ခ်စ္သူမ်ားေန႔ (Valentine’s Day) ဟာဆိုရင္ စုံတြဲေတြအတြက္သာမက ခ်စ္သူရည္းစားမရွိသူ Single ေတြပါ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းနိုင္တဲ့ ေန႔တေန႔ ျဖစ္ပါတယ္။ ေခ်ာကလက္ေတြ၊ ပန္းစည္းေတြၾကားက စုံတြဲေတြရဲ့ ၾကည္ႏူးသာယာမွုေတြကိုၾကည့္ၿပီး စိတ္အားငယ္ေနမယ့္အစား အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြအတိုင္း ျပဳလုပ္ၿပီး ခ်စ္သူမ်ားေန႔ကို တကိုယ္တည္း ေပ်ာ္ေပ်ာ္ပါးပါး ျဖတ္သန္းနိုင္မွာပဲ ျဖစ္ပါတယ္။

(၁) ေခ်ာကလက္ ဝယ္စားပါ

ခ်စ္သူမ်ားေန႔မွာ ေခ်ာကလက္ကို ကိုယ္ကိုယ္တိုင္ ဝယ္မစားရဘူးလို႔ ဘယ္သူမွ ေျပာမထားပါဘူး။ မိမိႀကိဳက္ႏွစ္သက္တဲ့ ေခ်ာကလက္ အမ်ိဳးအစားကို ကိုယ္တိုင္ေရြးခ်ယ္ ဝယ္ယူစားသုံးနိုင္ပါတယ္။ ေခ်ာကလက္ စားသုံးျခင္းဟာ ဦးေႏွာက္အတြင္းက Endorphin ေဟာ္မုန္းတမ်ိဳး ထြက္ရွိလာၿပီး ဒီေဟာ္မုန္းဓာတ္ဟာဆိုရင္ သင့္ကို စိတ္ၾကည္ႏူး ေပ်ာ္ရႊင္ေစမွာပဲ ျဖစ္ပါတယ္။

(၂) ခ်စ္ခင္ရတဲ့ မိသားစုဝင္ေတြနဲ႔ အတူတူ ျဖတ္သန္းပါ

ခ်စ္သူမ်ားေန႔မွာ မိမိတေယာက္တည္း အထီးက်န္ဆန္ဆန္ ျဖတ္သန္းမယ့္အစား မိသားစုဝင္ ဒါမွမဟုတ္ အခင္မင္ရဆုံး သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ေပးၿပီး ေပ်ာ္ေပ်ာ္ရြင္ရႊင္ ျဖတ္သန္းျခင္းဟာလည္း စိတ္ခံစားမွုေကာင္းေတြကို ပိုင္ဆိုင္နိုင္ေစမွာ ျဖစ္ပါတယ္။

(၃) ကိုယ္ႀကိဳက္ႏွစ္သက္ရာေတြ ျပဳလုပ္ပါ

သင္ဟာ ေဈးဝယ္ထြက္ရတာ ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ေတာ့ ခ်စ္သူမ်ားေန႔မွာ မိမိအႀကိဳက္ဆုံးပစၥည္းေတြကို ေဈးဝယ္ထြက္တာမ်ိဳးပဲျဖစ္ျဖစ္ ၊ အႀကိဳက္ဆုံးအစားအစာေတြကို သြားေရာက္ စားေသာက္တာမ်ိဳးပဲျဖစ္ျဖစ္ ျပဳလုပ္နိုင္မွာ ျဖစ္ပါတယ္။

(၄) Spa သြားပါ

ဒီလိုေန႔မ်ိဳးမွာ မိမိအတြက္ အက်ိဳးရွိတာေတြကို ျပဳလုပ္ရင္းလည္း ျဖတ္သန္းနိုင္ပါေသးတယ္။ မ်က္ႏွာေပါင္းတင္တာ၊ ေျခသည္းလက္သည္း အလွျပင္တာမ်ိဳးေတြအျပင္ ေခၽြးထုတ္ခန္းသြားတာ၊ အလွျပင္ဆိုင္သြားၿပီး မိမိႀကိဳက္ႏွစ္သက္တဲ့ ဆံပင္ပုံစံမ်ိဳးေျပာင္းလဲတာေတြကို ျပဳလုပ္ရင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေပါ့ေပါ့ပါးပါး ျဖတ္သန္းနိုင္မွာ ျဖစ္ပါတယ္။

