iMyanmarHouse.com - Best Property Website for Myanmar
×

 စတီဗင္​​ေခ်ာင္​ရဲ႕ အမာခံ ပရိသတ္​အစစ္​​ေတြအတြက္​ သိပ္​ျပီးက်က္​သ​ေရမဂၤလာ႐ွိတဲ့ သတင္​း​ေကာင္​းပါပဲ။ ပိတ္​ကား​ေတြထက္​ မျမင္​​ေတြ႕ရတာၾကာၿပီျဖစ္​တဲ့ စတီဗင္​​ေခ်ာင္​ ဟာ ၂၀၀၄ ခုႏွစ္​တုန္​းက သူကိုယ္​တိုင္​​ေရးသား၊ သူကိုယ္​တိုင္​ ဒါ႐ိုက္​တာအျဖစ္​ ႐ိုက္​ကူးထုတ္​လုပ္​ၿပီး သူကိုယ္​တိုင္​ ပါဝင္​သ႐ုပ္​​ေဆာင္​ထားခဲ့တဲ့ Kung Fu Hustle ႐ုပ္​႐ွင္​ဇာတ္​ကားကို ​ေနာက္​ထပ္​ ၁၅ ႏွစ္​အၾကာမွာ ထပ္​မံၿပီး Sequel အျဖစ္​ အသစ္​ဖန္​တီးသြား​ေတာ့မွာျဖစ္​ပာတယ္။

ဒါဟာ ​ေခ်ာင္​နဲ႔ ပရိသတ္​​ေတြနဲ့ ​ေတြ႕ဆံုစည္​းခဲ့တဲ့ အ​ေမးအ​ေျဖက႑မွာ Kung Fu Hustle ႐ုပ္​႐ွင္​ကားကို Kung Fu Hustle 2 အျဖစ္​ ​ေနာက္​ဆက္​တြဲ ထပ္မံ​​ထြက္​႐ွိလာဖို႔ အစီအစဥ္​႐ွိမ႐ွိ ဆိုတဲ့ အမာခံပရိသတ္​တစ္​ဦးရဲ႕အ​ေမးကို စတီဗင္​​ေခ်ာင္​ကိုယ္​တိုင္​ ဝန္​ခံ​ေျဖၾကားသြားခဲ့တာပဲ ျဖစ္​တာ​ေၾကာင္​့ သူ႕ရဲ႕အမာခံပရိတ္​​ေတြအတြက္​​ေတာ့ အထူးစိတ္​လႈပ္​႐ွားစရာ ျဖစ္​လာခဲ့ပါတယ္​။

” ဟုတ္​ပါတယ္​။ Kung Fu Hustle 2 ထြက္​႐ွိလာဦးမွာပါ။ သို႔​ေပမယ္​့ ဒီတစ္​ခါမွာ​ေတာ့ ​ေခတ္​သစ္​ကြန္​ဖူးဇာတ္​လမ္​းပံုစံတစ္​ခုအ​ေနနဲ႔ ႏုိ္​င္​ငံျခားမွာဇာတ္​အိမ္​တည္​ၿပီး အသြင္​သစ္​၊ ဟန္​သစ္​ နဲ႔ ဖန္​တီးသြားမွာပါ။ ဒီကားကို ​ေ႐ွ႕ကားရဲ႕အဆက္​ အျဖစ္​ ျမင္​ရမွာမဟုတ္​ဘဲ သူ႕မွာ ကိုယ္​ပို္​င္​သီးျခား ဇာတ္​လမ္​းဇာတ္​အိမ္​ သီးသန္​႔တည္​​ေဆာက္​ထားတာျဖစ္​ပါတယ္​။ ႐ိုက္​ကူးမယ္​့ သ​ေဘာတရား၊ သြားမယ္​့လမ္​း​ေၾကာင္​း နဲ႔ အယူအဆပိုင္​းမွာ​ေတာ့ ​ေ႐ွ႕ကားနဲ႔တူပါတယ္​ ” လို႔ ​ေခ်ာင္​က ​ေျဖၾကားသြားခဲ့တယ္​။

​ေခ်ာင္​ရဲ႕စကားအတိုင္​းဆိုရင္​ Kung Fu Hustle 2 ဟာ Sequel ဆိုတာထက္​ အသစ္​တစ္​ဖန္​ျပန္​အသက္​သြင္​းထားတဲ့ Reboot ပံုစံ ပိုဆန္​​ေနမွာျဖစ္​ၿပီး ​ေနာက္​ပိုင္​းႏွစ္​​ေတြမွာ သ႐ုပ္​​ေဆာင္​ဘက္​မွာ ကိုယ္​​ေယာင္​​ေဖ်ာက္​ၿပီး ဒါ႐ိုက္​တာအပိုင္​းမွာ ပိုအားစိုက္​ျဖစ္​​ေနသရတဲ့ ​ေခ်ာင္​ရဲ႕ သ႐ုပ္​​ေဆာင္​မႈကိုလည္​း ဒီဇာတ္​ကားမွာ ျပန္​လည္​ ျမင္​​ေတြ႕ခြင္​့ရၾကမွာျဖစ္​ပါတယ္​။

