#Unicode Version#
အက်ရှင်မင်းသား နေထက်လင်းကတော့ အက်ရှင်ကားတွေနဲ့ အနုပညာ လမ်းကြောင်းပေါ် မှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ မင်းသား တစ်ယောက်ပါ ။ ကိုယ်တိုင်ထိခိုက်အနာတရ ခံပြီး အက်ရှင်ပေါ်ရူးသွပ်တဲ့မင်းသား တစ်ယောက်ဖြစ်သလို နယ်ပရိသတ်တွေချစ်ခင် အားပေးကြတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး ။ ဆယ်စုနှစ်တစ်စုကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းခဲ့သလို ခုချိန်ထိလည်း ပရိသတ်ရင်ထဲ စွဲထင်နေဆဲ ဖြစ်တဲ့ နာမည်ကျော်မင်းသားတစ်လက်ပါ ။
Line Walker 2ရုပ်ရှင်ရိုက်ကွင်းကိုသွားရောက်လေ့လာခဲ့တဲ့ နေထက်လင်းက “ကျွန်တော်ကျည်ဆံတစ်တောင့်လောက်ကိုင်လိုက်သေးတယ်။ကျွန်တော့ညင်းရင် ကျွန်တော်သက်သေပြလို့ရအောင်။ ကျွန်တော်ကျည်ဆံတစ်တောင့်ကို အသာလေးယူထားလိုက်တယ် မပြောနဲ့ကွာဆိုပြီး။တကယ်အစစ်ဖောက်တာ။ အသံကိုကဟိန်းနေတာပဲ။ကားတွေကိုလည်း အစစ်ဖောက်လိုက်တာ” ဆိုပြီးသွားရောက်လေ့လာခဲ့တဲ့အတွေ့အကြုံလေးတွေကိုပြောပြလာခဲ့ပါတယ်။
အက်ရှင်မင်းသားနေထက်လင်းရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဗီဒီယိုလေးကြည့်ပြီး သဘောကျရင် Share ပေးသွားကြပါဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Myanmarfanpage
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top