႐ုပ္႐ွင္ဇာတ္ကားေတြမွာ အၾကမ္းအရမ္း ဟာသ ဒရမ္မာ အလြမ္းအေဆြး စတာေတြကုိ အေကာင္းဆုံး အပုိင္ႏုိင္ဆုံး သ႐ုပ္ေဆာင္ႏုိင္တဲ့ ျပည္သူခ်စ္အႏုပညာ ျမင့္ျမတ္ကေတာ့ လတ္တေလာမွာ သ႐ုပ္ေဆာင္ေကညီနဲ႔ ကခဲ့တဲ့ video အေၾကာင္းနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ အခုလုိပဲ ေျပာသြားခဲ့ပါတယ္။

ျမင့္ျမတ္က “ဒါက ဗုိလ္ႀကီးနဲ႔ ကြၽန္ေတာ္နဲ႔က သိပ္ေထြေထြထူးထူး တုိက္စရာလည္း မလုိဘူးေလ။ ကြၽန္ေတာ္တုိ႔ အဲ့ VE VE ခရီးစဥ္သြားတဲ့ ရက္တုိင္း ရက္တုိင္းမွာ ကြၽန္ေတာ္တုိ႔ ဘယ္ျမဳိ႕မွာ႐ွိပါမယ္ အဲ့လုိေလးေတြ အျမဲတမ္း ႐ုိက္တင္တယ္ေပါ့ေနာ္ အဲ့ေန႔ကေတာ့ ရန္ကုန္ျပန္ခါနီးဆုိေတာ့ အေပ်ာ္ေလးနဲ႔ ႐ုိက္မယ္ဆုိၿပီးေတာ့ အဲ့လုိေလး ႐ုိက္လုိက္တာ။ အဓိက ကြၽန္ေတာ့္အေၾကာင္းမသိလုိ႔ပါ။ ကြၽန္ေတာ္တုိ႔က အျပင္မွာဆုိေတာ့လည္း ေအးေအးေဆးေဆး ေနတာေပါ့။ ဒါေပမဲ့ KTV အခန္းထဲေရာက္သြားရင္ေတာ့ ဘယ္သူမွ မျမင္ဘူးေလ။”ေျပာသြားခဲ့ပါတယ္။

ေကညီကလည္း “ဟုိးအရင္တုန္းက သူက Dancer ေနာ္ ဒါတကယ္ေနာ္ မေနာက္ဘူး။ ကုိယ္ေတြအရမ္းခင္တဲ့လူေတြနဲ႔ လြတ္လပ္တဲ့ အခ်ိန္မ်ိဳးေပါ့ KTV မွာဆုိရင္ သ႐ုပ္ေဆာင္ ညီအစ္ကုိေတြပဲ ကုိခင္လႈိင္တုိ႔လည္း ပါမယ္ တစ္ခါတစ္ေလက်ရင္ အဲ့အခါက်ရင္ တစ္ေယာက္ကတာ တစ္ေယာက္လုိက္ကတာ အဲ့လုိမ်ိဴးေလးေတြ႐ွိတယ္။ တစ္ေယာက္ဘာကမလဲ တစ္ေယာက္ကတဲ့အတုိင္း လုိက္ကတယ္ ဒါေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ရင္ထဲမွာ႐ွိတယ္။ အဲ့တာေတြ သိပ္ေတာင္ တုိက္စရာမလုိဘူးေပါ့ေနာ္။ အဲ့လုိ႐ုိက္ဖုိ႔ဆုိေတာ့ ကြက္တိပဲ။ အဲ့ေန႔ကလည္း တကယ္ဆုိရင္ ကြၽန္ေတာ္တုိ႔ ေလယာဥ္ကြင္းက ဆင္းခါနီးၿပီ ထမင္းကလည္း ဆာေနၿပီ ကုိဗုိလ္ႀကီး ျမန္ျမန္လုပ္လုိက္တဲ့ သုံးကြက္ေလာက္ စဥ္းစားထားၾကမယ္ ကုိႀကီးဒီလုိဒီလိုလုပ္မယ္ ေျပာၿပီးေတာ့ သုံးေခါက္ပဲ ႐ုိက္လုိက္ရတယ္။ တစ္ေခါက္က ကြၽန္ေတာ္တုိ႔ ျပန္႐ုိက္ရတယ္။ ဒုတိယတစ္ေခါက္က Camera man နည္းနည္းေလး လုိသြားတယ္။ တတိယတစ္ေခါက္မွာ လုံးဝ Complete ပဲအဲ့ေတာ့ ညီလည္းညီတယ္လုိ႔ ၾကားရတာ ဝမ္းသာပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ျမင့္ျမတ္ကလည္း “ဒါ ကြၽန္ေတာ္တုိ႔ ေတာ္ေတာ္ကုန္ထားတယ္ဗ်။ ကြၽန္ေတာ္တုိ႔ရဲ႕ ေခြၽးေတြ ပုိက္ဆံေတြ အကုန္ခံၿပီးေတာ့ KTVမွာ ေလ့က်င့္ထားတာ။”လုိ႔ အရႊန္းေဖာက္ၿပီး ေျပာသြားခဲ့ပါေသးတယ္။

ဆက္လက္ၿပီး ဂ်င္းေကာင္ ဇာတ္႐ုပ္ျဖစ္လာတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ျမင့္ျမတ္က “တကယ္တမ္းက်ရင္ ကုိေခ်ာစိန္နဲ႔က သူငယ္ခ်င္းလည္း ျဖစ္တယ္။ ပုိၿပီးေတာ့ စကားေျပာတာေတြဘာေတြ ၾကားဖူးတာကေတာ့ ဦးအ႐ုိင္းကေတာ့ ပုိၿပီးေတာ့ ၾကားဖူးတာေပါ့။ ကြၽန္ေတာ္တုိ႔ကေတာ့ အျပင္မွာ ဦးအ႐ုိင္းတုိ႔ေျပာတာဆုိတာေလးကုိ တစ္ခြန္းစႏွစ္ခြန္းစေလာက္ပဲ ၾကားဖူးသိဖူးၿပီးေတာ့ လုိက္ေျပာၾကတာ အဲ့လုိပါပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

