စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


Facebook cele ကေနမွ တစ္ဆင့္အခုအခ်ိန္မွာ အႏုပညာလမ္းေၾကာင္းေပၚကုိ ေလွွ်ာက္လွမ္းေနၿပီး ပရိသတ္အားေပးလက္ခံမႈကုိလည္းရ႐ွိတယ္ ေဝဖန္မႈေတြနဲ႔လည္း ရင္ဆုိင္ေနရတဲ့ ျဖဴျဖဴေထြးကေတာ့ သူ႔အေနနဲ႔ အျပင္မွာ Date ခ်င္တဲ့ မင္းသားအေၾကာင္းကုိ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ျဖဴျဖဴေထြးက “ပုိရင္ခုန္လဲဆုိေတာ့ အကုန္လုံးနဲ႔ တြဲခ်င္ပါတယ္။ ၾကာရင္ေတာ့ လုပ္ေတာ့မွာပဲ။ ဘယ္လုိေျပာရမလဲ အႏုပညာ႐ွင္ အကုန္လုံးနဲ႔ အကုန္လုံးကုိ ၾကဳိက္ပါတယ္။ တြဲရမတြဲရတာက တစ္က႑ေလေနာ္။ ေမးေတာ့လည္း ေျဖရတာေပါ့ တြဲခ်င္ပါတယ္ အကုန္လုံးနဲ႔ အမေလး ျပႆနာေတာ့ တက္ၿပီ ထင္တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အႏုပညာ႐ွင္ေတြထဲမွာ Crush ရမယ့္သူ႐ွိလားလုိ႔ ေမးျမန္းရာ “႐ွိပါတယ္။ လူပ်ိဳႀကီးေတြ မ်ားတယ္။ လူပ်ိဳႀကီးေတြကုိ Crush တယ္ေပါ့။”လုိ႔ ေျပာခဲ့ၿပီး မင္းသားေတြထဲမွာ ဘယ္သူနဲ႔ Date လုပ္ခ်င္လဲလုိ႔ ေမးျမန္းရာ “ဟာ ဒဲ့ႀကီးေမးတာဟ အဲ့တာဆုိရင္ေတာ့ ကြၽန္ေတာ္ ႐ွင္း႐ွင္းေျပာရမလား အားနာစရာႀကီးဗ်ာ ေျပာခ်လုိက္ရမလား။ အဲ့လုိမ်ိဳးႀကီးက်ေတာ့ မေကာင္းပါဘူး။ ဦးေက်ာ္ဟိန္း။”လုိ့စရင္းေနာက္ရင္း ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ ျဖဴျဖဴေထြးက “အဓိက ၾကဳိက္တာေပါ့ ၾကဳိက္တယ္ဆုိတာ အဲ့လုိၾကဳိက္တာမဟုတ္ဘူးေနာ္ အားေပး တယ္ခ်စ္တယ္ ပရိသတ္တစ္ေယာက္အေနနဲ႔ ၾကဳိက္တာ။ ဦးေက်ာ္ဟိန္းလည္းၾကဳိက္တယ္ ဦးေက်ာ္ရဲေအာင္လည္း ၾကဳိက္တယ္။ အရင္တုန္းကလူေတြလည္း ၾကဳိက္ပါတယ္ အခုလူေတြလည္း ၾကဳိက္ပါတယ္။”လုိ႔ ေျပာခဲ့ပါတယ္။

ဦးေက်ာ္ဟိန္းရဲ႕ အၾကဳိက္ဆုံး ဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး “ေဟာ့ဒီမွာ အဝတ္ထုပ္ဆုိၿပီးေတာ့ေလ မေက်နပ္ရင္ ေဟာ့ဒီမွာ အဝတ္ထုပ္ဆုိတာေလ။ အမ်ားႀကီးပဲေလ အဲ့လုိမ်ိဳးၾကေတာ့ ေမ့ေနတယ္။ အိမ္ေရာက္ရင္ေတာ့ ရပါတယ္။ ငယ္ငယ္ကတည္းက ဦးေက်ာ္ဟိန္းကုိ ၾကဳိက္တယ္ သူ႔ဇာတ္ကားေတြဆုိရင္ ၂ကုိယ္ခြဲေတြလည္း မ်ားတယ္ေလ။ အကုန္ၾကဳိက္တယ္။ ဒါေပမဲ့ဇာတ္ကား ေခါင္းစဥ္ေတြ မမွတ္မိေတာ့လုိ႔ပါ။ ဦးေက်ာ္ဟိန္းဇာတ္ကားေတြဆုိရင္ ရြာမွာဆုိ သူမ်ား႐ုံမွာ မလြတ္တန္းသြားသြားၾကည့္ေနတာ။ ငယ္ငယ္ေလးကတည္းက ဦးေက်ာ္ဟိန္းဆုိတာ စသိကတည္းက အဲ့လုိမ်ိဳး ၾကည့္တယ္ေပါ့ ဦးေက်ာ္ဟိန္းကားဆုိ သြားသြားၾကည့္တယ္။ ဥိးေက်ာ္ဟိန္းေနာက္မွာ ေဒြးတုိ႔ဘာတုိ႔ ကုိႀကီးေဒြးတုိ႔ ေနာက္ပုိင္းအကုန္ၾကဳိက္ပါတယ္။ အကုန္ၾကဳိက္ပါတယ္ ငယ္ငယ္ေလးကတည္းက ေပါင္းစုံ ၾကည့္လာတဲ့ လူဆုိေတာ့ အကုန္ၾကဳိက္တယ္ ပုိတာလည္း မဟုတ္ဘူးေပါ့ေနာ္။ ကုိယ္ၾကဳိက္ခဲ့တဲ့ အႏုပညာ႐ွင္ေတြကေတာ့ အကုန္လုံးပါပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

