iMyanmarHouse.com - Best Property Website for Myanmar
×

ကြၽန္​​ေတာ္​တို႔မွတ္​တမ္​း​ေတြအရ ကမၻာႀကီး​ေပၚက လူသား ​ေတြရဲ႕ ၆၀ ရာခိုင္​ႏႈန္​း​ေသာဟာ အထီးက်န္​ျဖစ္​​ေနၾကရပါတယ္​တဲ့။ အခု​ေခတ္​မွာ အြန္​လိုင္​းျမႇားနတ္​​ေမာင္​​ေနရာမ်ိဳး​ေတြ၊ လူသန္​းခ်ီအသံုးျပဳ​ေနတဲ့ Tinder လို ခ်စ္​သူရည္​းစား႐ွာ​ေဖြတဲ့ App ​ေတြ ​ေခတ္​မီ​ေပၚလြင္​စြာ ႐ွိ​ေနလ်က္​သားနဲ႔ ဒီလုိလူ​ေတြဘာလို႔ ခ်စ္​သူရည္​းစားမ႐ွိ ထာဝရအက္​ဖ္​​ေအ ျဖစ္​လာသလဲ ဆိုတာ ​ေမးခြန္​းထုတ္​ခ်င္​စရာ​ေကာင္​းပါတယ္​။ ​ေစ့​ေစ့စပ္​​ေလ့လာၾကည္​့မိတဲ့အခါ အထီးက်န္​ျခင္​းနဲ႔ တစ္​ဘဝလံုး ထာဝရအက္​ဖ္​​ေအ အျဖစ္​ ​ေနထိုင္​သြားရမယ္​့ လူအမ်ိဳးအစား ၆ မ်ိဳး အ​ေၾကာင္​းကို အခုလို ႏႈိက္​ႏိႈက္​ခြၽတ္​ခြၽတ္​ တင္​ဆက္​​ေပးဖို႔ျဖစ္​လာပါတယ္​။ ဒီလိုလူမ်ိဳးထဲ ကိုယ္​​ေရာပါ​ေနမလား၊ ကိုယ္​့ခ်စ္​သူပံုစံမ်ိဳးျဖစ္​​ေနလား၊ ဖတ္​႐ွဴၾကည္​့ၾကပါဦး။

​ေမ​ေမ့သား​ေလး

​ေမ​ေမ့သား​ေလးဆို​ေတာ့ သိတဲ့အတိုင္​းပဲ။ အ​ေမကို​ေက်ာ္​ၿပီး ကိုယ္​ပိုင္​ဆံုးျဖတ္​ခ်က္​ခ်ရဲ၊ လုပ္​ရဲကိုင္​ရဲတာ ဘာမွမ႐ွိဘူး။ ကုိယ္​့ထက္​ပိုဦးစား​ေပး၊ ​ေ႐ွ႕တန္​းတင္​တာက သူ႕အ​ေမျဖစ္​​ေနလိမ္​့မယ္​။ အခုခ်ိန္​ထိလဲ သူ႕အ​ေမက သူ႕ဘဝရဲ႕အရာရာမွာ ဝင္​ျခယ္​လွယ္​​ေနတုန္​း၊ ႏွမ္​းဝင္​ျဖဴး​ေနတုန္​း၊ ဘာမဆို သူ႕စကားနဲ႔အမိန္​႔​ေပး​ေနတုန္​း၊ သားအတြက္​ ထမင္​းခြံ႕တာကအစ လိုက္​စီစဥ္​​ေပး​ေနတုန္​း…. ဒီလိုလူမ်ိဳးဆိုရင္​​ေတာ့ သူငယ္​ခ်င္​းလို​ေပါင္​းရတာ ကိစၥမ႐ွိလွဘူး။ လက္​တြဲ​ေဖာ္​​ေရြးဖို႔ဆိုရင္​​ေတာ့ အမ်ားႀကီးစဥ္​းစားစရာ​ေကာင္​းတယ္​။ အဲ့​ေလာက္​မ႐ူးမိုက္​ၾကပါနဲ႔။

