အေမရိကန္ႏုိင္ငံ Memphis ျမိဳ႕မွာေနထုိင္တဲ့ Jackson Oswalt ဆိုတဲ့ အသက္ ၁၂ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ Nuclear Fusion Reactor ကုိသူ႕ရဲ႕ စမ္းသပ္ခန္းထဲမွာေအာင္ျမင္စြာတည္ထြင္ႏုိင္ခဲ့ပါတယ္ ။ ဒီစက္ကုိေတာ့ ေလစုပ္စက္ ၊ ပန္႕ ၊ ျပြန္ေတြနဲ႕တည္ေဆာက္ထားတာျဖစ္ျပီး ဒါေတြအားလံုးကုိ သူ႕မိဘေတြက ေဒၚလာ ၁ ေသာင္းအကုန္အက်ခံျပီး ဝယ္ေပးခဲ့တာပဲျဖစ္ပါတယ္ ။

သူ႕တီထြင္ထားတဲ့စက္ဟာ အက္တမ္ႏွစ္ခုကုိေပါင္းစည္းျပီး အက္တမ္ရဲ႕အတြင္းပိုင္းက စြမ္းအင္ကုိထုတ္ႏုိင္ေလာက္တဲ့အထိ တတ္ႏုိင္စြမ္းရွိပါတယ္ ။ ဒီစက္ကုိတီထြင္ဖုိ႕အတြက္ လိုအပ္တဲ့အခ်က္အလက္အားလံုးကို အြန္လုိင္းေပၚကပဲ ေလ့လာခဲ့တာျဖစ္ျပီး ၂၀၁၈ ခုႏွစ္ ဂ်န္နရဝါရီလ ၁၉ ရက္ေန႕ အသက္ ၁၃ ႏွစ္မျပည့္ခင္ နာရီပုိင္းအလုိမွာတီထြင္ျပီးစီးခဲ့တာပဲျဖစ္ပါတယ္ ။ယခင္ Nuclear Fusion Reactor အငယ္ဆံုးတီထြင္ဖန္တီးရွင္ဆုကုိ ပိုင္ဆုိင္ထားတဲ့သူကေတာ့ Taylor Winson ျဖစ္ျပီး အသက္ ၁၄ ႏွစ္အရြယ္မွာတီထြင္ခဲ့တာပဲျဖစ္ပါတယ္ ။

“သူမ်ားေတြ Nuclear Fusion Reactor နဲ႕ ဘာလုပ္ၾကလဲဆိုတာကုိ ကြ်န္ေတာ္အရင္ဆံုးေလ့လာခဲ့တာပါ ။အဲ့ဒီေနာက္ေတာ့ ဘယ္လုိဆင္ရမလဲဆိုတာ ကြ်န္ေတာ္ သင္ယူခဲ့တယ္ ။ လုအပ္တဲ့ ပစၥည္းေတြကုိေတာ့ eBay ေပၚကမွာယူခဲ့ျပီး eBay ေပၚမွာမရႏုိင္တဲ့ပစၥည္းေတြကုိေတာ့ ကြ်န္ေတာ္ကုိယ္တိုင္ဖန္တီးခဲ့ပါတယ္” လုိ႕ သူကေျပာပါတယ္ ။သူ႕ရဲ႕စက္ဟာ Deuterium Gas ( ဟိုက္ဒရုိဂ်င္အိုင္ဆုိတုပ္) ကို ေလဟာနယ္ထဲမွာ ဗို႕အား ၅ ေသာင္းေပးျပီးေတာ့ ေပါင္းစည္းေပးႏုိင္ပါတယ္ ။