” ကြၽန္​​ေတာ္​က သိပ္​အထိုးအသတ္​မလုပ္​န္​ိုင္​​ေတာ့ဘူးဗ်။ ခ်မယ္​ဖိုက္​မယ္​ဆို ကြၽန္​​ေတာ္​မျဖစ္​​ေတာ့ဘူး။ ဒီကားမွာ ပါျဖစ္​မယ္​ဆို အ​ေဆာ္​ခံ၊ အနွက္ခံ​ရတဲ့ ဇာတ္​​ေကာင္​​ေနရာကပဲ ပါဝင္​ဖို႔စဥ္​းစားပါ့မယ္​။ ​ေနာက္​ၿပီး ကြၽန္​​ေတာ္​ သ႐ုပ္​​ေဆာင္​မလုပ္​ျဖစ္​​ေတာ့တာလဲ အ​ေၾကာင္​း​ေတြအမ်ားႀကီး႐ွိပါတယ္​။ တစ္​ခုတည္​း​ေျပာပါဆိုရင္​ ကြၽန္​​ေတာ္​့အတြက္​က ကိုယ္​႐ူးသြပ္​ရတဲ့အရာကိုသာ လုပ္​ပါတယ္​။ ပိုက္​ဆံအတြက္​ ကြ်န္​ေတာ္​အလုပ္​လုပ္​မွာ မဟုတ္​ပါဘူး ” လု႔ိလဲ ​ေခ်ာင္​က ​ေျပာၾကားသြားခဲ့ပာတယ္​။

​ေခ်ာင္​ရဲ႕ ၂၀၀၄ ခုႏွစ္​က ထြက္​႐ွိခဲ့တဲ့ မူလ Kung Fu Hustle ႐ုပ္​႐ွင္​ကားဟာ အဲ့ဒီ​ေခတ္​က ​ေဒၚလာ သန္​း ၂၀ အကုန္​က်ခံ႐ိုက္​ကူးခဲ့ၿပီး ​ေဒၚလာ ၁၀၂ သန္​းအထိ ​ေသာက္​​ေသာက္​လဲ ဝင္​​ေငြရခဲ့တဲ့ကားပါ။ ၁၉၃၀ ကာလတစ္​ဝိုက္​က ႐ွန္​ဟိုင္​းၿမိဳ႕မွာ အ​ေျခတည္​ထားခဲ့ၿပီး ​ေ႐ွာင္​လင္​ကြန္​ဖူးသိုင္​းနဲ႔အတူ တ​ေသာ​ေသာရယ္​​ေမာခဲ့ရတဲ့ ခပ္​ဆန္​းဆန္​းျပားျပား​ဟာသ​ေတြကို ​ေပါင္​းစပ္​႐ိုက္​ကူးထားတဲ့ ဇာတ္​ကား​ေကာင္​းျဖစ္​ပါတယ္​။ ​ေဟာင္​​ေကာင္​႐ုပ္​႐ွင္​ဆု​ေပးပြဲမွာ ဆု ၆ ဆု အထိသိမ္​းပိုက္​ခဲ့ကာ တိုင္​​ေပက Golden Horse ႐ုပ္​႐ွင္​ပြဲမွာ ဆု ၅ ဆု အထိ ရ႐ွိ​ေအာင္​ျမင္​ခဲ့ပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။


စတီဗင်ချောင်ရဲ့ အမာခံ ပရိသတ်အစစ်တွေအတွက် သိပ်ပြီးကျက်သရေမင်္ဂလာရှိတဲ့ သတင်းကောင်းပါပဲ။ ပိတ်ကားတွေထက် မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ စတီဗင်ချောင် ဟာ ၂၀၀၄ ခုနှစ်တုန်းက သူကိုယ်တိုင်ရေးသား၊ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထုတ်လုပ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ Kung Fu Hustle ရုပ်ရှင်ဇာတ်ကားကို နောက်ထပ် ၁၅ နှစ်အကြာမှာ ထပ်မံပြီး Sequel အဖြစ် အသစ်ဖန်တီးသွားတော့မှာဖြစ်ပာတယ်။