ပံု​ေျပာဆရာ လူရႊင္​​ေတာ္​

သူက​ေတာ့ ရယ္​စရာ ပံုတိုပတ္​စ​ေတြ ​ေျပာဖို႔ အျမဲအားသန္​​ေနမယ္​။ သူနဲ႔ဒိတ္​​ေနတုန္​း ​ေရပက္​မဝင္​​ေအာင္​ အလုိက္​မသိ၊ အကန္​းမသိ သူ႕ဟာသ​ေတြနဲ႔ တစ္​ခ်ိန္​လံုးကုန္​ဆံုးသြားရလိမ္​့မယ္​။ ရယ္​ရယ္​​ေမာ​ေမာ ​ေနရတာ ​ေကာင္​းတာ​ေပါ့။ ခက္​တာက ကိုယ္​ကလက္​တြဲ​ေဖာ္​႐ွာ​ေနတာမို႔ အျပန္​အလွန္​နား​ေထာင္​​ေပးတတ္​တဲ့သူက အ​ေရးႀကီးတယ္​။ တစ္​ဖက္​သတ္​​ေျပာမ​ေနတတ္​ဖို႔ အ​ေရးပါတယ္​။ ဆို​ေတာ့ ဒီလိုလူမ်ိဳး​ေတြပဲ မ်က္​ႏွာလႊဲခံခဲ့ရတာမ်ားတယ္​။ သူက စင္​​ေပၚတက္​ၿပီးပဲ ဟာသ​ေတြ​ေျပာ​ေနသင္​့တာ​ေလ။

အသံုးအျဖဳန္​းႀကီးသူ

အ​ေျမာ္​အျမင္​ ဥာဏ္​နည္​းပါးၿပီး ရရစားစား ဘဝနဲ႔ ပိုက္​ဆံကိုလြယ္​လြယ္​သံုးျဖဳန္​းခ်င္​တတ္​သူ​ေတြ​ေပါ့။ ဒီလိုအက်င္​့စ႐ိုက္​၊ စိတ္​အခံမ်ိဳးနဲ႔က ဘဝကို​ေရ႐ွည္​ဘယ္​လိုမွမျဖစ္​ႏို္​င္​ပါဘူး။ သိသာထင္​႐ွားပါတယ္​​ေလ။ ပိုက္​ဆံ႐ွိတဲ့​ေန႔ အ​ေကာင္​းစားဆိုတဲ့ ဆီဦး​ေထာပတ္​​ေတြမွစားၿပီး ​ေနာက္​ရက္​ ကိုယ္​့ဆီကပိုက္​ဆံျပန္​​ေခ်း​ေနရတဲ့ ခ်စ္​သူမ်ိဳးကို ဘယ္​သူကမွ ၾကာၾကာမတြဲပါဘူး။ ႐ွင္​းပါတယ္​။

အရာရာ ပံုႀကီးခ်ဲ့ထြင္​ၿပီး ​ေစာဒကတက္​သူ

သူတို႔က တစ္​ဖက္​ဖက္​က အားနည္​းခ်က္​​ေသး​ေသး​ေလးကအစ ​ေစာဒကတက္​ရတဲ့အ​ေျခအ​ေနမ်ိဳးကို ​ေပ်ာ္​ရႊင္​သာယာတတ္​သူ​ေတြျဖစ္​တယ္​။ ဒီလိုစိတ္​အခံက ဘာလဲဆို​ေတာ့ ကိုယ္​့ရဲ႕ကိုယ္​ရည္​ကိုယ္​​ေသြးကို တစ္​ဖက္​ကို အလြန္​အက်ဴး​ေစာဒကတက္​ပစ္​လိုက္​မွ သိပ္​ၿပီး​ေတာက္​​ေျပာင္​ထြက္​သြားမယ္​လို႔ ယံုၾကည္​​ေနတာပါ။ ဒါက ကိုယ္​့ခ်စ္​သူအတြက္​ ​ေလးစားမႈကင္​းမဲ့​ေစတဲ့ အခ်က္​ျဖစ္​လာတယ္​။ အရာရာ ပံုႀကီးခ်ဲ့ထြင္​ၿပီး ​ေစာဒကတက္​သူဆို ​ေနာင္​ခါလာ ​ေဝး​ေဝး​ေ႐ွာင္​ၿပီးသားပါပဲ။

