iMyanmarHouse.com - Best Property Website for Myanmar
×








video ကြည့်ရန်

https://www.youtube.com/watch?v=8imNt6s2i1A&feature=youtu.be

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး သက်မွန်မြင့်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သက်မွန်မြင့်ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့ အနယ်နယ်မှာ အများအပြားရှိနေတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကို ချစ်တဲ့ သက်မွန်မြင့်က သူမရဲ့ ပရိသတ်တွေကို နောက်ဆုံးပေါ် iPhone Xs လေးတစ်လုံး မဲဖောက်ပေးမယ့်အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ သက်မွန်ရဲ့ ပိုစ့်အောက်မှာ ပါဝင်ကံစမ်းကြသူပေါင်း ၂ သိန်း ၃ သောင်းကျော် ရှိတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ သက်မွန်မြင့်က မြန်မာငွေ (၁၆) သိန်းကျော် တန်ဖိုးရှိတဲ့ Iphone Xs ကံထူးရှင်ကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပဲ Live လွှင့်ပြီး ရွေးချယ်ပေးခဲ့ပါတယ်။ ကံစမ်းကြသူပေါင်း ၂ သိန်း ၃ သောင်းကျော်ထဲကမှ တစ်ဦးတည်းသော ကံထူးရှင်က ဘယ်သူဖြစ်မလဲ အတူတူ ရင်ခုန်စွာကြည့်ရအောင်နော်။

(၁၆) သိန်းကျော်တန် iPhone Xs ကံထူးရှင်လေးက ဘယ်သူများ ဖြစ်မလဲနော်

ပရိသတ်တွေလဲ ကံထူးရှင် အစားတော်တော်လေး ဝမ်းသာနေကြမယ် ထင်ပါတယ်။ ကံထူးရှင် မိန်းကလေးလဲ အခုချိန်ဆို တော်တော်လေး ပျော်နေမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top