Justin Bieber ဟာ ဘဝတစ္ေလွ်ာက္လံုးမွာ သူယံုယံုၾကည္ၾကည္နဲ႔ခ်စ္ခဲ့တဲ့ မိန္းကေလးက တစ္ေယာက္ပဲရွိိခဲ့ျပီးအဲဒီတစ္ေယာက္တည္းကပဲသူ႔ကုိဒဏ္ရာေတြတနင့္တပိုးေပးသြားခဲ့တယ္လို႔ အင္တာဗ်ဴးေတြမွာေျဖဖူးပါတယ္။ Access Hollywood နဲ႔ Interview တစ္ခုမွာ Justin က Selena က သူအမွန္တကယ္ခ်စ္ခဲ့မိတဲ့ ပထမဆံုးမိန္းကေလးျဖစ္ျပီး သူ႔ရဲ႕အခ်စ္ဦးပါလို႔ေျဖခဲ့ပါတယ္။ ဒါနဲ႔ေတာင္ဘာလို႔လမ္းခြဲခဲ့လဲလို႔ Interviewer က ေမးခဲ့တဲ့အခါမွာေတာ့ Justin က “ကြ်န္ေတာ္တို႔နွစ္ေယာက္စလံုးက ငယ္ေသးတယ္ေလ။ ေနာက္ျပီးေတာ့ ကုိယ္ခ်စ္တဲ့လူတစ္ေယာက္အေပၚကုိမလုပ္သင့္တဲ့လုပ္ရပ္ေတြမေျပာသင့္တဲ့စကားေတြအျပန္အလွန္ေျပာမိလုပ္မိခဲ့ၾကတယ္။ နွစ္ေယာက္စလံုးစည္းေက်ာ္ေဘာင္ေက်ာ္တဲ့စကားေတြေျပာမိခဲ့ၾကတယ္”လို႔ ဝမ္းနည္းစြာေျဖၾကားခဲ့ပါတယ္။

Justin က သူ ဆယ္နွစ္ေက်ာ္ၾကာခ်စ္ခဲ့တဲ့ Selena နဲ႔ ေနာက္ဆံုးအၾကိမ္ျပတ္စဲျပီး ဆယ္နွစ္လံုးလံုးသူ႔အနားမွာနွစ္သိမ့္ဖို႔အျမဲရွိေနေပးခဲ့တဲ့ Hailey နဲ႔ 2018 June မွာျပန္ေတြ႕တဲ့အခါ Hailey က သူ႔အေပၚဘယ္ေလာက္ေကာင္းခဲ့ဖူးတယ္၊ဘယ္ေလာက္ေတာင္ ေအးခ်မ္းေစခဲ့တယ္ဆိုတာေတြကုိျပန္သတိရသြားခဲ့တယ္လုိ႔ဆိုပါတယ္။ Hailey ရဲ႕ Justin အေပၚနွစ္သိမ့္နုိင္စြမ္းေတြြခြင့္လႊတ္နုိင္စြမ္းေတြကပဲ Justin သူ႔ကုိလက္ထပ္ခြင့္ေတာင္းခဲ့ျခင္းရဲ႕ တစ္စိတ္တစ္ပုိင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ဘဝမွာအနိမ့္အျမင့္အတက္အက်ေတြမ်ားစြာျဖတ္သန္းခဲ့ရျပီး ေဝဖန္တုိက္ခိုက္မႈေတြပုတ္ခတ္မႈေတြမ်ားစြာခံခဲ့ရတဲ့ Justin အတြက္ေတာ့ တစ္စံုတစ္ေယာက္ကုိသူ႔ဘဝအတြက္မ်က္စိမွိတ္ျပီးယံုၾကည္ဖို႔ဆိုတာသိပ္ကုိခက္ခဲသြားပါျပီ။ Hailey ကုိေတာင္မွေပါ့။ အဲဒီအေၾကာင္းကို Justin က Hailey ေရွ႕မွာပဲ Vogue နဲ႔ Interview မွာေျဖခဲ့ပါတယ္။