တစ္​ခ်ိန္​လံုး ဖုန္​းပြတ္​​ေနတတ္​သူ ဖုန္​းခ်စ္​သူ

ခ်စ္​သူခ်င္​း ၾကည္​ႏူးစရာ​ေတြမ်ွ​ေဝ၊ တြတ္​တီးတြတ္​တာ​ေတြ တဖြဖြ​ေျပာရင္​း ခ်စ္​ၾကည္​ႏူးတစ္​တီတူး​ေနရမယ္​့အခ်ိန္​မွာ သူက ဖုန္​းကိုပယ္​ပယ္​နယ္​နယ္​ထိုင္​ပြတ္​​ေနရင္​း သတိမဲ့၊ အဆင္​ျခင္​မဲ့ၾကသူ​ေတြ​ေပါ့။ ဒီလိုလူ​ေတြက ဆို႐ွယ္​မီဒီယာအ​ေပၚမွာ ဘဝကိုတည္​​ေဆာက္​ခဲ့ၾကတဲ့ သူ​ေတြ​ ​ေရ႐ွည္​ျဖစ္​လာခဲ့ပံုရတယ္​။ ဖုန္​းကိုမွသံုးစြဲမ​ေနရရင္​ ကိုယ္​့ကိုယ္​ကို လံုျခံဳတယ္​လို႔ မခံစား​ေတာ့တဲ့ စိတ္​အ​ေျခအ​ေနမ်ိဳးအထိ ျဖစ္​​ေနတတ္​ၾကတယ္​။ အတူစား​ေနလား၊ အတူ႐ုပ္​႐ွင္​ၾကည္​့​ေနလား၊ သူ႕ဖုန္​းကလက္​ထဲမွာ တတြတ္​တြတ္​ အျမဲျမည္​​ေနမယ္​။ ဒါဆိုရင္​​ေသခ်ာပါၿပီ။ အက္​ဖ္​​ေအဘဝနဲ႔အ႐ိုးထုတ္​သြားရဖို႔ပါပဲ။

ကပ္​​ေစးနည္​းလြန္​းသူ

တစ္​ျပားကိုႏွစ္​ျပားခြာတတ္​သူ​ေတြ​ေပါ့။ စမတ္​ဖုန္​း​ေခတ္​မွာ စမတ္​ဖုန္​း​ေလးတစ္​လံုး​ေလာက္​မွ ဝယ္​မသံုးဘဲ ႏိုကီယာကီးပက္​ဖုန္​းက အလတ္​ႀကီး႐ွိ​ေသးလို႔ ဆက္​သံုး​ေနတယ္​ဆိုတဲ့ သူမ်ိဳး​ေတြပါပဲ။ အဝတ္​အစား ဆို လံုးဝမ​ေဟာင္​းမျမင္​းအခ်င္​း ၾကံဖန္​ဖာၿပီး​ေထးၿပီး ဝတ္​ၾကတယ္​။ မြဲ​ေနသလားဆို​ေတာ့ မဟုတ္​… ​ေငြကုန္​​ေပါက္​ကို အျဖစ္​မခံတာ။ ဆို​ေတာ့ ဒီလိုလူမ်ိဳးနဲ႔တြဲရင္​​ေတာ့ ဘာမွ​ေမ်ွာ္​လင္​့စရာမွမ႐ွိဘူး။ ပိုက္​ဆံမပါဘဲ ဘယ္လိုမွ​ခ်စ္​ၾကည္​ႏူးစရာ​ေတြလဲ ျဖစ္​လာမယ္​မဟုတ္​။ ဆို​ေတာ့ ဒီလုိလူ​ေတြလဲ ထာဝရအက္​ဖ္​​ေအ​ေတြျဖစ္​ဖို႔ အနီးစပ္​ဆံုးထဲပါပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော်တို့မှတ်တမ်းတွေအရ ကမ္ဘာကြီးပေါ်က လူသား တွေရဲ့ ၆၀ ရာခိုင်နှုန်းသောဟာ အထီးကျန်ဖြစ်နေကြရပါတယ်တဲ့။ အခုခေတ်မှာ အွန်လိုင်းမြှားနတ်မောင်နေရာမျိုးတွေ၊ လူသန်းချီအသုံးပြုနေတဲ့ Tinder လို ချစ်သူရည်းစားရှာဖွေတဲ့ App တွေ ခေတ်မီပေါ်လွင်စွာ ရှိနေလျက်သားနဲ့ ဒီလိုလူတွေဘာလို့ ချစ်သူရည်းစားမရှိ ထာဝရအက်ဖ်အေ ဖြစ်လာသလဲ ဆိုတာ မေးခွန်းထုတ်ချင်စရာကောင်းပါတယ်။ စေ့စေ့စပ်လေ့လာကြည့်မိတဲ့အခါ အထီးကျန်ခြင်းနဲ့ တစ်ဘဝလုံး ထာဝရအက်ဖ်အေ အဖြစ် နေထိုင်သွားရမယ့် လူအမျိုးအစား ၆ မျိုး အကြောင်းကို အခုလို နှိုက်နှိုက်ချွတ်ချွတ် တင်ဆက်ပေးဖို့ဖြစ်လာပါတယ်။ ဒီလိုလူမျိုးထဲ ကိုယ်ရောပါနေမလား၊ ကိုယ့်ချစ်သူပုံစံမျိုးဖြစ်နေလား၊ ဖတ်ရှူကြည့်ကြပါဦး။

