ ရုပ်ရှင်ဇာတ်ကားတွေဇယ်ဆက်သလိုရိုက်နေရင်းနဲ့မှ ဒါရိုက်တာလုပ်ဖို့ကိုလည်း စိတ်ထဲမှာရှိတယ်လို့သိရပါတယ်။ နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ နေတိုးက မြန်မာနိုင်ငံမှာ လာရိုက်တဲ့ Line Walker 2 ရုပ်ရှင်နဲ့ပတ်သက်ပြီးပြောထားသလို မကြာမီမှာကျင်းပတော့မယ့် အကယ်ဒမီပွဲကြီးအတွက် ရင်ခုန်သံကိုလည်းဖြေကြားသွားပါတယ်။

နေတိုးက Line Walker 2 ရုပ်ရှင်နဲ့လာရိုက်တာနဲ့ပတ်သက်ပြီး “မြန်မာပြည်ကို ရုပ်ရှင်လာရိုက်တယ်ဆိုတော့ မြန်မာပြည်ကိုနိုင်ငံတကာက အသိအမှတ်ပြုတယ်။ မြန်မာပြည်ကိုနိုင်ငံတကာကနေ အာရုံစူးစိုက်ခြင်းခံရတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ရုပ်ရှင်ဆိုတာကတော့ ကျွန်တော်တို့မြန်မာရုပ်ရှင်ပဲဖြစ်ဖြစ် နိုင်ငံတကာရုပ်ရှင်ပဲဖြစ်ဖြစ် location ရှာတဲ့အခါ Location ကို လူတွေဘယ်လောက်ထိစိတ်ဝင်စားတယ်ဆိုတဲ့အပေါ်မှာမူတည်တယ်လေ။ ဒီရုပ်ရှင်ကို ဒီမှာရိုက်ဖို့ရွေးတယ်ဆိုကတည်းကိုက မြန်မာပြည်ကိုနိုင်ငံတကာက စိတ်ဝင်စားနေပြီလို့ကျွန်တော်မြင်ပါတယ်ခင်ဗျ”လို့ သေချာစနစ်တကျဝေဖန်ပိုင်းခြားပြပြီးဖြေသွားတာတွေ့ရပါတယ်။


နေတိုးရဲ့ရုပ်ရှင်တွေ ဆန်ခါတင်စာရင်းမှာပါဝင်တဲ့အပေါ်ခံစားချက်ကို “ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို ပရိသတ်တွေထပ်မံရင်ခုန်ခွင့်ရစေမယ့် ဆန်ခါတင်အဆင့်ဆိုတာလေးမှာပါဝင်ခွင့်ရတဲ့အတွက် ကိုယ်တိုင်ကလည်း ပရိသတ်ကိုယ်စားကြည်နူးမိပါတယ်။ဝမ်းသာမိပါတယ်လို့”ရင်ခုန်စွာပြောပြထားပါတယ်။

နေတိုးက အကယ်ဒမီစာရင်းမဝင်လည်းပဲ ကြိုးစားမှုက တစ်လက်မမှမလျော့မယ့်အကြောင်း “ကျွန်တော်တို့ဘက်ကတော့ အကယ်ဒမီစာရင်း ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ အမြဲတမ်းတော့ ပရိသတ်အတွက်အမြဲတမ်းကြိုးစားနေရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့အနုပညာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သွားပါမယ်လို့ပရိသတ်ကိုပြောချင်ပါတယ်”လို့လည်းကတိပေးဖြေကြားသွားပါတယ်။

အကယ်ဒမီရင်ခုန်သံကိုတော့ နေတိုးက “ပရိသတ်တွေကတော့ မုန်းစွဲနဲ့မှန်းနေကြတယ်လို့ကြားတယ်ပေ့ါနော်။ ရင်ခုန်သံကတော့ မြန်တယ်ရယ်လို့တော့မရှိပါဘူး။ ဘယ်တော့မှကျွန်တော်အဆုံးစွန်အထိဘယ်အရာကိုမှမမျှော်လင့်ဖူးဘူးပေါ့နော်။ မမျှော်လင့်လည်းမမျှော်လင့်ဘူး။ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဘာမှအဲ့လောက်ကြီး ရင်ထဲမှာ ထူထူထဲထဲကြီးမဖြစ်ပါဘူး။ အဓိကက ကိုယ့်ပရိသတ်နဲ့ကိုယ့်ရဲ့ခံစားမှု ကိုယ့်ရဲ့ရင်ခုန်မှုတွေကို ပိုပြီးတော့ အသက်ဝင်စေတယ်ပေါ့နော်။ မရခဲ့ဘူးဆိုရင်လည်း ရမယ့်ကိုယ့်ညီအစ်ကိုတွေအတွက် ပီတိဖြစ်မိတယ်ပေါ့နော်”လို့ ရင်ဖွင့်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Can’t Wait To Say

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top