ဒီနည္းလမ္းဟာ ေနလံုးၾကီးရဲ႕ စြမ္းအင္ထြက္ေပၚတဲ့ နည္းလမ္းနဲ႕အတူတူပါပဲ ။ သူရဲ႕နည္းလမ္းဟာ ထြက္ရွိတဲ့စြမ္းအင္ထက္ ထည့္သြင္းရတဲ့စြမ္းအင္က ပိုမ်ားေနေသးေၾကာင္းလည္း Jackson ကေျပာျပထားပါတယ္ ။ ဓါတ္ေပါင္းဖုိအတြက္ စြမ္းအင္ကို လ်ပ္စစ္စြမ္းအင္ကေနရယူေနရေသးတာေၾကာင့္ ကြ်န္ေတာ္ ဘီလ်ံနာမျဖစ္ႏုိင္ေသးတာလုိ႕လည္း Jackson ကေျပာပါေသးတယ္။

Open Source Fusor Research Consortium ဆိုတဲ့အြန္လိုင္းဖုိရမ္တစ္ခုဟာ လူငယ္သိပၸံပညာရွင္ေတြ စုေဝးရာေနရာတစ္ခုျဖစ္ပါတယ္ ။ Jackson ဟာ သူ႕ရဲ႕ ဓါတ္ေပါင္းဖုိအတြက္ အုိင္ဒီယာကို ဒီဖုိရမ္မွ ရခဲ့တာပဲျဖစ္ပါတယ္ ။ Jackson ရဲ႕အေဖ Chris ကလည္း သူ႕သားလုပ္ခ်င္တဲ့ကိစၥကို လုပ္ဖုိ႕ခြင့္ျပဳခဲ့ေပမယ့္ သူအႏၱရာယ္မျဖစ္ေအာင္ေတာ့ အျမဲတေစေစာင့္ၾကည့္ေနခဲ့ေၾကာင္း အင္တာဗ်ဴးမွာေျဖၾကားခဲ့ပါတယ္ ။

Jackson ရဲ႕အေဖဟာ သူ႕သားကုိ ေရဒီယိုသတၱိၾကြမႈ နဲ႕ ဗို႕အားျမင့္လ်ပ္စစ္ေတြကို ဘယ္လိုကုိင္တြယ္ရမလဲဆုိတာကုိလည္း သင္ၾကားေပးခဲ့ပါေသးတယ္ ။ဒီေတာ့ ၁၂ ႏွစ္သားအရြယ္ေလးကေတာ့ အက္တမ္ဓါတ္ေပါင္းဖုိတစ္ခုကိုထြင္ျပသြားခဲျပီ ။ ဒီစာကုိဖတ္ေနတဲ့လူငယ္ေလးေတြေရာ ဘာေတြတီထြင္ဖုိ႕စိတ္ဝင္စားၾကလဲ ။သင့္အေတြးထဲမွာ ရွိေနတဲ့ အိုင္ဒီယာေလးေတြကို ရွဲခဲ့ပါဦး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။

အမေရိကန်နိုင်ငံ Memphis မြို့မှာနေထိုင်တဲ့ Jackson Oswalt ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ Nuclear Fusion Reactor ကိုသူ့ရဲ့ စမ်းသပ်ခန်းထဲမှာအောင်မြင်စွာတည်ထွင်နိုင်ခဲ့ပါတယ် ။ ဒီစက်ကိုတော့ လေစုပ်စက် ၊ ပန့် ၊ ပြွန်တွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ဒါတွေအားလုံးကို သူ့မိဘတွေက ဒေါ်လာ ၁ သောင်းအကုန်အကျခံပြီး ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ် ။

သူ့တီထွင်ထားတဲ့စက်ဟာ အက်တမ်နှစ်ခုကိုပေါင်းစည်းပြီး အက်တမ်ရဲ့အတွင်းပိုင်းက စွမ်းအင်ကိုထုတ်နိုင်လောက်တဲ့အထိ တတ်နိုင်စွမ်းရှိပါတယ် ။ ဒီစက်ကိုတီထွင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်အားလုံးကို အွန်လိုင်းပေါ်ကပဲ လေ့လာခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဂျန်နရဝါရီလ ၁၉ ရက်နေ့ အသက် ၁၃ နှစ်မပြည့်ခင် နာရီပိုင်းအလိုမှာတီထွင်ပြီးစီးခဲ့တာပဲဖြစ်ပါတယ် ။ယခင် Nuclear Fusion Reactor အငယ်ဆုံးတီထွင်ဖန်တီးရှင်ဆုကို ပိုင်ဆိုင်ထားတဲ့သူကတော့ Taylor Winson ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်မှာတီထွင်ခဲ့တာပဲဖြစ်ပါတယ် ။