(၅) ႐ုပ္ရွင္ၾကည့္ပါ

မၾကည့္ရေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းေတြကို အိမ္မွာေအးေအးေဆးေဆး ၾကည့္ရွုလိုက္ျခင္းက သင့္ကို စိတ္အပန္းေျပေစမွာ ျဖစ္သလို အျပင္မွာ ရွုပ္ယွက္ခတ္ေနတဲ့ စုံတြဲေတြၾကားမွာ အာ႐ုံေနာက္စရာမလိုေတာ့တာေၾကာင့္ စိတ္ေက်နပ္မွုကိုရရွိေစမွာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: xyznews

#Unicode Version# ျဖင့္ဖတ္ပါ ။








ချစ်သူများနေ့ (Valentine’s Day) ဟာဆိုရင် စုံတွဲတွေအတွက်သာမက ချစ်သူရည်းစားမရှိသူ Single တွေပါ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ချောကလက်တွေ၊ ပန်းစည်းတွေကြားက စုံတွဲတွေရဲ့ ကြည်နူးသာယာမှုတွေကိုကြည့်ပြီး စိတ်အားငယ်နေမယ့်အစား အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြုလုပ်ပြီး ချစ်သူများနေ့ကို တကိုယ်တည်း ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

(၁) ချောကလက် ဝယ်စားပါ

ချစ်သူများနေ့မှာ ချောကလက်ကို ကိုယ်ကိုယ်တိုင် ဝယ်မစားရဘူးလို့ ဘယ်သူမှ ပြောမထားပါဘူး။ မိမိကြိုက်နှစ်သက်တဲ့ ချောကလက် အမျိုးအစားကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူစားသုံးနိုင်ပါတယ်။ ချောကလက် စားသုံးခြင်းဟာ ဦးနှောက်အတွင်းက Endorphin ဟော်မုန်းတမျိုး ထွက်ရှိလာပြီး ဒီဟော်မုန်းဓာတ်ဟာဆိုရင် သင့်ကို စိတ်ကြည်နူး ပျော်ရွှင်စေမှာပဲ ဖြစ်ပါတယ်။

(၂) ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အတူတူ ဖြတ်သန်းပါ

ချစ်သူများနေ့မှာ မိမိတယောက်တည်း အထီးကျန်ဆန်ဆန် ဖြတ်သန်းမယ့်အစား မိသားစုဝင် ဒါမှမဟုတ် အခင်မင်ရဆုံး သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး ပျော်ပျော်ရွင်ရွှင် ဖြတ်သန်းခြင်းဟာလည်း စိတ်ခံစားမှုကောင်းတွေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

(၃) ကိုယ်ကြိုက်နှစ်သက်ရာတွေ ပြုလုပ်ပါ

သင်ဟာ ဈေးဝယ်ထွက်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ချစ်သူများနေ့မှာ မိမိအကြိုက်ဆုံးပစ္စည်းတွေကို ဈေးဝယ်ထွက်တာမျိုးပဲဖြစ်ဖြစ် ၊ အကြိုက်ဆုံးအစားအစာတွေကို သွားရောက် စားသောက်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

(၄) Spa သွားပါ

ဒီလိုနေ့မျိုးမှာ မိမိအတွက် အကျိုးရှိတာတွေကို ပြုလုပ်ရင်းလည်း ဖြတ်သန်းနိုင်ပါသေးတယ်။ မျက်နှာပေါင်းတင်တာ၊ ခြေသည်းလက်သည်း အလှပြင်တာမျိုးတွေအပြင် ချွေးထုတ်ခန်းသွားတာ၊ အလှပြင်ဆိုင်သွားပြီး မိမိကြိုက်နှစ်သက်တဲ့ ဆံပင်ပုံစံမျိုးပြောင်းလဲတာတွေကို ပြုလုပ်ရင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

(၅) ရုပ်ရှင်ကြည့်ပါ

မကြည့်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အိမ်မှာအေးအေးဆေးဆေး ကြည့်ရှုလိုက်ခြင်းက သင့်ကို စိတ်အပန်းပြေစေမှာ ဖြစ်သလို အပြင်မှာ ရှုပ်ယှက်ခတ်နေတဲ့ စုံတွဲတွေကြားမှာ အာရုံနောက်စရာမလိုတော့တာကြောင့် စိတ်ကျေနပ်မှုကိုရရှိစေမှာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: xyznews








 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top