Justin က ဘဝတစ္ေလွ်ာက္လံုး သူ႔ထက္အသက္နွစ္နွစ္္ၾကီးတဲ့ Selena ကုိပဲခ်စ္လာခဲ့ျပီး သူဘယ္ေလာက္ဆိုးပါေစ Selena ရဲ႕ ဆံုးမမႈေတြေအာက္မွာ Selena ရဲ႕အရိပ္ေအာက္မွာယံုၾကည္စိတ္ခ်စြာရွိေနခဲ့တာပါ။ Selena က သူ႔ရဲ႕ ေဖာက္လြဲေဖာက္ျပန္မႈေတြအလိမ္အညာေတြကုိသည္းမခံနုိင္ေတာ့ပဲထားသြားတဲ့အခ်ိန္ေတြအထိေပါ့။ ဒါေၾကာင့္ Selena မဟုတ္တဲ့မိန္းကေလးတစ္ေယာက္ကုိ ယံုၾကည္ေပးဖို႔ခက္ခဲသြားခဲ့တာျဖစ္မယ္လုိ႔လည္း ပရိသတ္ေတြကခန္႔မွန္းထားၾကပါတယ္။ Justin က Vogue နဲ႔ Interview မွာ “ကြ်န္ေတာ္လူေတြကုိယံုၾကည္ဖို႔ခက္ခဲလာခဲ့တယ္။ လူေတြက ကြ်န္ေတာ့္အေပၚမစစ္မွန္ၾကဘူးဆိုတဲ့ စိတ္ဝင္လာတယ္။

 သတင္းေရးတဲ့သူေတြဆိုရင္လည္း ကြ်န္ေတာ့္ဆီကတစ္စံုတစ္ခုကုိနိႈက္ထုတ္ဖို႔ ျပီးရင္ အဲဒါနဲ႔ ကြ်န္ေတာ့္ကုိတိုက္ခိုက္ဖို႔ ဆြဲခ်ဖုိ႔ပဲလုပ္ေနၾကတာ။ ကြ်န္ေတာ္ကုိယ့္ကုိယ္ကုိယ္လည္းမယံုၾကည္နုိင္ေတာ့ဘူး။ ကြ်န္ေတာ္ အခ်စ္ေရးနဲ႔ပတ္သက္ရင္ ဆိုးရြားတဲ့အမွားအယြင္းေတြလုပ္ခဲ့ဖူးတယ္။ အဲဒါေတြေၾကာင့္လည္း Hailey ကုိယံုၾကည္ဖို႔ခက္ေနခဲ့တယ္။ ေလာေလာဆယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ညွိနိႈ္င္းၾကိဳးစားေနၾကတုန္းပါပဲ။အဆင္ေျပပါတယ္”လို႔ Hailey ရဲ႕ ေရွ႕မွာပဲ ေျဖခဲ့တာပါ။


ပရိသတ္ေတြကေတာ့ သူ႔လို Selena နဲ႔ ရန္ျဖစ္တုိင္း Hailey ဆီလာျပီး ေနာက္ဆံုးမွာ Selena အနားပဲျပန္ေရာက္သြားတတ္တဲ့ Hailey ကုိ အၾကိမ္ေပါင္းမ်ားစြာဒဏ္ရာေတြေပးခဲ့တဲ့လူကမ်ား ဒီလိုေျပာရေသးတယ္ဆိုျပီး အခ်ိဳ႕က ေဒါသထြက္ေနၾကပါတယ္။ Hailey ကေတာ့ “ကြ်န္မက Justin ကုိ အရမ္းခ်စ္တယ္။ နွစ္ေပါင္းမ်ားစြာၾကာေအာင္အျမဲတမ္းခ်စ္ေနခဲ့တာပဲ။ ဒါေၾကာင့္ သူ႔ကုိလက္ထပ္ဖို႔ဆံုးျဖတ္ခဲ့တယ္။ သူနဲ႔လက္ထပ္ျပီး ရက္သတၱပတ္အနည္းငယ္ေလာက္ အရမ္းကုိအထီးက်န္ခံစားရတယ္။ ကြ်န္မတို႔ကုိတစ္ကမၻာလံုးက သေဘာမတူဘူးဆိုတာ ကြ်န္မသိတယ္” လို႔ယံုၾကည္စိတ္အျပည့္နဲ႔ ေျဖထားခဲ့ပါတယ္။

