ခရီးသည္ ၁၂၉ဦးတင္ေဆာင္လာတဲ့ အိႏၵိယေလေလေၾကာင္းလိုင္း IndiGo ေလယာဥ္တစ္စင္းကဘန္ေကာက္ကို ေျပးဆြဲေနတဲ့ခရီးစဥ္အတြင္းမွာ ရန္ကုန္ေလဆိပ္မွာ ႐ုတ္တရတ္အေရးေပၚဆင္းသက္ခဲ့ရတယ္လို႔ times of India သတင္းဌာနကေန သတင္းထုတ္ျပန္ပါတယ္။Indigo 6E 075 ေလယာဥ္ကေလယာဥ္ဆီဖိအား သတိေပးခ်က္ေၾကာင့္ အေရးေပၚဆင္းသက္ခဲ့ရတာျဖစ္ၿပီးေတာ့ အဆိုပါေလယာဥ္က  ဘဂၤလာ႐ု ေလဆိပ္ကိုဦးတည္ပ်ံသန္းဖို႔ ုစီစဥ္ထားတာျဖစ္ပါတယ္။

ဘန္ေကာက္က သုဝဏၰဘုမၼိေလဆိပ္မွာ ရပ္နားဖို႔ စီစဥ္ခဲ့ရာကေန ေလယာဥ္မႈးရဲ႕ ၫႊန္ၾကားခ်က္ေၾကာင့္ ရန္ကုန္ေလဆိပ္မွာ အေရးေပၚဆင္းသက္ခဲ့ရတာျဖစ္ပါတယ္။

အဆိုပါျဖစ္စဥ္အတြင္းေလယာဥ္ေပၚမွာ ေလယာဥ္ဝန္ထမ္းေျခာက္ဦးနဲ႔ ခရီးသည္ ၁၂၉ ဦကို တင္ေဆာင္လာတာျဖစ္ၿပီးေတာ့ အဆိုပါေလေၾကာင္းလိုင္းအေနနဲ႔ ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ခရီးသည္ေတြကို ေနထိုင္စရာေထာက္ပံ့ေပးမွာျဖစ္ၿပီးေတာ့ ခ်ိဳ႕ယြင္းခဲ့တဲ့အင္ဂ်င္ကို ျပန္လည္ျပင္ဆင္ၿပီးေတာ့ လိုအပ္သလိုဆုံးျဖတ္သြားမယ္လို႔ ေျပာပါတယ္။

ေလယာဥ္နဲ႔ ပါတ္သတ္ၿပီးေတာ့ ခရီးသည္ေတြက မေက်နပ္ခ်က္ေတြကို ေရးသားခဲ့ၾကၿပီးေတာ့ အျခားေလယာဥ္တစ္စီးကို အစားျပန္လည္ေျပးဆြဲေပးဖို႔ ျပင္ဆင္ေနတယ္လို႔လည္း ထုတ္ျပန္ထားပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ခရီးသည် ၁၂၉ဦးတင်ဆောင်လာတဲ့ အိန္ဒိယလေလေကြောင်းလိုင်း IndiGo လေယာဉ်တစ်စင်းကဘန်ကောက်ကို ပြေးဆွဲနေတဲ့ခရီးစဉ်အတွင်းမှာ ရန်ကုန်လေဆိပ်မှာ ရုတ်တရတ်အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ times of India သတင်းဌာနကနေ သတင်းထုတ်ပြန်ပါတယ်။Indigo 6E 075 လေယာဉ်ကလေယာဉ်ဆီဖိအား သတိပေးချက်ကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီးတော့ အဆိုပါလေယာဉ်က  ဘင်္ဂလာရု လေဆိပ်ကိုဦးတည်ပျံသန်းဖို့ ုစီစဉ်ထားတာဖြစ်ပါတယ်။

ဘန်ကောက်က သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ရပ်နားဖို့ စီစဉ်ခဲ့ရာကနေ လေယာဉ်မှုးရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်အတွင်းလေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်းခြောက်ဦးနဲ့ ခရီးသည် ၁၂၉ ဦကို တင်ဆောင်လာတာဖြစ်ပြီးတော့ အဆိုပါလေကြောင်းလိုင်းအနေနဲ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ခရီးသည်တွေကို နေထိုင်စရာထောက်ပံ့ပေးမှာဖြစ်ပြီးတော့ ချို့ယွင်းခဲ့တဲ့အင်ဂျင်ကို ပြန်လည်ပြင်ဆင်ပြီးတော့ လိုအပ်သလိုဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

လေယာဉ်နဲ့ ပါတ်သတ်ပြီးတော့ ခရီးသည်တွေက မကျေနပ်ချက်တွေကို ရေးသားခဲ့ကြပြီးတော့ အခြားလေယာဉ်တစ်စီးကို အစားပြန်လည်ပြေးဆွဲပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top