စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


တ႐ုတ္အစိုးရပိုင္ ေဆးဝါးကုမၸဏီတစ္ခုက ေသြးရည္ၾကည္ကုထုံးမွာ အသုံးျပဳရန္ထုတ္လုပ္ခဲ့တဲ့ ေသြးရည္ၾကည္ပုလင္း ၁၂,၀၀၀ ေက်ာ္မွာ HIV ပိုး ပါဝင္ေနမႈ ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

Shanghai Xinxing Pharmaceutical ကုမၸဏီက ထုတ္လုပ္ခဲ့တဲ့ အဆိုပါ ေသြးရည္ၾကည္ေတြကို ကုထုံးအတြက္ အသုံးမျပဳရန္ တ႐ုတ္ႏိုင္ငံရဲ႕ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ (National Health Comission - NHC) က ေဖေဖၚဝါရီ ၆ ရက္မွာ ၫႊန္ၾကားခ်က္ထုတ္ခဲ့ေၾကာင္း သိရပါတယ္။ ေသြးရည္ၾကည္ကုထုံးဟာ ေသြးရည္ၾကည္ကေန ထုတ္ယူထားတဲ့ immunooglobulin ပဋိပစၥည္းကို အဆစ္ေရာင္ေရာဂါ အပါအဝင္ ေရာဂါအမ်ိဳးအမ်ိဳးနဲ႔ ကင္ဆာေရာဂါ အမ်ားအျပားကို ကုသရာမွာ အသုံးျပဳျခင္းျဖစ္ပါတယ္။

Beijing News မွာ ေဖာ္ျပမႈအရ Batch Number 20180610Z မွ ေသြးရည္ၾကည္ ၁၂,၂၂၉ ပုလင္းမွာ HIV ပိုး ပါဝင္ေနေၾကာင္းနဲ႔ အဆိုပါ ေသြးရည္ၾကည္ေတြရဲ႕ သက္တမ္းကုန္ဆုံးရက္ဟာ ၂၀၂၁ ခုႏွစ္ ဇြန္လ ၈ ရက္ျဖစ္ေၾကာင္း သိရပါတယ္။


HIV ပိုး ပါဝင္ေနတဲ့ ေသြးရည္ၾကည္ျဖင့္ လူနာေတြကို ကုသေပးခဲ့မႈ မရွိေၾကာင္း Jiangxi ေဒသဆိုင္ရာ ေရာဂါထိန္းခ်ဳပ္ေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။ HIV ပိုး ပါဝင္ေနတဲ့ ေသြးရည္ၾကည္ျဖင့္ ကုသမႈခံယူခဲ့သူေတြဟာ HIV ကူးစက္ခံရႏိုင္ေျခ အလြန္နည္းတယ္လို႔ ေဆးဝါးကြၽမ္းက်င္သူေတြကို ကိုးကားၿပီး NHC က ေျပာခဲ့ပါတယ္။

မည္သို႔ပင္ျဖစ္ေစ ေသြးရည္ၾကည္ေတြမွာ HIV ပါဝင္ေနေၾကာင္း သိရွိရၿပီးေနာက္ ေစာင့္ၾကည့္အစီအစဥ္ကို စီစဥ္ထားတယ္လို႔လည္း NHC က ထုတ္ျပန္ပါတယ္။ Shanghai Xinxing Pharmaceutical ကုမၸဏီကိုလည္း ေသြးရည္ၾကည္ထုတ္လုပ္မႈ ရပ္ဆိုင္းထားရန္ နဲ႔ HIV ပိုး ပါဝင္ေနတဲ့ ေသြးရည္ၾကည္ပုလင္းေတြကို အေရးေပၚ ျပန္လည္သိမ္းဆည္းရန္ ၫြန္ၾကားခ်က္ထုတ္ခဲ့ပါတယ္။