တစ္ကမၻာလံုးပရိသတ္ေတြကေတာ့ Justin တစ္ေယာက္ ကုိယ္ယံုၾကည္ဖို႔ခက္ခဲခဲ့တဲ့ မိန္းကေလးတစ္ေယာက္နဲ႔အိမ္ေထာင္ေရးအဓြန္႔ရွည္တည္တံ့နုိင္ပါ့မလားလို႔ေဝဖန္ေနၾကပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Justin နဲ႔ Hailey နဲ႔ သာယာေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးေလးတည္ေဆာက္နုိင္မယ္ထင္ၾကလား။အခုအခ်ိန္အထိ Selena ကုိသံေယာဇဥ္မကုန္ေသးပံုျပေနတဲ့ Justin ကုိေရာ Hailey က တစ္သက္လံုးသည္းခံနားလည္ေပးသြားမွာလား။ ခံစားခ်က္ေတြေျပာခဲ့ၾကပါဦး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

#Unicode Version#

Justin Bieber ဟာ ဘဝတစ်လျှောက်လုံးမှာ သူယုံယုံကြည်ကြည်နဲ့ချစ်ခဲ့တဲ့ မိန်းကလေးက တစ်ယောက်ပဲရှိခဲ့ပြီးအဲဒီတစ်ယောက်တည်းကပဲသူ့ကိုဒဏ်ရာတွေတနင့်တပိုးပေးသွားခဲ့တယ်လို့ အင်တာဗျူးတွေမှာဖြေဖူးပါတယ်။ Access Hollywood နဲ့ Interview တစ်ခုမှာ Justin က Selena က သူအမှန်တကယ်ချစ်ခဲ့မိတဲ့ ပထမဆုံးမိန်းကလေးဖြစ်ပြီး သူ့ရဲ့အချစ်ဦးပါလို့ဖြေခဲ့ပါတယ်။ ဒါနဲ့တောင်ဘာလို့လမ်းခွဲခဲ့လဲလို့ Interviewer က မေးခဲ့တဲ့အခါမှာတော့ Justin က “ကျွန်တော်တို့နှစ်ယောက်စလုံးက ငယ်သေးတယ်လေ။ နောက်ပြီးတော့ ကိုယ်ချစ်တဲ့လူတစ်ယောက်အပေါ်ကိုမလုပ်သင့်တဲ့လုပ်ရပ်တွေမပြောသင့်တဲ့စကားတွေအပြန်အလှန်ပြောမိလုပ်မိခဲ့ကြတယ်။ နှစ်ယောက်စလုံးစည်းကျော်ဘောင်ကျော်တဲ့စကားတွေပြောမိခဲ့ကြတယ်”လို့ ဝမ်းနည်းစွာဖြေကြားခဲ့ပါတယ်။


Justin က သူ ဆယ်နှစ်ကျော်ကြာချစ်ခဲ့တဲ့ Selena နဲ့ နောက်ဆုံးအကြိမ်ပြတ်စဲပြီး ဆယ်နှစ်လုံးလုံးသူ့အနားမှာနှစ်သိမ့်ဖို့အမြဲရှိနေပေးခဲ့တဲ့ Hailey နဲ့ 2018 June မှာပြန်တွေ့တဲ့အခါ Hailey က သူ့အပေါ်ဘယ်လောက်ကောင်းခဲ့ဖူးတယ်၊ဘယ်လောက်တောင် အေးချမ်းစေခဲ့တယ်ဆိုတာတွေကိုပြန်သတိရသွားခဲ့တယ်လို့ဆိုပါတယ်။ Hailey ရဲ့ Justin အပေါ်နှစ်သိမ့်နိုင်စွမ်းတွေခွင့်လွှတ်နိုင်စွမ်းတွေကပဲ Justin သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘဝမှာအနိမ့်အမြင့်အတက်အကျတွေများစွာဖြတ်သန်းခဲ့ရပြီး ဝေဖန်တိုက်ခိုက်မှုတွေပုတ်ခတ်မှုတွေများစွာခံခဲ့ရတဲ့ Justin အတွက်တော့ တစ်စုံတစ်ယောက်ကိုသူ့ဘဝအတွက်မျက်စိမှိတ်ပြီးယုံကြည်ဖို့ဆိုတာသိပ်ကိုခက်ခဲသွားပါပြီ။ Hailey ကိုတောင်မှပေါ့။ အဲဒီအကြောင်းကို Justin က Hailey ရှေ့မှာပဲ Vogue နဲ့ Interview မှာဖြေခဲ့ပါတယ်။