မေမေ့သားလေး

မေမေ့သားလေးဆိုတော့ သိတဲ့အတိုင်းပဲ။ အမေကိုကျော်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရဲ၊ လုပ်ရဲကိုင်ရဲတာ ဘာမှမရှိဘူး။ ကိုယ့်ထက်ပိုဦးစားပေး၊ ရှေ့တန်းတင်တာက သူ့အမေဖြစ်နေလိမ့်မယ်။ အခုချိန်ထိလဲ သူ့အမေက သူ့ဘဝရဲ့အရာရာမှာ ဝင်ခြယ်လှယ်နေတုန်း၊ နှမ်းဝင်ဖြူးနေတုန်း၊ ဘာမဆို သူ့စကားနဲ့အမိန့်ပေးနေတုန်း၊ သားအတွက် ထမင်းခွံ့တာကအစ လိုက်စီစဉ်ပေးနေတုန်း…. ဒီလိုလူမျိုးဆိုရင်တော့ သူငယ်ချင်းလိုပေါင်းရတာ ကိစ္စမရှိလှဘူး။ လက်တွဲဖော်ရွေးဖို့ဆိုရင်တော့ အများကြီးစဉ်းစားစရာကောင်းတယ်။ အဲ့လောက်မရူးမိုက်ကြပါနဲ့။

ပုံပြောဆရာ လူရွှင်တော်

သူကတော့ ရယ်စရာ ပုံတိုပတ်စတွေ ပြောဖို့ အမြဲအားသန်နေမယ်။ သူနဲ့ဒိတ်နေတုန်း ရေပက်မဝင်အောင် အလိုက်မသိ၊ အကန်းမသိ သူ့ဟာသတွေနဲ့ တစ်ချိန်လုံးကုန်ဆုံးသွားရလိမ့်မယ်။ ရယ်ရယ်မောမော နေရတာ ကောင်းတာပေါ့။ ခက်တာက ကိုယ်ကလက်တွဲဖော်ရှာနေတာမို့ အပြန်အလှန်နားထောင်ပေးတတ်တဲ့သူက အရေးကြီးတယ်။ တစ်ဖက်သတ်ပြောမနေတတ်ဖို့ အရေးပါတယ်။ ဆိုတော့ ဒီလိုလူမျိုးတွေပဲ မျက်နှာလွှဲခံခဲ့ရတာများတယ်။ သူက စင်ပေါ်တက်ပြီးပဲ ဟာသတွေပြောနေသင့်တာလေ။

အသုံးအဖြုန်းကြီးသူ

အမြော်အမြင် ဉာဏ်နည်းပါးပြီး ရရစားစား ဘဝနဲ့ ပိုက်ဆံကိုလွယ်လွယ်သုံးဖြုန်းချင်တတ်သူတွေပေါ့။ ဒီလိုအကျင့်စရိုက်၊ စိတ်အခံမျိုးနဲ့က ဘဝကိုရေရှည်ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သိသာထင်ရှားပါတယ်လေ။ ပိုက်ဆံရှိတဲ့နေ့ အကောင်းစားဆိုတဲ့ ဆီဦးထောပတ်တွေမှစားပြီး နောက်ရက် ကိုယ့်ဆီကပိုက်ဆံပြန်ချေးနေရတဲ့ ချစ်သူမျိုးကို ဘယ်သူကမှ ကြာကြာမတွဲပါဘူး။ ရှင်းပါတယ်။

