ေအသင္ခ်ိဳေဆြက Ivy ေလးရဲ႕ ဖ်ားနာမႈကို မိခင္တစ္ေယာက္အေနနဲ႔ မွ်ေဝခံစားလိုက္ခ်င္တယ္လို႔ ရင္ဖြင့္ေျပာျပလာပါတယ္။ သူမဟာ သမီးေလး Ivy ကို Single Mother တစ္ေယာက္အျဖစ္ရပ္တည္ၿပီး ေစာင့္ေရွာက္ေနသူပါ။

ေအသင္ခ်ိဳေဆြက ေနမေကာင္းျဖစ္ေနတဲ့ သမီးေလး Ivy အတြက္ စိုးရိမ္ပူပန္လို႔ေနပါတယ္။ မိခင္တစ္ေယာက္ ျဖစ္တာေၾကာင့္ သမီးေလးရဲ႕ ေဝဒနာေတြကို သူပဲ ခံစားခ်င္တယ္လို႔ ရင္ဖြင့္ေျပာျပထားပါတယ္။

‘’ ကိုယ္ပူဘယ္ေလာက္ျပင္းလဲမျပင္းလဲဆို ပါးႏွစ္ဖက္စလုံး နီရဲေနတာပဲ။ သူ႔အစားကိုယ္ပဲျဖစ္လိုက္ခ်င္တယ္’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ေန႔လည္ ၁ နာရီ မိနစ္ ၅၀ က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ေနမေကာင္းျဖစ္ေနတဲ့ Ivy ေလးအတြက္ ပရိသတ္ေတြကလည္း အျမန္ေနေကာင္းေစခ်င္တဲ့အေၾကာင္း Comment ေတြမွာ ေရးသားထားတာ ေတြ႕ရပါတယ္။

ေအသင္ခ်ိဳေဆြက အခုခ်ိန္မွာ ခ်စ္ရတဲ့သမီးေလး Ivy နဲ႔အတူ Single Mother တစ္ေယာက္အေနနဲ႔ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနတာကို ေတြ႕ရပါတယ္။ Ivy ေလးက အခုဆိုရင္ အသက္ ႏွစ္ႏွစ္နီးပါးရွိေနပါၿပီ။ လည္လြန္းတတ္လြန္းတဲ့ ကေလးေလး ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက အခ်စ္ပိုလို႔ေနပါတယ္။

ေအသင္ခ်ိဳေဆြကို ‘’ေပါက္တဲ့အိုး’’ ဆိုတဲ့ တစ္ကိုယ္ေတာ္ အေခြ ကေနတဆင့္ ပရိသတ္ေတြ သိတင္သိရွိခဲ့တာပါ။ အဲဒီေနာက္ ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြလည္း ထြက္ရွိခဲ့ပါတယ္။ သူမဟာ ဂီတအလုပ္ေတြသာမက သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကားေတြလည္း ႐ိုက္ကူးခဲ့ဖူးပါေသးတယ္။

ေအသင္ခ်ိဳေဆြက ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ ထြက္ၿပီးသြားတဲ့ေနာက္မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ ခဏတာ ေဝးကြာသြားခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၈ ခုႏွစ္မွစၿပီး ဂီတေလာကထဲ ျပန္လည္ဝင္ေရာက္လာတဲ့ ေအသင္ခ်ိဳေဆြက ဇူလိုင္လ ၁၀ ရက္ေန႔မွာ “အသည္းကြဲသီခ်င္း ေတြမဆိုေတာ့ဘူး” ဆိုတဲ့ သီခ်င္းသစ္ေလးကို ပရိသတ္လက္ထဲ အေရာက္ေပးခဲ့ပါတယ္။ လက္ရွိမွာ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြ ပိုၿပီးလုပ္သြားဖို႔ ျပင္ဆင္ေနပါတယ္။ သီခ်င္းအသစ္ေတြ လုပ္ေနတာကို ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အေသင်ချိုဆွေက Ivy လေးရဲ့ ဖျားနာမှုကို မိခင်တစ်ယောက်အနေနဲ့ မျှဝေခံစားလိုက်ချင်တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ သူမဟာ သမီးလေး Ivy ကို Single Mother တစ်ယောက်အဖြစ်ရပ်တည်ပြီး စောင့်ရှောက်နေသူပါ။

အေသင်ချိုဆွေက နေမကောင်းဖြစ်နေတဲ့ သမီးလေး Ivy အတွက် စိုးရိမ်ပူပန်လို့နေပါတယ်။ မိခင်တစ်ယောက် ဖြစ်တာကြောင့် သမီးလေးရဲ့ ဝေဒနာတွေကို သူပဲ ခံစားချင်တယ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။

‘’ ကိုယ်ပူဘယ်လောက်ပြင်းလဲမပြင်းလဲဆို ပါးနှစ်ဖက်စလုံး နီရဲနေတာပဲ။ သူ့အစားကိုယ်ပဲဖြစ်လိုက်ချင်တယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၅၀ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် နေမကောင်းဖြစ်နေတဲ့ Ivy လေးအတွက် ပရိသတ်တွေကလည်း အမြန်နေကောင်းစေချင်တဲ့အကြောင်း Comment တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။

အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။

အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။

အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ “အသည်းကွဲသီချင်း တွေမဆိုတော့ဘူး” ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top