Justin က ဘဝတစ်လျှောက်လုံး သူ့ထက်အသက်နှစ်နှစ်ကြီးတဲ့ Selena ကိုပဲချစ်လာခဲ့ပြီး သူဘယ်လောက်ဆိုးပါစေ Selena ရဲ့ ဆုံးမမှုတွေအောက်မှာ Selena ရဲ့အရိပ်အောက်မှာယုံကြည်စိတ်ချစွာရှိနေခဲ့တာပါ။ Selena က သူ့ရဲ့ ဖောက်လွဲဖောက်ပြန်မှုတွေအလိမ်အညာတွေကိုသည်းမခံနိုင်တော့ပဲထားသွားတဲ့အချိန်တွေအထိပေါ့။ ဒါကြောင့် Selena မဟုတ်တဲ့မိန်းကလေးတစ်ယောက်ကို ယုံကြည်ပေးဖို့ခက်ခဲသွားခဲ့တာဖြစ်မယ်လို့လည်း ပရိသတ်တွေကခန့်မှန်းထားကြပါတယ်။ Justin က Vogue နဲ့ Interview မှာ “ကျွန်တော်လူတွေကိုယုံကြည်ဖို့ခက်ခဲလာခဲ့တယ်။ လူတွေက ကျွန်တော့်အပေါ်မစစ်မှန်ကြဘူးဆိုတဲ့ စိတ်ဝင်လာတယ်။

 သတင်းရေးတဲ့သူတွေဆိုရင်လည်း ကျွန်တော့်ဆီကတစ်စုံတစ်ခုကိုနှိုက်ထုတ်ဖို့ ပြီးရင် အဲဒါနဲ့ ကျွန်တော့်ကိုတိုက်ခိုက်ဖို့ ဆွဲချဖို့ပဲလုပ်နေကြတာ။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်လည်းမယုံကြည်နိုင်တော့ဘူး။ ကျွန်တော် အချစ်ရေးနဲ့ပတ်သက်ရင် ဆိုးရွားတဲ့အမှားအယွင်းတွေလုပ်ခဲ့ဖူးတယ်။ အဲဒါတွေကြောင့်လည်း Hailey ကိုယုံကြည်ဖို့ခက်နေခဲ့တယ်။ လောလောဆယ်တော့ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းကြိုးစားနေကြတုန်းပါပဲ။အဆင်ပြေပါတယ်”လို့ Hailey ရဲ့ ရှေ့မှာပဲ ဖြေခဲ့တာပါ။


ပရိသတ်တွေကတော့ သူ့လို Selena နဲ့ ရန်ဖြစ်တိုင်း Hailey ဆီလာပြီး နောက်ဆုံးမှာ Selena အနားပဲပြန်ရောက်သွားတတ်တဲ့ Hailey ကို အကြိမ်ပေါင်းများစွာဒဏ်ရာတွေပေးခဲ့တဲ့လူကများ ဒီလိုပြောရသေးတယ်ဆိုပြီး အချို့က ဒေါသထွက်နေကြပါတယ်။ Hailey ကတော့ “ကျွန်မက Justin ကို အရမ်းချစ်တယ်။ နှစ်ပေါင်းများစွာကြာအောင်အမြဲတမ်းချစ်နေခဲ့တာပဲ။ ဒါကြောင့် သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့လက်ထပ်ပြီး ရက်သတ္တပတ်အနည်းငယ်လောက် အရမ်းကိုအထီးကျန်ခံစားရတယ်။ ကျွန်မတို့ကိုတစ်ကမ္ဘာလုံးက သဘောမတူဘူးဆိုတာ ကျွန်မသိတယ်” လို့ယုံကြည်စိတ်အပြည့်နဲ့ ဖြေထားခဲ့ပါတယ်။

တစ်ကမ္ဘာလုံးပရိသတ်တွေကတော့ Justin တစ်ယောက် ကိုယ်ယုံကြည်ဖို့ခက်ခဲခဲ့တဲ့ မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ရေးအဓွန့်ရှည်တည်တံ့နိုင်ပါ့မလားလို့ဝေဖန်နေကြပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော Justin နဲ့ Hailey နဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးတည်ဆောက်နိုင်မယ်ထင်ကြလား။အခုအချိန်အထိ Selena ကိုသံယောဇဉ်မကုန်သေးပုံပြနေတဲ့ Justin ကိုရော Hailey က တစ်သက်လုံးသည်းခံနားလည်ပေးသွားမှာလား။ ခံစားချက်တွေပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)

Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top