“သူများတွေ Nuclear Fusion Reactor နဲ့ ဘာလုပ်ကြလဲဆိုတာကို ကျွန်တော်အရင်ဆုံးလေ့လာခဲ့တာပါ ။အဲ့ဒီနောက်တော့ ဘယ်လိုဆင်ရမလဲဆိုတာ ကျွန်တော် သင်ယူခဲ့တယ် ။ လုအပ်တဲ့ ပစ္စည်းတွေကိုတော့ eBay ပေါ်ကမှာယူခဲ့ပြီး eBay ပေါ်မှာမရနိုင်တဲ့ပစ္စည်းတွေကိုတော့ ကျွန်တော်ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်” လို့ သူကပြောပါတယ် ။သူ့ရဲ့စက်ဟာ Deuterium Gas ( ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်) ကို လေဟာနယ်ထဲမှာ ဗို့အား ၅ သောင်းပေးပြီးတော့ ပေါင်းစည်းပေးနိုင်ပါတယ် ။

ဒီနည်းလမ်းဟာ နေလုံးကြီးရဲ့ စွမ်းအင်ထွက်ပေါ်တဲ့ နည်းလမ်းနဲ့အတူတူပါပဲ ။ သူရဲ့နည်းလမ်းဟာ ထွက်ရှိတဲ့စွမ်းအင်ထက် ထည့်သွင်းရတဲ့စွမ်းအင်က ပိုများနေသေးကြောင်းလည်း Jackson ကပြောပြထားပါတယ် ။ ဓါတ်ပေါင်းဖိုအတွက် စွမ်းအင်ကို လျပ်စစ်စွမ်းအင်ကနေရယူနေရသေးတာကြောင့် ကျွန်တော် ဘီလျံနာမဖြစ်နိုင်သေးတာလို့လည်း Jackson ကပြောပါသေးတယ်။

Open Source Fusor Research Consortium ဆိုတဲ့အွန်လိုင်းဖိုရမ်တစ်ခုဟာ လူငယ်သိပ္ပံပညာရှင်တွေ စုဝေးရာနေရာတစ်ခုဖြစ်ပါတယ် ။ Jackson ဟာ သူ့ရဲ့ ဓါတ်ပေါင်းဖိုအတွက် အိုင်ဒီယာကို ဒီဖိုရမ်မှ ရခဲ့တာပဲဖြစ်ပါတယ် ။ Jackson ရဲ့အဖေ Chris ကလည်း သူ့သားလုပ်ချင်တဲ့ကိစ္စကို လုပ်ဖို့ခွင့်ပြုခဲ့ပေမယ့် သူအန္တရာယ်မဖြစ်အောင်တော့ အမြဲတစေစောင့်ကြည့်နေခဲ့ကြောင်း အင်တာဗျူးမှာဖြေကြားခဲ့ပါတယ် ။

Jackson ရဲ့အဖေဟာ သူ့သားကို ရေဒီယိုသတ္တိကြွမှု နဲ့ ဗို့အားမြင့်လျပ်စစ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလည်း သင်ကြားပေးခဲ့ပါသေးတယ် ။ဒီတော့ ၁၂ နှစ်သားအရွယ်လေးကတော့ အက်တမ်ဓါတ်ပေါင်းဖိုတစ်ခုကိုထွင်ပြသွားခဲပြီ ။ ဒီစာကိုဖတ်နေတဲ့လူငယ်လေးတွေရော ဘာတွေတီထွင်ဖို့စိတ်ဝင်စားကြလဲ ။သင့်အတွေးထဲမှာ ရှိနေတဲ့ အိုင်ဒီယာလေးတွေကို ရှဲခဲ့ပါဦး ။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top