Facebook cele ကနေမှ တစ်ဆင့်အခုအချိန်မှာ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ပရိသတ်အားပေးလက်ခံမှုကိုလည်းရရှိတယ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတဲ့ ဖြူဖြူထွေးကတော့ သူ့အနေနဲ့ အပြင်မှာ Date ချင်တဲ့ မင်းသားအကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဖြူဖြူထွေးက “ပိုရင်ခုန်လဲဆိုတော့ အကုန်လုံးနဲ့ တွဲချင်ပါတယ်။ ကြာရင်တော့ လုပ်တော့မှာပဲ။ ဘယ်လိုပြောရမလဲ အနုပညာရှင် အကုန်လုံးနဲ့ အကုန်လုံးကို ကြိုက်ပါတယ်။ တွဲရမတွဲရတာက တစ်ကဏ္ဍလေနော်။ မေးတော့လည်း ဖြေရတာပေါ့ တွဲချင်ပါတယ် အကုန်လုံးနဲ့ အမလေး ပြဿနာတော့ တက်ပြီ ထင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

အနုပညာရှင်တွေထဲမှာ Crush ရမယ့်သူရှိလားလို့ မေးမြန်းရာ “ရှိပါတယ်။ လူပျိုကြီးတွေ များတယ်။ လူပျိုကြီးတွေကို Crush တယ်ပေါ့။”လို့ ပြောခဲ့ပြီး မင်းသားတွေထဲမှာ ဘယ်သူနဲ့ Date လုပ်ချင်လဲလို့ မေးမြန်းရာ “ဟာ ဒဲ့ကြီးမေးတာဟ အဲ့တာဆိုရင်တော့ ကျွန်တော် ရှင်းရှင်းပြောရမလား အားနာစရာကြီးဗျာ ပြောချလိုက်ရမလား။ အဲ့လိုမျိုးကြီးကျတော့ မကောင်းပါဘူး။ ဦးကျော်ဟိန်း။”လို့စရင်းနောက်ရင်း ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဖြူဖြူထွေးက “အဓိက ကြိုက်တာပေါ့ ကြိုက်တယ်ဆိုတာ အဲ့လိုကြိုက်တာမဟုတ်ဘူးနော် အားပေး တယ်ချစ်တယ် ပရိသတ်တစ်ယောက်အနေနဲ့ ကြိုက်တာ။ ဦးကျော်ဟိန်းလည်းကြိုက်တယ် ဦးကျော်ရဲအောင်လည်း ကြိုက်တယ်။ အရင်တုန်းကလူတွေလည်း ကြိုက်ပါတယ် အခုလူတွေလည်း ကြိုက်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဦးကျော်ဟိန်းရဲ့ အကြိုက်ဆုံး ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး “ဟော့ဒီမှာ အဝတ်ထုပ်ဆိုပြီးတော့လေ မကျေနပ်ရင် ဟော့ဒီမှာ အဝတ်ထုပ်ဆိုတာလေ။ အများကြီးပဲလေ အဲ့လိုမျိုးကြတော့ မေ့နေတယ်။ အိမ်ရောက်ရင်တော့ ရပါတယ်။ ငယ်ငယ်ကတည်းက ဦးကျော်ဟိန်းကို ကြိုက်တယ် သူ့ဇာတ်ကားတွေဆိုရင် ၂ကိုယ်ခွဲတွေလည်း များတယ်လေ။ အကုန်ကြိုက်တယ်။ ဒါပေမဲ့ဇာတ်ကား ခေါင်းစဉ်တွေ မမှတ်မိတော့လို့ပါ။ ဦးကျော်ဟိန်းဇာတ်ကားတွေဆိုရင် ရွာမှာဆို သူများရုံမှာ မလွတ်တန်းသွားသွားကြည့်နေတာ။ ငယ်ငယ်လေးကတည်းက ဦးကျော်ဟိန်းဆိုတာ စသိကတည်းက အဲ့လိုမျိုး ကြည့်တယ်ပေါ့ ဦးကျော်ဟိန်းကားဆို သွားသွားကြည့်တယ်။ ဥိးကျော်ဟိန်းနောက်မှာ ဒွေးတို့ဘာတို့ ကိုကြီးဒွေးတို့ နောက်ပိုင်းအကုန်ကြိုက်ပါတယ်။ အကုန်ကြိုက်ပါတယ် ငယ်ငယ်လေးကတည်းက ပေါင်းစုံ ကြည့်လာတဲ့ လူဆိုတော့ အကုန်ကြိုက်တယ် ပိုတာလည်း မဟုတ်ဘူးပေါ့နော်။ ကိုယ်ကြိုက်ခဲ့တဲ့ အနုပညာရှင်တွေကတော့ အကုန်လုံးပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top