အရာရာ ပုံကြီးချဲ့ထွင်ပြီး စောဒကတက်သူ

သူတို့က တစ်ဖက်ဖက်က အားနည်းချက်သေးသေးလေးကအစ စောဒကတက်ရတဲ့အခြေအနေမျိုးကို ပျော်ရွှင်သာယာတတ်သူတွေဖြစ်တယ်။ ဒီလိုစိတ်အခံက ဘာလဲဆိုတော့ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တစ်ဖက်ကို အလွန်အကျူးစောဒကတက်ပစ်လိုက်မှ သိပ်ပြီးတောက်ပြောင်ထွက်သွားမယ်လို့ ယုံကြည်နေတာပါ။ ဒါက ကိုယ့်ချစ်သူအတွက် လေးစားမှုကင်းမဲ့စေတဲ့ အချက်ဖြစ်လာတယ်။ အရာရာ ပုံကြီးချဲ့ထွင်ပြီး စောဒကတက်သူဆို နောင်ခါလာ ဝေးဝေးရှောင်ပြီးသားပါပဲ။

တစ်ချိန်လုံး ဖုန်းပွတ်နေတတ်သူ ဖုန်းချစ်သူ

ချစ်သူချင်း ကြည်နူးစရာတွေမျှဝေ၊ တွတ်တီးတွတ်တာတွေ တဖွဖွပြောရင်း ချစ်ကြည်နူးတစ်တီတူးနေရမယ့်အချိန်မှာ သူက ဖုန်းကိုပယ်ပယ်နယ်နယ်ထိုင်ပွတ်နေရင်း သတိမဲ့၊ အဆင်ခြင်မဲ့ကြသူတွေပေါ့။ ဒီလိုလူတွေက ဆိုရှယ်မီဒီယာအပေါ်မှာ ဘဝကိုတည်ဆောက်ခဲ့ကြတဲ့ သူတွေ ရေရှည်ဖြစ်လာခဲ့ပုံရတယ်။ ဖုန်းကိုမှသုံးစွဲမနေရရင် ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားတော့တဲ့ စိတ်အခြေအနေမျိုးအထိ ဖြစ်နေတတ်ကြတယ်။ အတူစားနေလား၊ အတူရုပ်ရှင်ကြည့်နေလား၊ သူ့ဖုန်းကလက်ထဲမှာ တတွတ်တွတ် အမြဲမြည်နေမယ်။ ဒါဆိုရင်သေချာပါပြီ။ အက်ဖ်အေဘဝနဲ့အရိုးထုတ်သွားရဖို့ပါပဲ။

ကပ်စေးနည်းလွန်းသူ

တစ်ပြားကိုနှစ်ပြားခွာတတ်သူတွေပေါ့။ စမတ်ဖုန်းခေတ်မှာ စမတ်ဖုန်းလေးတစ်လုံးလောက်မှ ဝယ်မသုံးဘဲ နိုကီယာကီးပက်ဖုန်းက အလတ်ကြီးရှိသေးလို့ ဆက်သုံးနေတယ်ဆိုတဲ့ သူမျိုးတွေပါပဲ။ အဝတ်အစား ဆို လုံးဝမဟောင်းမမြင်းအချင်း ကြံဖန်ဖာပြီးထေးပြီး ဝတ်ကြတယ်။ မွဲနေသလားဆိုတော့ မဟုတ်… ငွေကုန်ပေါက်ကို အဖြစ်မခံတာ။ ဆိုတော့ ဒီလိုလူမျိုးနဲ့တွဲရင်တော့ ဘာမှမျှော်လင့်စရာမှမရှိဘူး။ ပိုက်ဆံမပါဘဲ ဘယ်လိုမှချစ်ကြည်နူးစရာတွေလဲ ဖြစ်လာမယ်မဟုတ်။ ဆိုတော့ ဒီလိုလူတွေလဲ ထာဝရအက်ဖ်အေတွေဖြစ်ဖို့ အနီးစပ်ဆုံးထဲပါပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top