ရုပ်ရှင်ဇာတ်ကားတွေမှာ အကြမ်းအရမ်း ဟာသ ဒရမ်မာ အလွမ်းအဆွေး စတာတွေကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ်အနုပညာ မြင့်မြတ်ကတော့ လတ်တလောမှာ သရုပ်ဆောင်ကေညီနဲ့ ကခဲ့တဲ့ video အကြောင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

မြင့်မြတ်က “ဒါက ဗိုလ်ကြီးနဲ့ ကျွန်တော်နဲ့က သိပ်ထွေထွေထူးထူး တိုက်စရာလည်း မလိုဘူးလေ။ ကျွန်တော်တို့ အဲ့ VE VE ခရီးစဉ်သွားတဲ့ ရက်တိုင်း ရက်တိုင်းမှာ ကျွန်တော်တို့ ဘယ်မြို့မှာရှိပါမယ် အဲ့လိုလေးတွေ အမြဲတမ်း ရိုက်တင်တယ်ပေါ့နော် အဲ့နေ့ကတော့ ရန်ကုန်ပြန်ခါနီးဆိုတော့ အပျော်လေးနဲ့ ရိုက်မယ်ဆိုပြီးတော့ အဲ့လိုလေး ရိုက်လိုက်တာ။ အဓိက ကျွန်တော့်အကြောင်းမသိလို့ပါ။ ကျွန်တော်တို့က အပြင်မှာဆိုတော့လည်း အေးအေးဆေးဆေး နေတာပေါ့။ ဒါပေမဲ့ KTV အခန်းထဲရောက်သွားရင်တော့ ဘယ်သူမှ မမြင်ဘူးလေ။”ပြောသွားခဲ့ပါတယ်။

ကေညီကလည်း “ဟိုးအရင်တုန်းက သူက Dancer နော် ဒါတကယ်နော် မနောက်ဘူး။ ကိုယ်တွေအရမ်းခင်တဲ့လူတွေနဲ့ လွတ်လပ်တဲ့ အချိန်မျိုးပေါ့ KTV မှာဆိုရင် သရုပ်ဆောင် ညီအစ်ကိုတွေပဲ ကိုခင်လှိုင်တို့လည်း ပါမယ် တစ်ခါတစ်လေကျရင် အဲ့အခါကျရင် တစ်ယောက်ကတာ တစ်ယောက်လိုက်ကတာ အဲ့လိုမျိူးလေးတွေရှိတယ်။ တစ်ယောက်ဘာကမလဲ တစ်ယောက်ကတဲ့အတိုင်း လိုက်ကတယ် ဒါတွေက တစ်ယောက်နဲ့တစ်ယောက် ရင်ထဲမှာရှိတယ်။ အဲ့တာတွေ သိပ်တောင် တိုက်စရာမလိုဘူးပေါ့နော်။ အဲ့လိုရိုက်ဖို့ဆိုတော့ ကွက်တိပဲ။ အဲ့နေ့ကလည်း တကယ်ဆိုရင် ကျွန်တော်တို့ လေယာဉ်ကွင်းက ဆင်းခါနီးပြီ ထမင်းကလည်း ဆာနေပြီ ကိုဗိုလ်ကြီး မြန်မြန်လုပ်လိုက်တဲ့ သုံးကွက်လောက် စဉ်းစားထားကြမယ် ကိုကြီးဒီလိုဒီလိုလုပ်မယ် ပြောပြီးတော့ သုံးခေါက်ပဲ ရိုက်လိုက်ရတယ်။ တစ်ခေါက်က ကျွန်တော်တို့ ပြန်ရိုက်ရတယ်။ ဒုတိယတစ်ခေါက်က Camera man နည်းနည်းလေး လိုသွားတယ်။ တတိယတစ်ခေါက်မှာ လုံးဝ Complete ပဲအဲ့တော့ ညီလည်းညီတယ်လို့ ကြားရတာ ဝမ်းသာပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင်မြင့်မြတ်ကလည်း “ဒါ ကျွန်တော်တို့ တော်တော်ကုန်ထားတယ်ဗျ။ ကျွန်တော်တို့ရဲ့ ချွေးတွေ ပိုက်ဆံတွေ အကုန်ခံပြီးတော့ KTVမှာ လေ့ကျင့်ထားတာ။”လို့ အရွှန်းဖောက်ပြီး ပြောသွားခဲ့ပါသေးတယ်။

ဆက်လက်ပြီး ဂျင်းကောင် ဇာတ်ရုပ်ဖြစ်လာတာနဲ့ ပတ်သက်ပြီးတော့လည်း မြင့်မြတ်က “တကယ်တမ်းကျရင် ကိုချောစိန်နဲ့က သူငယ်ချင်းလည်း ဖြစ်တယ်။ ပိုပြီးတော့ စကားပြောတာတွေဘာတွေ ကြားဖူးတာကတော့ ဦးအရိုင်းကတော့ ပိုပြီးတော့ ကြားဖူးတာပေါ့။ ကျွန်တော်တို့ကတော့ အပြင်မှာ ဦးအရိုင်းတို့ပြောတာဆိုတာလေးကို တစ်ခွန်းစနှစ်ခွန်းစလောက်ပဲ ကြားဖူးသိဖူးပြီးတော့ လိုက်ပြောကြတာ အဲ့လိုပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top