HIV ပိုး ပါဝင္ေနတဲ့ ေသြးရည္ၾကည္ေတြကို သိမ္းဆည္းထားသင့္တယ္လို႔ NHC က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဆက္စပ္ေနတဲ့ ထုတ္လုပ္မႈနဲ႔ စစ္ေဆးမႈမွတ္တမ္းေတြကိုလည္း ျပင္ဆင္ေျပာင္းလဲမႈမရွိေစရန္ ထိန္းသိမ္းထားရမယ္လို႔ NHC က ၫႊန္ၾကားခဲ့ပါတယ္။ ေသြးရည္ၾကည္ထုတ္လုပ္တဲ့ ေဆးဝါးစက္႐ုံသို႔ ေဆးဘက္ဆိုင္ရာထုတ္ကုန္ပစၥည္းမ်ား ႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕မွ ေစလႊတ္တဲ့ ကြၽမ္းက်င္သူေတြက စစ္ေဆးမႈျပဳလုပ္ရန္အတြက္ လုပ္ငန္းမ်ားကို ဆိုင္းငံ့ထားရမယ္လို႔ CNA သတင္းမွာ ေဖာ္ျပထားပါတယ္။


တ႐ုတ္ႏိုင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈက႑ဟာ လတ္တေလာ လပိုင္းအတြင္း နာမည္ဆိုးထြက္ေနခဲ့တာလည္း ျဖစ္ပါတယ္။ ေဖေဖၚဝါရီ ၂ ရက္ေန႔ကလည္း ယမန္ႏွစ္အတြင္း ေပၚေပါက္ခဲ့တဲ့ ကာကြယ္ေဆးကိစၥနဲ႔ပတ္သက္ၿပီး အဂတိလိုက္စားမႈျဖင့္ အစိုးတာဝန္ရွိသူ ၈၀ ေက်ာ္ကို အေရးယူခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ေခြး႐ူးျပန္ကာကြယ္ေဆး အဓိက ထုတ္လုပ္ေနတဲ့ Changchun Changsheng Biotechnology ကုမၸဏီဟာ ထုတ္လုပ္မႈဆိုင္ရာ မွတ္တမ္းမ်ား လုပ္ႀကံဖန္တီးခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရၿပီးေနာက္ ယမန္ႏွစ္ ေအာက္တိုဘာလအတြင္း အေမရိကန္ေဒၚလာ ၁.၃ ဘီလီယံ ဒဏ္ေငြခ်မွတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့လအတြင္းကလည္း တ႐ုတ္အေရွ႕ပိုင္း Jiangsu ျပည္နယ္မွာ ကေလးငယ္ ၁၄၅ ဦးထက္မနည္းကို သက္တမ္းကုန္ဆုံးေနတဲ့ ပိုလီယိုကာကြယ္ေဆးမ်ား ထိုးႏွံေပးခဲ့မႈေၾကာင့္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနေၾကာင္း The Global Times သတင္းက ေဖာ္ျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

တရုတ်အစိုးရပိုင် ဆေးဝါးကုမ္ပဏီတစ်ခုက သွေးရည်ကြည်ကုထုံးမှာ အသုံးပြုရန်ထုတ်လုပ်ခဲ့တဲ့ သွေးရည်ကြည်ပုလင်း ၁၂,၀၀၀ ကျော်မှာ HIV ပိုး ပါဝင်နေမှု တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Shanghai Xinxing Pharmaceutical ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ အဆိုပါ သွေးရည်ကြည်တွေကို ကုထုံးအတွက် အသုံးမပြုရန် တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးကော်မရှင် (National Health Comission - NHC) က ဖေဖေါ်ဝါရီ ၆ ရက်မှာ ညွှန်ကြားချက်ထုတ်ခဲ့ကြောင်း သိရပါတယ်။ သွေးရည်ကြည်ကုထုံးဟာ သွေးရည်ကြည်ကနေ ထုတ်ယူထားတဲ့ immunooglobulin ပဋိပစ္စည်းကို အဆစ်ရောင်ရောဂါ အပါအဝင် ရောဂါအမျိုးအမျိုးနဲ့ ကင်ဆာရောဂါ အများအပြားကို ကုသရာမှာ အသုံးပြုခြင်းဖြစ်ပါတယ်။