ဒါဟာ ချောင်နဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံစည်းခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ Kung Fu Hustle ရုပ်ရှင်ကားကို Kung Fu Hustle 2 အဖြစ် နောက်ဆက်တွဲ ထပ်မံထွက်ရှိလာဖို့ အစီအစဉ်ရှိမရှိ ဆိုတဲ့ အမာခံပရိသတ်တစ်ဦးရဲ့အမေးကို စတီဗင်ချောင်ကိုယ်တိုင် ဝန်ခံဖြေကြားသွားခဲ့တာပဲ ဖြစ်တာကြောင့် သူ့ရဲ့အမာခံပရိတ်တွေအတွက်တော့ အထူးစိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ပါတယ်။

” ဟုတ်ပါတယ်။ Kung Fu Hustle 2 ထွက်ရှိလာဦးမှာပါ။ သို့ပေမယ့် ဒီတစ်ခါမှာတော့ ခေတ်သစ်ကွန်ဖူးဇာတ်လမ်းပုံစံတစ်ခုအနေနဲ့ နိုင်ငံခြားမှာဇာတ်အိမ်တည်ပြီး အသွင်သစ်၊ ဟန်သစ် နဲ့ ဖန်တီးသွားမှာပါ။ ဒီကားကို ရှေ့ကားရဲ့အဆက် အဖြစ် မြင်ရမှာမဟုတ်ဘဲ သူ့မှာ ကိုယ်ပိုင်သီးခြား ဇာတ်လမ်းဇာတ်အိမ် သီးသန့်တည်ဆောက်ထားတာဖြစ်ပါတယ်။ ရိုက်ကူးမယ့် သဘောတရား၊ သွားမယ့်လမ်းကြောင်း နဲ့ အယူအဆပိုင်းမှာတော့ ရှေ့ကားနဲ့တူပါတယ် ” လို့ ချောင်က ဖြေကြားသွားခဲ့တယ်။

ချောင်ရဲ့စကားအတိုင်းဆိုရင် Kung Fu Hustle 2 ဟာ Sequel ဆိုတာထက် အသစ်တစ်ဖန်ပြန်အသက်သွင်းထားတဲ့ Reboot ပုံစံ ပိုဆန်နေမှာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ သရုပ်ဆောင်ဘက်မှာ ကိုယ်ယောင်ဖျောက်ပြီး ဒါရိုက်တာအပိုင်းမှာ ပိုအားစိုက်ဖြစ်နေသရတဲ့ ချောင်ရဲ့ သရုပ်ဆောင်မှုကိုလည်း ဒီဇာတ်ကားမှာ ပြန်လည် မြင်တွေ့ခွင့်ရကြမှာဖြစ်ပါတယ်။

” ကျွန်တော်က သိပ်အထိုးအသတ်မလုပ်နိုင်တော့ဘူးဗျ။ ချမယ်ဖိုက်မယ်ဆို ကျွန်တော်မဖြစ်တော့ဘူး။ ဒီကားမှာ ပါဖြစ်မယ်ဆို အဆော်ခံ၊ အနှက်ခံရတဲ့ ဇာတ်ကောင်နေရာကပဲ ပါဝင်ဖို့စဉ်းစားပါ့မယ်။ နောက်ပြီး ကျွန်တော် သရုပ်ဆောင်မလုပ်ဖြစ်တော့တာလဲ အကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခုတည်းပြောပါဆိုရင် ကျွန်တော့်အတွက်က ကိုယ်ရူးသွပ်ရတဲ့အရာကိုသာ လုပ်ပါတယ်။ ပိုက်ဆံအတွက် ကျွန်တော်အလုပ်လုပ်မှာ မဟုတ်ပါဘူး ” လု့ိလဲ ချောင်က ပြောကြားသွားခဲ့ပာတယ်။

ချောင်ရဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မူလ Kung Fu Hustle ရုပ်ရှင်ကားဟာ အဲ့ဒီခေတ်က ဒေါ်လာ သန်း ၂၀ အကုန်ကျခံရိုက်ကူးခဲ့ပြီး ဒေါ်လာ ၁၀၂ သန်းအထိ သောက်သောက်လဲ ဝင်ငွေရခဲ့တဲ့ကားပါ။ ၁၉၃၀ ကာလတစ်ဝိုက်က ရှန်ဟိုင်းမြို့မှာ အခြေတည်ထားခဲ့ပြီး ရှောင်လင်ကွန်ဖူးသိုင်းနဲ့အတူ တသောသောရယ်မောခဲ့ရတဲ့ ခပ်ဆန်းဆန်းပြားပြားဟာသတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၆ ဆု အထိသိမ်းပိုက်ခဲ့ကာ တိုင်ပေက Golden Horse ရုပ်ရှင်ပွဲမှာ ဆု ၅ ဆု အထိ ရရှိအောင်မြင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
























 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top