Beijing News မှာ ဖော်ပြမှုအရ Batch Number 20180610Z မှ သွေးရည်ကြည် ၁၂,၂၂၉ ပုလင်းမှာ HIV ပိုး ပါဝင်နေကြောင်းနဲ့ အဆိုပါ သွေးရည်ကြည်တွေရဲ့ သက်တမ်းကုန်ဆုံးရက်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်ဖြစ်ကြောင်း သိရပါတယ်။

HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်ဖြင့် လူနာတွေကို ကုသပေးခဲ့မှု မရှိကြောင်း Jiangxi ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်ဖြင့် ကုသမှုခံယူခဲ့သူတွေဟာ HIV ကူးစက်ခံရနိုင်ခြေ အလွန်နည်းတယ်လို့ ဆေးဝါးကျွမ်းကျင်သူတွေကို ကိုးကားပြီး NHC က ပြောခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ သွေးရည်ကြည်တွေမှာ HIV ပါဝင်နေကြောင်း သိရှိရပြီးနောက် စောင့်ကြည့်အစီအစဉ်ကို စီစဉ်ထားတယ်လို့လည်း NHC က ထုတ်ပြန်ပါတယ်။ Shanghai Xinxing Pharmaceutical ကုမ္ပဏီကိုလည်း သွေးရည်ကြည်ထုတ်လုပ်မှု ရပ်ဆိုင်းထားရန် နဲ့ HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်ပုလင်းတွေကို အရေးပေါ် ပြန်လည်သိမ်းဆည်းရန် ညွန်ကြားချက်ထုတ်ခဲ့ပါတယ်။

HIV ပိုး ပါဝင်နေတဲ့ သွေးရည်ကြည်တွေကို သိမ်းဆည်းထားသင့်တယ်လို့ NHC က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆက်စပ်နေတဲ့ ထုတ်လုပ်မှုနဲ့ စစ်ဆေးမှုမှတ်တမ်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲမှုမရှိစေရန် ထိန်းသိမ်းထားရမယ်လို့ NHC က ညွှန်ကြားခဲ့ပါတယ်။ သွေးရည်ကြည်ထုတ်လုပ်တဲ့ ဆေးဝါးစက်ရုံသို့ ဆေးဘက်ဆိုင်ရာထုတ်ကုန်ပစ္စည်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ စေလွှတ်တဲ့ ကျွမ်းကျင်သူတွေက စစ်ဆေးမှုပြုလုပ်ရန်အတွက် လုပ်ငန်းများကို ဆိုင်းငံ့ထားရမယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ လတ်တလော လပိုင်းအတွင်း နာမည်ဆိုးထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက်နေ့ကလည်း ယမန်နှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ ကာကွယ်ဆေးကိစ္စနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုဖြင့် အစိုးတာဝန်ရှိသူ ၈၀ ကျော်ကို အရေးယူခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ခွေးရူးပြန်ကာကွယ်ဆေး အဓိက ထုတ်လုပ်နေတဲ့ Changchun Changsheng Biotechnology ကုမ္ပဏီဟာ ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများ လုပ်ကြံဖန်တီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ယမန်နှစ် အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း တရုတ်အရှေ့ပိုင်း Jiangsu ပြည်နယ်မှာ ကလေးငယ် ၁၄၅ ဦးထက်မနည်းကို သက်တမ်းကုန်ဆုံးနေတဲ့ ပိုလီယိုကာကွယ်ဆေးများ ထိုးနှံပေးခဲ့မှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း The Global Times သတင်းက ဖော်ပြခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top